Skip to main content
Mar 16, 2024
ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ်အားလုံးတို့ကို ခြိမ်းခြောက်နေသော အန္တရာယ်အမျိုးမျိုးတို့တွင် မူးယစ်ဆေးဝါးအန္တရာယ်သည် ကြီးမားသော ပြဿနာတစ်ရပ်ဖြစ်သည်။ မူးယစ်ဆေးဝါးအမျိုးမျိုးသည် ဘိန်းကိုအခြေခံ၍ ထုတ်လုပ်ထားခြင်းဖြစ်ပြီး ဘိန်းစိုက်ပျိုးမှုမှ မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင် ရောင်းဝယ်ဖောက်ကားမှုများမှတစ်ဆင့် ငွေကြေးခဝါချမှု၊ လက်နက်မှောင်ခိုမှု၊ ဒုစရိုက်မှု အမျိုးမျိုးမှသည် အကြမ်းဖက်တိုက်ခိုက်မှု စသည့်ဆိုးကျိုးများအထိ ဖြစ်နေသည်။
Mar 16, 2024
ဓာတ်ကြီးလေးပါးဖြင့် ဖွဲ့စည်းထားသည့် လူတစ်ဦး၏ခန္ဓာကိုယ်တွင် ရေဓာတ်က ပါဝင်ဖွဲ့စည်းမှုအများဆုံးဖြစ်သည်။ အစာမစားရလျှင် ရက်ချီ၍နေနိုင်သော်လည်း ရေမသောက်ရလျှင် တစ်မနက်ပင် နေဖို့မလွယ်။ သို့ဖြစ်၍ ထမင်းအသက်ခုနစ်ရက်၊ ရေ အသက်တစ်မနက်ဟုဆိုကြခြင်းဖြစ်သည်။ ဤသို့လျှင် အသက်တမျှအရေးပါလှသည့်ရေကို လူများစွာတို့က အလေးဂရုမပြု၊ တန်ဖိုးမထား။ ရေဟူသည် လွယ်လွယ်ကူကူရရှိနိုင်၍ ပေါပေါ သုံးနိုင်သည်ဟု အယူမှားကာ အသုံးပြုရုံသာမကဖြုန်းတီးသည့် အမှုကိုပါ ပြုလျက်ရှိကြသည်။
Mar 15, 2024
​​​​​​​၂၀၂၄ ခုနှစ် မတ်လ ၁၅ ရက်နေ့သည် ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့ ဖြစ်သည်။ စားသုံးသူဆိုသည်မှာ လူမှုစီးပွားကိစ္စရပ်များကို နေ့စဉ်ဆောင်ရွက်နေကြသည့် ကမ္ဘာပေါ်ရှိ ပြည်သူအားလုံးကို ဆိုလိုသည်။ မြန်မာနိုင်ငံတွင် စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းခဲ့ပြီးဖြစ်ရာ စားသုံးသူများနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ အလေးထား ပါဝင်ဆောင်ရွက်မှုမှာ ကမ္ဘာ့နိုင်ငံများနှင့်အတူ တစ်သားတည်းရှိနေပေသည်။
Mar 15, 2024
​​​​​​​၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ နိုင်ငံတော်၏အခြေခံမူများတွင် နိုင်ငံတော်သည် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ထွန်းကားရေး၊ နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့်ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေးနှင့် နိုင်ငံတော်၏ အမျိုးသားနိုင်ငံ ရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင် နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည်သည်ဟူ၍ ပါရှိသည်။
Mar 13, 2024
နွေဦးရာသီ ယခုအချိန်ကာလတွင် ပုံမှန်နွေကာလထက် အပူချိန်ပိုမိုလွန်ကဲမည့် လက္ခဏာများကို ကြုံတွေ့ကြရမည်ဖြစ်သည်။ အကြောင်းမှာ အင်အားအသင့်အတင့်ရှိသော အယ်လ်နီညိုဖြစ်စဉ်ကြောင့် ပူပြင်းခြောက်သွေ့မှု ပိုလာခြင်းဖြစ်သည်။ လက်ရှိတွင် နေ့ပူပြီး နံနက်/ည အအေးဓာတ်ရှိသဖြင့် အပူအအေးကွာခြားမှုအပြောင်းအလဲကြောင့် လူတို့၏ကျန်းမာရေးကို အထူးသတိပြုရမည်ဖြစ်သည်။
Mar 13, 2024
ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံကြီး နှစ်နိုင်ငံကြားတွင် တည်ရှိနေသည့် မိမိတို့နိုင်ငံမှာ ပထဝီနိုင်ငံရေးရှုထောင့်မှ ကြည့်မြင်ပါက လွန်စွာပင် ထူးခြားလှပြီး အခွင့်အလမ်းများနှင့်အတူ စိန်ခေါ်မှုများပါ‌ ရောပြွမ်းတည်ရှိနေသည်ကို တွေ့မြင်နိုင်သည်။ နိုင်ငတကာရေးရာတွင် နိုင်ငံတိုင်းက အမျိုးသားအကျိုးစီးပွားကိုသာ  ရှေးရှုကြရစမြဲဖြစ်ရာ ဧရာမနိုင်ငံကြီးနှစ်ခုကြားတွင် ရှိနေသည့် မိမိတို့နိုင်ငံအနေဖြင့် ကျစ်လျစ်သိပ်သည်းခိုင်မာသော အမျိုးသားစည်းလုံးညီညွတ်မှုကို ထာဝရအကျိုးစီးပွားအဖြစ် မဖြစ်မနေ တည်ဆောက်ထားရန် လိုအပ်သည်ကို နိုင်ငံသားတိုင်းက သိနားလည်ထားကြရန်လိုသည်။
Mar 12, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများအား သက်ဆိုင်ရာတာဝန်ကျအဖွဲ့အစည်းများက ဥပဒေနှင့်အညီ နေ့စဉ်ထိရောက်စွာတိုက်ဖျက်လျက်ရှိရာ မတ်လ ၇ ရက်နေ့ တစ်ရက်တည်းတွင် တရားမဝင်စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များကိုပါ ဖမ်းဆီးရမိခဲ့သည့် သတင်းများကိုတွေ့ရသည်။
Mar 12, 2024
ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် နိုင်ငံတော်က တွန်းအားပေးဆောင်ရွက်လျက်ရှိရာ ကုန်ထုတ်တိုးမှ နိုင်ငံ့ဝင်ငွေတိုးမည်၊ နိုင်ငံ့ဝင်ငွေတိုးမှ နိုင်ငံအတွက်လိုအပ်သည့် တည်ဆောက်ရေး၊ ဖွံ့ဖြိုးရေး၊ တည်ငြိမ်အေးချမ်းရေးစသည့်လုပ်ငန်းများကို ပြည့်ပြည့်ဝဝဆောင်ရွက်နိုင်မည်ဟူသည့် အကြောင်းအကျိုးများကြောင့်ဖြစ်သည်။ ကုန်ထုတ်လုပ်မှုကို မြှင့်တင်ရာတွင် ပြည်တွင်းစားသုံးမှုဖူလုံရေး၊ ပြည်ပပို့ကုန်တိုးမြှင့်ရေးနှင့် သွင်းကုန်အစားထိုးရေးဟူ၍ အပိုင်းသုံးပိုင်း ခွဲခြားဆောင်ရွက်သွားကြရမည်ဖြစ်သည်။
Mar 11, 2024
၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲများကို နိုင်ငံတစ်ဝန်းတွင် ယနေ့စတင်ဖြေဆိုနေကြပြီဖြစ်သည်။ မတ်လ ၁၁ ရက်နေ့မှ ၁၉ ရက်နေ့အထိ တစ်ရက်လျှင် တစ်ဘာသာဖြင့် ဖြေဆိုနေကြသည့်စာမေးပွဲသည် ကျောင်းသားကျောင်းသူလူငယ်လူရွယ်များ၏အနာဂတ်အတွက် ဘဝတစ်ဆစ်ချိုး ပြောင်းလဲစေမည့်အရည်အချင်းစစ်ဆေးပွဲ ဖြစ်သည်။ ပညာအရည်အချင်းပြည့်မီသူများ ဘာသာရပ်ဆိုင်ရာအလိုက် တက္ကသိုလ်အသီးသီးသို့ဝင်ခွင့်ရကြပြီး အဆင့်မြင့်ပညာများကို ဆက်လက်ဆည်းပူးနိုင်မည်ဖြစ်သည်။
Mar 11, 2024
နိုင်ငံတော်ကိုတည်ဆောက်ရာတွင် နိုင်ငံ့ဝန်ထမ်းများ၏ ကျွမ်းကျင်မှု၊ အရည်အချင်းပြည့်ဝမှု၊ တာဝန်ကျေပွန်မှုတို့ လိုအပ်သကဲ့သို့ ကျင့်ဝတ်များကို လေးစားလိုက်နာစောင့်ထိန်းကြရန်လည်းလိုသည်။ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတွင်ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ဖြစ်ပေါ်ရေးအတွက် အဓိကတာဝန်ထမ်းဆောင်နေကြသူများဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရကချမှတ်သည့် မူဝါဒ၊ လုပ်ငန်းစဉ်များနှင့်အညီ လုပ်ငန်းများကိုအကောင်အထည်ဖော် ဆောင်ရွက်ကြရသူများဖြစ်သည်။