Skip to main content
Apr 08, 2024
နိုင်ငံအတွင်း ဒေသအနှံ့အပြားတို့တွင် အကြောင်းအမျိုးမျိုးကြောင့် ငယ်စဉ်က မူလတန်းပညာကို ပြီးဆုံးအောင် မသင်ကြားခဲ့ရသူများနှင့် ကျောင်းမနေခဲ့ရသည့် စာမတတ်သူများ စာတတ်မြောက်လာကြစေရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လှုပ်ရှားဆောင်ရွက်လျက်ရှိသည်။ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသား ပြည်သူများ အခြေခံစာတတ်မြောက်ရေး နည်းပြသင်တန်းဖွင့်ပွဲများ၊ စာသင်ဝိုင်းဖွင့်ပွဲများဖြင့် တက်ကြွလှုပ်ရှား စည်ကားနေသည့်နွေမှာ အပူရှိန်များ မြင့်မားနေသည့်တိုင် စေတနာအလှတရားတို့ ဝေဝေဆာဆာဖြင့် လှပနေသည်။
Apr 07, 2024
၂၀၂၄ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ကျန်းမာရေးနေ့ကို “လူတိုင်းလူတိုင်း ကျန်းမာဖို့၊ ကိုယ်စီပါဝင်ဆောင်ရွက်စို့” “My Health , My Right” ဟု သတ်မှတ်ထားသည်။ ဆိုလိုသည်မှာ လူတိုင်းလူတိုင်း ကျန်းမာရေးအတွက် ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်ပြုမူလုပ်ကိုင်ဆောင်ရွက်မှုတို့ကို လူတိုင်းလူတိုင်းက ကိုယ်ပိုင်အသိစိတ်ဓာတ်ဖြင့် အလေးထားဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်ထားခြင်းဖြစ်သည်။
Apr 07, 2024
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization) ကို ၁၉၄၈ ခုနှစ် ဧပြီလ ၇ ရက်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ရာ ယခုအခါ သက်တမ်း ၇၆ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ စတင်တည်ထောင်သည့် ဧပြီ ၇ ရက်နေ့ကို ကမ္ဘာ့ကျန်းမာရေးနေ့အဖြစ် ၁၉၅၀ ပြည့်နှစ်မှစ၍ သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး နှစ်စဉ်အဆိုပါနေ့ရက်တွင် အဖွဲ့ဝင်နိုင်ငံများ၌ ကမ္ဘာ့ကျန်းမာရေးနေ့ အထိမ်းအမှတ်အခမ်းအနားများနှင့် လှုပ်ရှားမှုများကို ဆောင်ရွက်ကြသည်။ ယခုနှစ်အတွက် ကမ္ဘာ့ကျန်းမာရေးနေ့အထိမ်းအမှတ်ဆောင်ပုဒ်မှာ “လူတိုင်းလူတိုင်းကျန်းမာဖို့၊ ကိုယ်စီပါဝင်ဆောင်ရွက်စို့ ” “My Health , My Right ” ဟူ၍ ဖြစ်သည်။
Apr 06, 2024
မျက်မှောက်ကာလတွင် ကမ္ဘာတစ်လွှား၌ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို မြင်တွေ့ကြားသိနေရသည်။ မီးလောင်ခြင်း၊ ငလျင်လှုပ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းစသည်တို့သည် လက်ရှိကာလ ရာသီဥတုအလွန်ပူပြင်းလာမှုကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲသဘာဝဘေးအန္တရာယ်များဟု ဆိုရမည်ဖြစ်သည်။ ယခုအခါ ဒေသတွင်းနိုင်ငံများ၌ အဆိုပါဖြစ်စဉ်များနှင့် ကြုံတွေ့လျက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့် လေပြင်းတိုက်ခတ် ခြင်းနှင့်အပူဒဏ်အန္တရာယ်တို့ကို ကြုံတွေ့နေရသည်။
Apr 06, 2024
တေးသီချင်းဗီဒီယိုများ ရိုက်ကူးထုတ်လွှင့်ပြသမှုများတွင် နိုင်ငံရေး၊ ဘာသာရေး၊ တိုင်းရင်းသား ချစ်ကြည်ရေး၊ အမျိုးသားယဉ်ကျေးမှု ထိန်းသိမ်းရေးနှင့် ရက်စက်ကြမ်းကြုတ်မှုများ ပါဝင်မှုမရှိစေရေး၊ ကာမရာဂလှုံ့ဆော်မှုများ ပါဝင်မှုမရှိ‌စေရေးဟူသော ဆင်ဆာမူဝါဒများကို ထိခိုက်စေနိုင်ခြင်းမရှိစေရေးအတွက် ထုတ်လုပ်သူများ ကိုယ်တိုင်တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် စိစစ်ပြီး ရိုက်ကူးထုတ်လွှင့်ပြသမှုများ ဆောင်ရွက်နိုင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက အသိပေးကြေညာလိုက်သည်၊၊ အကယ်၍ တေးသီချင်းဗီဒီယိုများကို ဆင်ဆာအဖွဲ့သို့တင်ပြပြီး စစ်ဆေး ခွင့်ပြုချက်ရယူလိုပါကလည်း အမြန်ဆောင်ရွက်ပေးမည်ဟု သိရသည်။
Apr 05, 2024
ပညာတွင် ကျောင်းသင်ပညာနှင့် လေ့လာဆည်းပူးသည့်ပညာဟူ၍ နှစ်မျိုးရှိသည်။ မြန်မာနိုင်ငံတွင် ရှေးကာလက ဘုန်းတော်ကြီးသင်ကျောင်းမှလွဲ၍ ပညာသင်ကျောင်းမရှိခဲ့သေးပေ။ ထို့ကြောင့် ပညာကို မိမိကိုယ်တိုင်အပတ်တကုတ်လေ့လာ ဆည်းပူးပြီး ပညာရှိများ၊ အကျော်အမော်များ ပေါ်ထွန်းလာသည်။ ပညာကို စာဖတ်ခြင်း၊ နာယူခြင်း၊ စူးစမ်းလေ့လာခြင်းတို့မှ ရယူကြသည်။ စာဖတ်ခြင်း၏တန်ဖိုးမှာ ကြီးမားလှသည်။
Apr 05, 2024
အားအသင့်အတင့်ရှိသော အယ်နီညို၏ အကျိုးသက်ရောက်မှုနှင့်အတူ ယခုနှစ်နွေရာသီ၏ နေ့အပူချိန်များ မြင့်မားလျက်ရှိသည်။ ပြင်းထန်သည့် အပူချိန်သည် အပူလျှပ်ခြင်း၊ သတိလစ်မေ့မြောခြင်း၊ ရုတ်တရက်သေဆုံးခြင်းကဲ့သို့သော ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေများ ဖြစ်ပေါ်စေနိုင်သကဲ့သို့ မြင့်မားသည့်အပူချိန်ကို ကာလကြာရှည်ခံစားရပါက အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်ပွားခြင်း၊ နှလုံး၊ သွေးတိုး၊ ဆီးချိုနှင့် ကျောက်ကပ်ရောဂါများ ဖြစ်ပွားခြင်း၊ အရွယ်မတိုင်မီသေဆုံးခြင်းတို့ ဖြစ်စေနိုင်သည်။
Apr 04, 2024
နိုင်ငံလိုအပ်ချက်အရ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန်နှင့် နိုင်ငံအတွင်းနှင့် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံရှိ ပဋိပက္ခနှင့် တင်းမာမှုအခြေအနေများအပေါ် မူတည်၍ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့နှင့် ၁၃ ရက်နေ့တို့၌ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် ဥပဒေပြဋ္ဌာန်းထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အရန်တပ်ဖွဲ့ဥပဒေတို့ အာဏာတည်အသက်ဝင်ပြီး လက်တွေ့အကောင်အထည်ဖော်နေပြီဖြစ်သည်။
Apr 04, 2024
စာတတ်ပါလျက်နှင့် စာမဖတ်သူတို့ များပြားနေခြင်းသည် ကာယကံရှင်တို့အဖို့ရော နိုင်ငံအတွက်ပါ ဆုံးရှုံးမှုတို့ရှိသည်။ စာတတ်ပါလျက် စာမဖတ်ခြင်းက ကျောင်းနေ၍ စာပေသင်ကြားခဲ့ရခြင်း၏ အနက်အဓိပ္ပာယ်ကိုလည်း သေးသိမ်ကျဉ်းမြောင်းသွားစေသည်။ သေစာရှင်စာမျှသာ ဖတ်တတ်သူအဖြစ်သို့ ရောက်ရှိသွားစေသည်။
Apr 03, 2024
လူတို့အတွက် မဖြစ်မနေလိုအပ်သော အဓိကလိုအပ်ချက်များဖြစ်သည့် စားရေး၊ ဝတ်ရေး၊ နေရေးဟူသော အရေးသုံးပါးတွင် ဝတ်ရေးကို ဒုတိယအရေးအကြီးဆုံးကဏ္ဍအနေဖြင့် အသိအမှတ်ပြုထားသည်။ အဝတ်အစားသည် စားရေးကဲ့သို့ပင် လူသားတို့အတွက် အစဉ်အမြဲလိုအပ်နေသော ကုန်ပစ္စည်းဖြစ်သည်။ ထိုကုန်ပစ္စည်းအတွက် ဝါသီးနှံကို စိုက်ပျိုး၍ ချည်ထည်ကုန်ချောများ ထုတ်လုပ်ကြသည့်လုပ်ငန်းများကို နိုင်ငံတိုင်းနိုင်ငံတိုင်းက ဦးစားပေးလုပ်ကိုင်လျက်ရှိသည်။