Skip to main content
May 11, 2024
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ဆီမီးခုံကျေးရွာ၏ အရှေ့ဘက်တွင်ရှိသည့် ဆုံရွာကျေးရွာလေးအား မေလ ၉ ရက်နေ့ နံနက်ပိုင်းအချိန်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဆုံရွာအတွင်းရှိနေအိမ်များပေါ်သို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကျေးရွာအတွင်း အေးချမ်းစွာနေထိုင်လျက်ရှိကြသည့် ကျေးရွာသား ၁၇ ဦး၊ ကျေးရွာသူ ၁၅ ဦး စုစုပေါင်း ၃၂ ဦး သေဆုံးပြီး ရွာသူ ရွာသား ၁၄ ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း စိတ်မကောင်းစွာ ကြားသိရသည်။
May 11, 2024
မြင်းခြံမြို့နယ် ဆုံရွာကျေးရွာတွင် PDF အမည်ခံအကြမ်းဖက်သမားများ လူမဆန်စွာကျူးလွန်ခဲ့ကြသည့် ရက်စက်ကြမ်းကြုတ်မှုများအပေါ် မြန်မာနိုင်ငံရှိ ဘာသာရေး၊ လူမှုရေးအဖွဲ့အစည်းများက ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ရှုတ်ချလျက်ရှိသည်။ အဆိုပါကျေးရွာတွင် အကြမ်းဖက်သမားတို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ကျေးရွာနေပြည်သူများ သေဆုံးဒဏ်ရာရခဲ့ကြပြီး ကျေးရွာအတွင်းရှိ နေအိမ် ၅၀ ခန့်လည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်။
May 10, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာ ကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ရေး” လူမှုရေးဦးတည်ချက်ကိုချမှတ်၍ အလေးထားဆောင်ရွက်လျက်ရှိသည်။ ပြည်သူများအားလုံး၏ ကျန်းမာရေးကို ရှေးရှုဆောင်ရွက်ရာတွင် မှန်ကန်သည့် စားသောက်နေထိုင်မှုပုံစံများသည် အရေးကြီးသောအချက်များဖြစ်သည်။
May 10, 2024
လာမည့် ရက်သတ္တပတ်တစ်ခုကျော်အတွင်း ကလေးများကျောင်းအပ်နှံကြရတော့မည်။ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ‌ကျောင်းအပ်နှံရေးသီတင်းပတ်သည် လာမည့်မေလ ၂၃ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိဖြစ်ရာ သားသမီးတို့ ပညာသင်နှစ်အစအတွက် မိဘတို့က ပြင်ဆင်ဖွယ်ရှိသည်တို့ကို ပြင်ဆင်ကြရပြီ။
May 09, 2024
မြတ်စွာဘုရားရှင်ဟောကြားခဲ့သည့် “အတ္တာဟိအတ္တနောနာထော” ဆိုသည့်အတိုင်း လူတို့သည် မိမိကိုယ်သာကိုးကွယ်ရာ၊ မိမိကိုယ်သာအားထားရာဖြစ်သည်။ မိမိစွမ်းဆောင်နိုင်မှုသည် မိမိကိုယ်တိုင်သာဖြစ်သည်။ စွမ်းဆောင်နိုင်သည့် လူသားတစ်ဦးဖြစ်ရန်အတွက် ကိုယ်ပိုင်အသိပညာဗဟုသုတများ ပြည့်စုံနေရန်လိုအပ်သည်။ လူတိုင်းလူတိုင်းသည် အရည်အချင်းကိုယ်စီရှိကြသော်လည်း အသိဉာဏ်ပညာ၊ ဗဟုသုတအနည်းအများပေါ်တွင် မူတည်၍ စွမ်းဆောင်နိုင်မှုအရည်အချင်းကွာခြားပေသည်။
May 09, 2024
အဂတိလိုက်စားမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအဟန့်အတားတစ်ခုဖြစ်ပြီး ပြည်သူများ ကိုယ်စိတ်နှစ်ပါး ချမ်းသာရေးအတွက်လည်း အတားအဆီး၊ အပိတ်အဆို့ ဖြစ်စေသည်။ အဂတိလိုက်စားမှုများ ကျယ်ပြန့်စွာ အမြစ်တွယ်နေသည့် နိုင်ငံတွင် ဖြစ်ပေါ်သည့်ဆိုးကျိုးများမှာ မိမိတို့ထင်မြင်တွေးဆ နိုင်သည်ထက် မယုံနိုင်လောက်အောင် ပိုမိုများပြားသည်။ မြန်မာနိုင်ငံတွင် နယ်ပယ်အသီးသီး၌ နှစ်ပေါင်းများစွာ အမြစ်တွယ်နေသည့် အဂတိလိုက်စားမှုကို တိုက်ဖျက်ရာတွင် အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်းဟူသည့် ကဏ္ဍ(၃)ရပ် ချမှတ်၍ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူဆောင်ရွက်လျက်ရှိသည်။
May 08, 2024
မည်သည့်အချိန်၊ မည်သည့်နေရာသို့ ရောက်ရှိနေသည်ဖြစ်စေ ကြုံတွေ့ကြရသည့် လူသားများ၏ ဆင်းရဲဒုက္ခ သောကဝေဒနာများကို ကရုဏာစိတ်ထားများဖြင့် ရိုင်းပင်းကူညီစောင့်ရှောက်ပေးသည့် သန့်စင်မွန်မြတ်သော မေတ္တာတရားများထားရှိကြသည့်ပုဂ္ဂိုလ်များတွင် ကြက်ခြေနီမောင်မယ်များသည် ရှေ့တန်းမှပါဝင်ကြပေသည်။ အကြင်နာလက်၊ အပြုံးမျက်နှာဖြင့် ကိုယ်ကျိုးစွန့်လွှတ်ကာ အများအကျိုး သယ်ပိုးထမ်းဆောင်ကြသည့် စေတနာ့ဝန်ထမ်းများဖြစ်သည်။
May 08, 2024
ယနေ့သည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် မွန်မြတ်လှသည့်   ကြက်ခြေနီလူမှုကရုဏာလှုပ်ရှားမှုများနှင့် အဆိုပါလှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ကြသည့် စေတနာ လုပ်အားရှင်များကိုဂုဏ်ပြုသည့် “ကမ္ဘာ့ကြက်ခြေနီနေ့” ဖြစ်သည်။ ၁၉၄၈ ခုနှစ်၊ မေ ၈ ရက်တွင် စတင်ကျင်းပခဲ့သည့် ကမ္ဘာ့ကြက်ခြေနီနေ့များသည်   အပြည်ပြည်ဆိုင်ရာ   ကြက်ခြေနီကော်မတီကို စတင်တည်ထောင်သူ ဟန်နရီဒူးနန့် မွေးဖွားခဲ့သည့် မေလ ၈ ရက်ကို ဂုဏ်ပြုခြင်းပင်ဖြစ်သည်။
May 07, 2024
တိုင်းရင်းသားပြည်သူများ မမျှော်လင့်ဘဲ ကြုံတွေ့နိုင်သော သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့ကို အလျင်အမြန် ကာကွယ်ဆောင်ရွက်ပေးသော အဖွဲ့အစည်းတစ်ခုမှာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဖြစ်သည်။ အထူးသဖြင့် မြို့ရွာများ မီးဘေးအန္တရာယ်ကာကွယ်ရေးနှင့် ဘေးအန္တရာယ်တစ်မျိုးမျိုးကြောင့် အန္တရာယ်ကြုံတွေ့ရသည့် ပြည်သူများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်။
May 07, 2024
နေထွက်မှနေဝင် နေ့တစ်နေ့ကုန်ဆုံးသည့်အခါ ကုသိုလ်၊ ပညာ၊ ဥစ္စာ တစ်ခုခုတိုးလာမှသာ အသက်တစ်ရက်ကြီးလာရခြင်းသည် အချည်းနှီးမဖြစ်ဘဲ လူဖြစ်ကျိုးနပ်မည်ဟု မြန်မာလူမျိုးတို့ ခံယူကြသည်။ နေ့စဉ်နှင့်အမျှ ပညာတိုးပွားရန်မှာ စာဖတ်ခြင်းက အလွယ်ကူဆုံးနည်းလမ်းဖြစ်သည်။ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဒဿန၊ ကိုယ်ပိုင်စာပေရှိသော မြန်မာတို့အဖို့ စာဖတ်ခြင်းကို တန်ဖိုးထားကာ ဉာဏ်ပညာအတွေးအခေါ်မြင့်မားရေး၊ ဗဟုသုတပြည့်စုံကြွယ်ဝရေးတို့အတွက် စာတတ်သူတိုင်း စာဖတ်ကြရန် ရှေးကပင် တိုက်တွန်းခဲ့ကြသည်။ မျက်မှောက်ခေတ်တွင်လည်း နိုင်ငံသားများအတွင်း စာဖတ်သည့် ယဉ်‌ကျေးမှု ထွန်းကားလာရေး၊ အရွယ်အလိုက် စာဖတ်ကြရေးအတွက် အစိုးရအဆက်ဆက်တို့က တိုက်တွန်းအားပေးလျက်ရှိသည်။