Nov 04, 2024
“မြန်မာနိုင်ငံတွင် ယခင်ကာလများက ဆင်းရဲနွမ်းပါးမှုနှင့် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးမှုများကြောင့် ပညာအရည်အချင်းနိမ့်ပါးသူများသာ လူကုန်ကူးခံရသည့် ပြဿနာများ ပေါ်ပေါက်ခဲ့သော်လည်း ယခုကာလတွင် ပညာတတ်များလည်း လူကုန်ကူးခံရ သည့် ဖြစ်စဉ်များတွင် ပါဝင်နေကြောင်း တွေ့ရှိနေရပါသည်။ လူကုန်ကူးသူများသည် တိုးတက်ပြောင်းလဲလာသည့် နည်းပညာများကို အခြေခံကာ Facebook, Wechat, Telegram, TikTok များအသုံးပြုပြီး မက်လုံးပေးစည်းရုံး၍ အွန်လိုင်းလိမ်လည်မှုခင်းများ ကျူးလွန်လာကြရာမှ ၎င်းနှင့်ဆက်နွှယ်ပြီး လူကုန်ကူးမှုများ၊ တရားမဝင်လူစုဆောင်းခြင်းများ၊ လိမ်လည်မှုများ ပြုလုပ်ကာ လူသားအချင်းချင်းအပေါ် ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်း၊ အဓမ္မခိုင်းစေခြင်း၊ အဓမ္မလက်ထပ်ခိုင်းစေခြင်းနှင့် အဓမ္မအငှားကိုယ်ဝန်ဆောင်စေခြင်း စသည်တို့ကို ကျူးလွန်လျက်ရှိကြောင်း တွေ့ရှိလာရပါသည်” ဟူ၍ ယခုနှစ် (၁၂) ကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့သို့ပေးပို့သည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၏ သဝဏ်လွှာတွင် ထည့်သွင်းဖော်ပြခဲ့သည်။
Nov 03, 2024
အမေရိကန်နိုင်ငံ မစ်ဇော်ရီ (Missouri) တက္ကသိုလ် သတင်းစာသင်တန်းကျောင်းကို စတင်တည်ထောင်ခဲ့သူ မစ္စတာဝေါလတာဝီလျံက သတင်းစာဆရာလက်သုံးဝါဒများကို ပြောကြားခဲ့သည့်အနက် “လူတိုင်းကိုလည်း အခွင့်အလမ်းပေးစေ၊ တရားဥပဒေအရသော်လည်းကောင်း၊ တော်သင့်သော လုပ်ခအရသော်လည်းကောင်း၊ လူလျှင် လူချင်း ညီရင်းအစ်ကိုကဲ့သို့ ဆက်ဆံပေါင်းသင်းသည့်အချက်ကို အသိအမှတ်ပြု၍သော်လည်းကောင်း ညီမျှသော အခွင့်အလမ်းပေးနိုင်စေ၊ ကမ္ဘာသူ ကမ္ဘာသားချင်း ရင်းနှီးမှုကို မြဲမြံစေ၍ နိုင်ငံအချင်းချင်း ချစ်ကြည်မှုကို စေတနာရင်းနှင့် ဆောင်ကြဉ်းစေလျက် မိမိနိုင်ငံကိုလည်း ချစ်မြတ်နိုးသောစိတ်ရှိစေ” ဟူသည့်အချက်ပါရှိသည်။
Nov 03, 2024
မြန်မာနိုင်ငံအတွင်းရှိ ဟိန္ဒူဘာသာရေးအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများအားလုံးနှင့် ဟိန္ဒူဘာသာဝင်များ၊ အခြားဘာသာဝင်များစုပေါင်း၍ ဒီပါဝလီအထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံတွင် နိုဝင်ဘာ ၂ ရက်က စည်ကားသိုက်မြိုက်စွာ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံနှင့် ကုန်းနယ်နိမိတ်၊ ရေနယ်နိမိတ်များ ထိစပ်နေသကဲ့သို့ပင် ဘာသာရေး၊ စာပေ၊ ယဉ်ကျေးမှု၊ သမိုင်းတို့အရလည်း နီးနီးကပ်ကပ် ထိစပ်နေသည့် နိုင်ငံဖြစ်သည်။
Nov 02, 2024
မူပိုင်ခွင့်ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံရှိ အဖွဲ့အစည်း၊ တစ်ဦးတစ်ယောက်၏ ဖွံ့ဖြိုးတိုးတက်မှုကို အကာအကွယ်ပေးသည်။ နိုင်ငံအများစုသည် မူပိုင်ခွင့်ကို အလေးထားပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အားကောင်းလာစေရန် ကာကွယ်စောင့်ရှောက်ပေးသည်။ ကနဦး စတင်တီထွင်မှု မူပိုင်ခွင့်ပိုင်ဆိုင်ထားသော ပုဂ္ဂိုလ်အဖွဲ့အစည်းသည် အကျိုးရလဒ်ကြီးမားသဖြင့် တီထွင်ဆန်းသစ်မှုများကို စဉ်ဆက်မပြတ် ဖန်တီးလျက် ရှိပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ကြီးကြီးမားမား အထောက်အကူပြုနေသည်ကို တွေ့မြင်နိုင်သည်။
Nov 02, 2024
လူနှင့် အခြားသတ္တဝါတို့အကြား ကွာခြားချက်များအနက် ထူးခြားချက်မှာ လူကဉာဏ်ရည်မြင့်မားပြီး စကားပြောတတ်ခြင်းပင်ဖြစ်သည်။ ဤအချက်ကြောင့်ပင် သတ္တလောကတွင် လူကအခြားသတ္တဝါများကိုလွှမ်းမိုးပြီး ထိပ်ဆုံးသို့ရောက်ရှိနေခြင်းဖြစ်သည်။ လူလူချင်း စကားပြောဆိုဆက်သွယ်နိုင်ခြင်း၊ ဆက်ဆံနိုင်ခြင်းကိုအကြောင်းပြု၍ လူတစ်ဦးချင်းအတွက်၊ လူ့အဖွဲ့အစည်းတစ်ရပ်အတွက် ကောင်းကျိုးကို ဖြစ်စေနိုင်သကဲ့သို့ ဆိုးကျိုးကိုလည်း ဖြစ်စေသည်။
Nov 01, 2024
အမျိုးသားအားကစားပြိုင်ပွဲကြီးသည် အားကစားကဏ္ဍကို မြှင့်တင်ထုတ်ဖော်ပြသသည့် ပြိုင်ပွဲသက်သက်သာမဟုတ်ဘဲ နိုင်ငံသူနိုင်ငံသားအားလုံး၏ မျိုးချစ်စိတ်ဓာတ်၊ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်နှင့် စည်းလုံးညီညွတ်မှု၊ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှု၊ တည်ငြိမ်အေးချမ်းမှုတို့ကို ထုတ်ဖော်ပြသည့် စုပေါင်းအင်အားများကို ဖော်ထုတ်နိုင်သော ပြိုင်ပွဲဖြစ်၍ အမျိုးသားအားကစားပြိုင်ပွဲ သို့မဟုတ် အမျိုးသား အားကစားပွဲတော်ဟု ခေါ်ဆိုရပေသည်။
Nov 01, 2024
နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးသည် ထိုနိုင်ငံရှိ ပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုအပေါ်တွင် အဓိကတည်မှီလျက်ရှိပြီး ယင်းသို့ကြိုးပမ်းအားထုတ်မှုများအတွက် လမ်းဖွင့်ပေးမည့် အခြေအနေနှင့် အခွင့်အလမ်းများဖန်တီးပေးရန်လိုအပ်သည်ဟု နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သုတေသီများက ဆိုသည်။ ကမ္ဘာ့နိုင်ငံများ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကွာခြားရခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံ၏တည်နေရာနှင့် ပတ်ဝန်းကျင်ကြောင့်၊ လူမျိုးတို့၏ ဗီဇနှင့်စွမ်းရည်ကွာခြားမှုကြောင့်၊ နိုင်ငံတစ်နိုင်ငံချင်းစီ၏ သမိုင်းရေးရာအခြေအနေများကြောင့်၊ သဘာဝသယံဇာတအရင်းအမြစ် ကွာခြားချက်ကြောင့် စသည်ဖြင့် အကြောင်းအရင်းများကို လေ့လာရာတွင် အဆုံးသတ်ကောက်ချက်သည် လူတို့ကြိုးပမ်းအားထုတ်ပါက မည်သည့်အခြေအနေမှပင်မဆို ဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်းပင်ဖြစ်သည်။
Oct 31, 2024
ပြည်သူများ ဆက်သွယ်သွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့စေရေးအတွက် ကုန်းလမ်းပို့ဆောင်ရေး၊ ရေကြောင်းပို့ဆောင်ရေး၊ လေကြောင်းပို့ဆောင်ရေးနှင့် ရထားပို့ဆောင်ရေးဟူသည့် နည်းလမ်းလေးမျိုးဖြင့် အစဉ်အဆက် ဆောင်ရွက်ခဲ့ရာတွင် ရထားပို့ဆောင်ရေးနည်းလမ်းသည် သယ်ယူပို့ဆောင်စရိတ်အနည်းဆုံးဖြင့် ခရီးသည်နှင့် ကုန်စည်များစွာကို အချိန်တိုအတွင်း သယ်ယူပို့ဆောင်ပေးနိုင်သည်။ နှစ်ပေါင်း ၁၄၀ ကျော် သက်တမ်းရှည်ကြာပြီဖြစ်သည့် အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းဖြစ်သည်။
Oct 31, 2024
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရန် အချိန်ကာလ နီးကပ်လာပြီဖြစ်သည်။ အမျိုးသားအားကစားပွဲတော်သည် နိုင်ငံတော်အဆင့်ဖြစ်သည်နှင့်အညီ ဖွင့်ပွဲအခမ်းအနားကို ခမ်းခမ်းနားနား ထည်ထည်ဝါဝါ ကျင်းပနိုင်ရန်နှင့် ပြိုင်ပွဲများကျင်းပခြင်း၊ ယှဉ်ပြိုင်ခြင်းတို့တွင်လည်း အဆင့်အတန်းမီမီ၊ အောင်အောင်မြင်မြင် ကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာနအလိုက် ပြိုင်ပွဲများ၌ အားကစားနည်း ခြောက်မျိုး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ပြိုင်ပွဲများတွင် အားကစားနည်း ၂၃ မျိုး ကျင်းပသွားမည်ဖြစ်ပြီး အားကစားသမား စုစုပေါင်း ၆၅၀၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ခန့်မှန်းထားသည်။
Oct 30, 2024
“တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအား မြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်” ဆိုသည့် ရှေ့လုပ်ငန်းစဉ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကဏ္ဍအသီးသီးတွင် တိုးတက်ဖြစ်ထွန်းမှုများ အတိုင်းအတာတစ်ခုအထိ ရရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။
