Mar 06, 2024
ယခုကာလတွင် နိုင်ငံတစ်ဝန်း၌ နေ့လယ်ပိုင်းအချိန် အပူရှိန်ပြင်းထန်ပြီး နံနက်စောစောတွင် အေးမြမှုကို ခံစားနေကြပါသည်။ အပူနှင့်အအေးကွာခြားချက်ကြီးမား၍ ရာသီဥတုပြောင်းလဲမှုဒဏ်ကို လူတို့ကြုံတွေ့နေကြရသည်။ ယခုအချိန်သည် တပို့တွဲ-တပေါင်း နွေဦးရာသီ ကူးပြောင်းစကာလဖြစ်၍ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တတ်သော အခြေအနေနှင့် လူတို့ကျန်းမာရေးကို သတိပြုကြရမည်ဖြစ်သည်။
Mar 06, 2024
မြန်မာစာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (၂၀၂၃-၂၀၂၈)ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁ ရက်တွင် စီမံကိန်းစတင်အကောင်အထည်ဖော်ရန် ခွင့်ပြုခဲ့ရာ အဆိုပါစီမံကိန်းမိတ်ဆက်တင်ပြခြင်းအခမ်းအနားကို ပြီးခဲ့သည့် မတ် ၄ ရက်နေ့က နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ အဆိုပါစီမံကိန်းကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၃ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာဖြင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင်ဦးရေ ၂၀ ကျော်ဖြင့် စတင်ဖွဲ့စည်းခဲ့သော မြန်မာစာဖွံ့ဖြိုးတိုးတက်ရေးဦးစီးကော်မတီက အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု သိရသည်။
Mar 05, 2024
လောကတွင် “အူမတောင့်မှ သီလစောင့်နိုင်” ဆိုသကဲ့သို့ သမုဒ္ဒရာဝမ်းတစ်ထွာဝလျှင် ကောင်းကျိုးအဖြာဖြာတို့ကို ဆောင်ရွက်နိုင်ကြသည်။ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသည့် အခြေခံပြည်သူအများစု အူမတောင့်ရန်အတွက် အခြေခံစားသုံး ကုန်သီးနှံဖြစ်သော ဆန်နှင့် ဆီ လောက်ငဖူလုံရေးသည် အရေးအကြီးဆုံးဖြစ်သည်။ ထို့ကြောင့် ဆန်ဖူလုံရေး၊ ဆီဖူလုံရေး၊ ဆန်ဈေးနှုန်း၊ ဆီဈေးနှုန်းတည်ငြိမ်ရေး ကြိုးပမ်းဆောင်ရွက်နေကြသည်ကို တွေ့ရသည်။
Mar 05, 2024
နိုင်ငံတကာမိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်အရ ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း အားအသင့်အတင့်ရှိသော အယ်နီညိုအခြေအနေတွင် ဆက်လက်တည်ရှိနိုင်သည်ဟု ခန့်မှန်းရကြောင်း၊ အယ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင်ဖြစ်ပေါ်သည့် ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါအယ်နီညိုဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် မိုးရွာသွန်းမှုမူမမှန်ခြင်း၊ နေ့အပူချိန်များမြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှု များ မူမမှန်ခြင်း၊ မိုးခေါင်ရေရှားခြင်း စသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း စသည်ဖြင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက လွန်ခဲ့သည့်ရက်အနည်းငယ် အတွင်း သတင်းထုတ်ပြန်ထားသည်။
Mar 04, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ် (၅) ရပ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး၊ စီးပွားရေးကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပို့ကုန်မြှင့်တင်နိုင်ရေးတို့အတွက် စီးပွားရေးဦးတည်ချက် (၃) ရပ်ကိုချမှတ်၍ ရေတို၊ ရေရှည်စီမံကိန်းများရေးဆွဲပြီး ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိသည်။
Mar 04, 2024
စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (Good Agricultural Practices-GAP) ဆိုသည်မှာ မြေယာပြုပြင်စိုက်ပျိုးခြင်းမှအစပြု၍ စားသုံးသူလက်ဝယ်သို့ရောက်သည်အထိ ထုတ်လုပ်မှု လုပ်ငန်းစဉ်တစ်လျှောက်လုံးတွင် စားသုံးသူကိုအန္တရာယ်ဖြစ်စေနိုင်သည့် ကူးစက်မှုများ၊ ညစ်ညမ်းမှုများကို အနည်းဆုံးဖြစ်စေရန် လိုက်နာဆောင်ရွက်ရမည့် စံလုပ်ထုံးလုပ်နည်း လမ်းညွှန်ချက်များပင်ဖြစ်သည်။ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းအားဖြင့် အစားအစာဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးပြည့်ဝကောင်းမွန်သည့် စိုက်ပျိုးထွက်ကုန်သီးနှံ၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များကို ရရှိနိုင်မည်ဖြစ်သည်။
Mar 03, 2024
သတင်းအချက်အလက်နှင့် နည်းပညာခေတ်သည် လူသားများအတွက် ကောင်းကျိုးအမျိုးမျိုးတို့ကို အချိန်မကုန်၊ ငွေမကုန်၊ လူမပင်ပန်းဘဲ ချက်ချင်းလျင်မြန်စွာ ရရှိနေသောကာလဖြစ်သည်။ ထို့ကြောင့် မိမိတို့သိရှိလိုသည်များ၊ အသိပညာဗဟုသုတများ၊ လေ့လာသင်ယူမှုများ၊ မှတ်သားလိုက်နာစရာများကို လွယ်လင့်တကူ ရရှိနေပြီဖြစ်သည်။ ထိုသို့ ကောင်းကျိုးရလဒ်များနှင့်အတူ အလိမ်အညာလှည့်ဖြား အန္တရာယ်ရှိနိုင်မှုများလည်း အလွယ်တကူရှိနေသည်ကို သတိပြုကြရမည်ဖြစ်သည်။
Mar 03, 2024
နွေကာလသို့ ကူးပြောင်းရောက်ရှိလာသည်နှင့်အမျှ တစ်နေ့ထက် တစ်နေ့မြင့်တက်လာနေသည့် အပူချိန်များကြောင့် ဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသဖြစ်စဉ်များကို သတိပြုကြရန်လိုသည်။ မြန်မာနိုင်ငံအရပ်ရပ်တွင် မတ်လ၊ ဧပြီလနှင့် မေလတို့အတွင်း နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာရာမှ အပူပျံတက်တိမ်များဖြစ်ထွန်း၍ မွန်းလွဲ/ ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ပြီး အဆိုပါမိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် လေပြင်းများ တိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျားမိုးထစ်ချုန်းရွာခြင်း စသည့်မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ဦးစီးဌာနက သတိပေးထုတ်ပြန်ထားသည်။ အချိန်တိုအတွင်း ဖြစ်ပေါ်လာနိုင်သော အဆိုပါမိုးလေဝသဖြစ်စဉ်များကြောင့် ကျေးလက်ဒေသများတွင် နေထိုင်သူများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ၊ ပြည်တွင်းရေကြောင်း၊ လေကြောင်းသွားလာမှုများတွင် ဘေးအန္တရာယ်ကျရောက်နိုင်သည်ကို သတိရှိကြရမည်ဖြစ်သည်။
Mar 02, 2024
မြန်မာနိုင်ငံ၊ မြန်မာလူမျိုးတို့သည် ဆန်ကို အဓိကစားသုံးသောလူမျိုးများ ဖြစ်သည်။ ဆန်မှဖြစ်သောထမင်းသည် မြန်မာလူမျိုးများ အသက်ရှင်သန်နေထိုင် ရပ်တည်မှုအတွက် အဓိကကျသောအာဟာရတစ်ခုဖြစ်သည်။ လူတို့ နေ့စဉ်စားသုံးနိုင်ရန် လိုအပ်သည့်ဆန်ဖြစ်လာရန်အတွက် တောင်သူလယ်သမားဦးကြီးများက ပင်ပန်းဆင်းရဲကြီးစွာဖြင့် လုပ်ကိုင်ကြရသဖြင့် တောင်သူဦးကြီးများကို ကျေးဇူးတင်ထိုက်သည့်ကျေးဇူးရှင်များအဖြစ် ဂုဏ်ပြုကြရမည်ဖြစ်သည်။
Mar 02, 2024
စိုက်ပျိုးရေးနှင့် မွေးမြူရေးအခြေခံစီးပွားရေးနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ၏ စီးပွားရေးကို အဓိကမောင်းနှင်နေသည့်အင်အားစုမှာ တောင်သူလယ်သမားများဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင် “ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအား မြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝ မြင့်မားရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်။” ဟူ၍ လုပ်ငန်းစဉ်ပါရှိရာ အဆိုပါလုပ်ငန်းစဉ် အောင်မြင်ရန်မှာ နိုင်ငံတစ်ဝန်း ကျေးလက်ဒေသများရှိ တောင်သူလယ်သမားထုကြီး၏ အကောင်အထည်ဖော်ကြိုးပမ်းမှုက ပဓာနဖြစ်သည်။
