Dec 26, 2023

ယနေ့ကမ္ဘာတွင် ဖွံ့ဖြိုးတိုးတက်မှုနိမ့်ကျနေသော နိုင်ငံတိုင်းသည် ကိုလိုနီဘဝသို့ ကျရောက်ခဲ့ဖူးကြသည်။ သို့သော် ကိုလိုနီဘဝကျရောက်ခဲ့သည့် နိုင်ငံတိုင်းဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျသည်မဟုတ်ဟုဆိုသည်။ ဒုတိယကမ္ဘာစစ်အပြီး ကိုလိုနီအင်ပါယာများ တစ်ခုပြီးတစ်ခု ပြိုလဲရာမှ မြန်မာအပါအဝင် နိုင်ငံအမြောက်အမြား လွတ်မြောက်ခဲ့ကြပြီး နိုင်ငံပြန်လည်ထူထောင်ရေးအတွက် ရုန်းကန်ကြိုးပမ်းခဲ့ကြရာတွင် အောင်မြင်သည်လည်းရှိ၊ မအောင်မြင်သည်လည်းရှိခဲ့ကြသည်။ အောင်မြင်ရခြင်း၊ မအောင်မြင်ရခြင်းတို့တွင် အကြောင်းအကျိုး ဆက်စပ်မှုများလည်း ရှိနေသည်။
Dec 25, 2023

ယနေ့သည် ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းသာယာဝပြောစေကြောင်းနှင့် ပျော်ရွှင်ချမ်းမြေ့မှုအပေါင်းပြည့်စုံသည့် မေတ္တာဓာတ်များလွှမ်းခြုံနေကြောင်း တောင်းဆုခြွေကြသည့် ခရစ္စမတ်ပွဲတော်အခါသမယဖြစ်သည်။ ခရစ်ယာန်ဘာသာဝင်များအနေဖြင့် ယေရှုခရစ်တော် ဖွားမြင်သည့်နေ့ကို အထိမ်းအမှတ်ပြု၍ နှစ်စဉ် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ကမ္ဘာတစ်ဝန်း၌ ခရစ္စမတ်ပွဲတော်များကို ပျော်ရွှင်ချမ်းမြေ့စွာ ကျင်းပကြသည်။
Dec 25, 2023

နိုင်ငံတစ်နိုင်ငံ၏ စာတတ်မြောက်မှုနှုန်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကိုတိုင်းတာသည့် အညွှန်းကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည်။ စာတတ်မြောက်ခြင်းသည် လူတစ်ဦးချင်းကို အကျိုးကျေးဇူးဖြစ်ထွန်းစေသကဲ့သို့ ရပ်ရွာဒေသတွင်းနှင့် နိုင်ငံအတွင်း လူ့အဖွဲ့အစည်းတစ်ခုလုံး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှုတို့ကိုပါ အကျိုးကျေးဇူး ဖြစ်ထွန်းစေသည်။
Dec 24, 2023

မြန်မာ့တိုင်းရင်းဆေးပညာသည် နှစ်ပေါင်းထောင်ချီရှည်လျားသည့် မြန်မာ့အမွေအနှစ်ဖြစ်သည်။ သမိုင်းစဉ်တစ်လျှောက် ဖြစ်ထွန်းတည်တံ့ခဲ့သည့် အမျိုးသားဆေးပညာဖြစ်သည်။ မြန်မာလူမျိုးတို့အား ခေတ်အဆက်ဆက် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သည့် တိုင်းရင်းဆေးပညာဖြစ်သည်။ မြန်မာတို့သည် မြန်မာတိုင်းရင်းဆေးများကို အားကိုးအားထားပြုပြီး ကျန်းမာစွာရှင်သန်နေထိုင်ခဲ့သည်။
Dec 24, 2023

ယခုကဲ့သို့သော ခရစ္စမတ်အခါသမယသည် ကမ္ဘာ့နိုင်ငံများစွာတို့တွင် အေးချမ်းသာယာမှုနှင့်အတူ ပျော်ရွှင်မှုများ၊ လူသားအချင်းချင်း အပြန်အလှန်မေတ္တာတရားပြသမှုများဖြင့် မကြာမီကျရောက် လာမည့် နှစ်သစ်ကူးကာလအထိ စိတ်နှလုံးချမ်းမြေ့ကြည်နူးဖွယ်တို့ကို ဖြတ်သန်းကြချိန်ဖြစ်သည်။ စစ်ပူနေသည့်နိုင်ငံများ၊ မငြိမ်းချမ်းသည့် အရပ်ဒေသများတွင်မူ ယင်းသို့သော ချမ်းမြေ့ကြည်နူး ဖွယ်ရာများနှင့် ဆန့်ကျင်စွာတုန်လှုပ်ချောက်ချားမှု၊ စိုးရိမ်ထိတ်လန့်မှုနှင့် အကြောက်တရားတို့ကသာ လွှမ်းမိုးနေမည် ဖြစ်သည်။
Dec 22, 2023
ပြည်ထောင်စုမြန်မာနိုင်ငံ၏ သမိုင်းကြောင်းတစ်လျှောက်တွင် တိုင်းရင်းသားလူမျိုးအားလုံးတို့သည် နှစ်ပရိစ္ဆေဒကြာမြင့်စွာ မရှိအတူရှိအတူ၊ အေးအတူပူအမျှ စည်းလုံးညီညွတ်စွာဖြင့် အတူတကွနေထိုင်လာခဲ့ကြသည်။ ၁၉ ရာစုအတွင်း၌ ကိုလိုနီနယ်ချဲ့နိုင်ငံကြီးများ၏ အပြိုင်အဆိုင်ကျူးကျော်လာမှုကြောင့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံငယ်များသည် နယ်ချဲ့လက်အောက် ကျွန်သပေါက်ဘဝသို့ ကျရောက်ခဲ့ကြသည်။
Dec 22, 2023

၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင်စာတတ်မြောက်မှု ၈၉ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ စာတတ်မြောက်မှု ၈၉ ဒသမ ၁ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။ စာမတတ်သူအရေအတွက်အားဖြင့် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ အသက် ၁၅ နှစ်နှင့်အထက် စာမတတ်သူ ၃ ဒသမ ၅၅ သန်းခန့် ရှိနေပြီး ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ အသက် ၁၅ နှစ်နှင့်အထက် စာမတတ်သူပေါင်း ၄ ဒသမ ၁ သန်းခန့်ရှိနေသည်ဟု သိရသည်။
Dec 21, 2023

မြန်မာနိုင်ငံသည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြဋ္ဌာန်းချက်နှင့်အညီ လူ့အခွင့်အရေးကို လေးစားလိုက်နာသောနိုင်ငံဖြစ်သည်။ အထူးသဖြင့် ကလေးသူငယ်အခွင့်အရေးများကို ဥပဒေပါပြဋ္ဌာန်းချက်များအတိုင်း လိုက်နာကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်။ တပ်မတော်တွင် စည်းကမ်းဥပဒေများကို တိကျစွာ ပြဋ္ဌာန်းထားသည့်အတိုင်း လိုက်နာပြီး ပြည်သူများအား ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်။
Dec 21, 2023

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၄ နာရီ မိနစ် ၂၀ အချိန်တွင် မြန်မာနိုင်ငံသည် လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံအဖြစ် ပြန်လည်မွေးဖွားလာခဲ့သည်။ သူတစ်ပါးကျွန်ဘဝမှ ပြန်လည်လွတ်မြောက်လာခဲ့ရသည့်အတွေ့အကြုံကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ထိုခေတ်မြန်မာပြည်သူလူထုတစ်ရပ်လုံးက လွတ်လပ်သောနိုင်ငံအဖြစ် ကမ္ဘာ့နိုင်ငံများနှင့် ရင်ပေါင်တန်းရပ်တည်ကာ ဖွံ့ဖြိုးတိုးတက်လာမည့် ပြည်ထောင်စုနိုင်ငံတော်ကြီးအဖြစ်ကို စိတ်အားထက်သန်စွာ မျှော်လင့်ခဲ့ကြကြောင်း ထိုခေတ်ကို သိမီခဲ့သူတို့ ရေးသားခဲ့ကြသည့် စာပေမှတ်တမ်းများတွင် တွေ့ရသည်။
Dec 20, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကချမှတ်ထားသည့် လူမှုရေးဦးတည်ချက်ဒုတိယအချက်တွင် “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး” ကို ချမှတ်ထားသည်။ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့အနေဖြင့် တိုင်းရင်းသားပြည်သူများ၊ တပ်မတော်သားများနှင့် မိသားစုဝင်များ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အသိပညာမျှဝေပေးမှု၊ ဆေးကုသမှုလုပ်ငန်းများတွင် ဆောင်ရွက်လျက်ရှိသည်။