Skip to main content
Mar 01, 2024
မြန်မာနိုင်ငံတွင် လူမှုစီးပွားဘဝအတွက် အသုံးပြုနေသောမော်တော်ယာဉ်များ သန်းနှင့်ချီ၍ရှိနေသည်။ အဆိုပါယာဉ်များ မောင်းနှင်အသုံးပြုနိုင်ရန်အတွက် လောင်စာဆီနှင့် အဆိုပါယာဉ်များမှ ပေါ်ထွက်လာသော အပူစွမ်းအားနှင့် ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုပြဿနာများသည် ရေရှည်တွင် ကြီးမားသည့်စိန်ခေါ်မှုများအဖြစ် ပေါ်ထွက်နေပြီဖြစ်သည်။ ထို့ကြောင့် လောင်စာဆီအစားထိုးအသုံးပြုမှုကို မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကြိုးပမ်းဆောင်ရွက်နေကြသည်။
Mar 01, 2024
ကောလာဟလအမျိုးမျိုး နေ့စဉ်မပြတ်ထွက်ပေါ်နေသည့် မိမိတို့နိုင်ငံတွင် နောက်ဆုံးထွက်ပေါ်လာသည့် ကောလာဟလမှာ ရွှေဈေးနှုန်းနှင့်ပတ်သက်၍ ထွက်ပေါ်လာခြင်းဖြစ်သည်။ တရားဝင်ရွှေလုပ်ငန်းကို လုပ်ကိုင်နေသည့် ရွှေလောကသားများမဟုတ်ဘဲ ပြင်ပမှ ဝိသမလောဘသမားက ကောလာဟလလွှင့်ထုတ်၍ ဈေးကစားကာအမြတ်ရှာဖွေရန် ကြိုးပမ်းကြခြင်းသာဖြစ်ကြောင်းနှင့် ရွှေဈေး၊ ဒေါ်လာဈေး စသည်တို့ကို ကောလာဟလလွှင့်၍ ဈေးဆွဲတင်သည့်အလုပ်ကို နှစ်စဉ်လုပ်လေ့ရှိကြကြောင်း သိရသည်။ ရိုးသားစွာဖြင့် လုပ်ငန်းထူထောင်ဆောင်ရွက်ခြင်းမရှိဘဲ တရားမဝင်ဖြတ်လမ်းနည်းဖြင့် ငွေရှာမှုများက ပုံမှန်စီးပွားရေးကို ထိခိုက်စေမည်ဖြစ်သည်။
Feb 29, 2024
မြန်မာနိုင်ငံသည် ရှေးကာလများစွာက နိုင်ငံတကာအလယ်တွင် ဂုဏ်ရှိန်မြင့်မားပြီး ထည်ဝါစွာရပ်တည်ခဲ့သော နိုင်ငံဖြစ်သည်။ ကိုလိုနီလက်အောက်မရောက်မီအချိန်အထိ အနောက်နိုင်ငံများက တန်ဖိုးထားလေးစားခဲ့ပြီး ဒေသတွင်းနိုင်ငံများကြား၌ အောင်လံတလူလူလွှင့်ထူခဲ့သော နိုင်ငံဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးပြီးနောက်တွင် အရှေ့တောင်အာရှ၌ ထင်ပေါ်ကျော်ကြားသောနိုင်ငံဖြစ်သည်။
Feb 29, 2024
PDF အမည်ခံအကြမ်းဖက်သမားများက ကလေးတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဆရာ ဆရာမများ၊ ပညာရေးဆိုင်ရာဝန်ထမ်းများနှင့် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား ကျောင်းသူများကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်က အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းနှင့် စပ်လျဉ်း၍ ပြည်တွင်းရှိ အဖွဲ့အစည်းအသီးသီးတို့က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သဘောထားများ ထုတ်ပြန်ခဲ့ကြသည်။ ယခုတစ်ဖန် ဖေဖော်ဝါရီ ၂၈ ရက် နေ့လယ်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ထားဝယ်နည်းပညာတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာကျော်အောင် အပါအဝင် သုံးဦးတို့ကို PDF အမည်ခံအကြမ်းဖက်သမားများက ကျောင်းဝင်းအတွင်း ဝင်ရောက်ကာ အဓမ္မဖမ်းဆီးခေါ်ဆောင်မှုတစ်ခု ထပ်မံကျူးလွန်လိုက်ကြပြန်သည်။
Feb 28, 2024

ယမန်နှစ် နိုဝင်ဘာလအတွင်းက ကယားပြည်နယ် လွိုင်ကော်တက္ကသိုလ်မှ ပါမောက္ခချုပ်အပါအဝင် ဆရာဆရာမများနှင့်ကျောင်းဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများကို PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများက ဖမ်းဆီးခေါ်ဆောင်သွားသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး ပြန်လည်လွတ်မြောက်ခဲ့သည်။ ယခု တစ်ဖန် PDF အမည်ခံ အကြမ်းဖက်အင်အား ၁၀၀ ကျော်ခန့်က စစ်ကိုင်းတိုင်း

Feb 28, 2024
၂၀၁၉ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံလူဦးရေ၏ ၄၅ ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးရေးလုပ်ငန်းများနှင့် ဆက်စပ်နေသည့် လုပ်ငန်းများတွင် လုပ်ကိုင်နေကြသူများဖြစ်ကြပြီး နိုင်ငံ့စီးပွားရေး တွင် အရေးပါသူများဖြစ်ကြသည်။ စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးပြီး ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားမှသာ စိုက်ပျိုးရေးလုပ်ငန်း၊ ၎င်းနှင့်ဆက်စပ်လုပ်ငန်း စသည်တို့တွင် အဓိကဆောင်ရွက်နေကြသူများ၏ လူမှုဘဝများတိုးတက်မြင့်မားနိုင်မည်ဖြစ်သည်။
Feb 27, 2024
မျက်မှောက်ကာလတွင် ဖြစ်ပေါ်လာသော အခြေအနေနှင့်ပတ်သက်၍ ကောလာဟလအမျိုးမျိုး ပေါ်ထွက်နေသည်ကို ကြားသိကြရမည်ဖြစ်သည်။ ပြည်သူများအနေဖြင့် ကောလာဟလသတင်းစကားများအပေါ်အခြေခံပြီး စိုးရိမ်ပူပန်မှု အနည်းအများဖြစ်ပေါ်လေ့ရှိသည်။ အချို့မှာ တရားဝင်သတင်းစကားများကို စူးစမ်းလေ့လာ၍ ဆောင်ရွက်ကြသူများရှိသလို အချို့မှာ စိုးရိမ်ပူပန်စိတ်ဖြင့် လုပ်မှား၊ ကိုင်မှား ဖြစ်ခဲ့ကြသူများရှိသည်။
Feb 27, 2024
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ လွိုင်ကော်တက္ကသိုလ်ကို KNPP နှင့် PDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များက လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ကာ ပညာရေးဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများကို အဓမ္မဖမ်းဆီးခေါ်ဆောင်မှု ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်တွင် ဖြစ်ပွားခဲ့ပြီးနောက် ရက်ပေါင်း ၁၀၀ စွန်းစွန်းမျှသာရှိသေးသည့်ကာလ၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၊ ကလေးတက္ကသိုလ်ရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများကို PDF အမည်ခံ အကြမ်းဖက်သမားများက အဓမ္မဖမ်းဆီးခေါ်ဆောင်မှု ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့ပြန်သည်။
Feb 26, 2024
​​​​​​​နိုင်ငံတစ်နိုင်ငံတွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဟူသည့် မဏ္ဍိုင်သုံးရပ်ဖြင့် တည်ဆောက်ထားကြရသည်။ အဆိုပါမဏ္ဍိုင်သုံးရပ် တည့်မတ်မှန်ကန်စွာ လည်ပတ်နိုင်ရေးအတွက် စတုတ္ထမဏ္ဍိုင်ဟု ခေါ်ဆိုသည့် မီဒီယာကထိန်းကျောင်းထောက်ကူပေးရသည်။ စတုတ္ထမဏ္ဍိုင်သည် နိုင်ငံ၏ပကတိဖြစ်ပေါ် တိုးတက်မှုများကို ပဉ္စမမဏ္ဍိုင်ဟုခေါ်ဆိုသည့် ပြည်သူလူထုကို မှန်မှန်ကန်ကန် အသိပေးရကြရသည်။
Feb 26, 2024
သတင်းအချက်အလက်များ တစ်မုဟုတ်ချင်း အရှိန်အဟုန်ပြင်းပြင်းဖြင့် ကမ္ဘာပတ်၍ စီးဆင်းနိုင်သည့် ခေတ်ကာလတွင် သတင်းနှင့်မကင်းနိုင်သည့် လူတိုင်းလူတိုင်း မိမိတို့ရရှိလာသည့် သတင်းအချက်အလက်များကို မှားမှန်ကောင်းဆိုး တန်ဖိုးဖြတ်၊ အကဲဖြတ်နိုင်သည့် စွမ်းရည်ရှိရန်လိုသည်။ နည်းပညာများ မြင့်သည်ထက်မြင့်လာနေပြီး တုပဖန်တီးနိုင်မှုများ ပြုလုပ်လာနိုင်သည်နှင့်အမျှ တွေ့မြင်ကြားသိသမျှကို ယုံကြည်မှုမပြုခင် ဆန်းစစ်သည့်အလေ့အထလည်း ရှိကြရမည်ဖြစ်သည်။