Feb 25, 2024
ဆက်သွယ်ရေးနည်းပညာများ တိုးတက်မြင့်မားလာသည်နှင့်အမျှ လောကလူသားများအတွက် ကောင်းကျိုးရလဒ်များကို ရရှိခဲ့ကြသလို မကောင်းမှုနှင့် လိမ်ညာလှည့်ဖြားမှုများလည်း တိုးတက်ဖြစ်ပေါ်နေသည်ကို ကြားသိနေကြသည်။ အွန်လိုင်းပေါ်တွင် လောင်းကစားမှုမှအစ လူကုန်ကူးမှု၊ သတင်းတုသတင်းမှားမျှဝေမှု၊ အယောင်ဆောင် ငွေကြေးအကျိုးအမြတ်ရှာဖွေမှုစသည့် လိမ်ညာလှည့်ဖြားမှု မကောင်းမှုမျိုးစုံတို့ပြုလုပ်နေကြသည်ကို အထူးသတိပြုကြရမည်ဖြစ်သည်။
Feb 25, 2024
နှစ်စဉ် နွေဦးကာလသို့ ရောက်ရှိသည့်အခါတိုင်း တောင်ယာမီးရှို့ခြင်းနှင့် တောမီးလောင်ခြင်းတို့ကြောင့် မီးခိုးမြူငွေ့များ ဖြစ်ပေါ်လေ့ရှိပြီး လာအို၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား စသည့်နိုင်ငံတို့တွင် လေထုညစ်ညမ်းမှုဒဏ်ကို ခံစားကြရသည်။ တောင်ယာမီး၊ တောမီးတို့ကြောင့် ထွက်ပေါ်လာသည့် မီးခိုးငွေ့များသည် တစ်နိုင်ငံမှ တစ်နိုင်ငံသို့ အတားအဆီးမရှိ ဝင်ရောက်ပြီး ဒေသခံပြည်သူတို့အပေါ် ကျန်းမာရေးအန္တရာယ်များ ဖြစ်ပွားစေခြင်းကြောင့် အဆိုပါနယ်စပ်ဖြတ်ကျော်မီးခိုးမြူများ (Transboundary Smoke) ကို ထိန်းချုပ်နိုင်ရန် သက်ဆိုင်ရာနိုင်ငံတို့က ကြိုးပမ်းနေကြရသည်။
Feb 24, 2024
ငြိမ်းချမ်းသာယာဝပြောသော အနာဂတ်၊ ဖွံ့ဖြိုးတိုးတက်သည့် အနာဂတ်၊ ရေရှည်တည်တံ့ခိုင်မြဲသော တိုင်းပြည်အနာဂတ်ကို တည်ဆောက်သည့်အခါတွင် ပညာကို အခြေခံသည့် ကာယဗလ၊ ဉာဏဗလ၊ ဘောဂဗလ၊ စာရိတ္တဗလ၊ မိတ္တဗလဟူသော ဗလငါးတန် ဖွံ့ဖြိုးတိုးတက်လာအောင် ပြုစုပျိုးထောင်မြေတောင်မြှောက်ပေးကြရသည်။ ဗလငါးတန်တွင် ဉာဏဗလဖြစ်သည့် ပညာတတ်လူငယ်များ စဉ်းစားချင့်ချိန်ဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ပညာများ တိုးပွားလာအောင် ဖန်တီးပေးကြရမည်ဖြစ်သည်။
Feb 23, 2024
ကမ္ဘာ့ကျန်းမာရေးသမိုင်းတွင် ကြောက်မက်ဖွယ်ကောင်းသော ကိုဗစ်-၁၉ ရောဂါ လျင်မြန်စွာကူးစက်ဖြစ်ပွားခဲ့သည်မှာ လေးနှစ်ကျော်ကာလသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ ကိုဗစ်-၁၉ တတိယလှိုင်းတွင် ဆိုးရွားပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ကမ္ဘာ့ပြည်သူအများစု၏ အသက်ခန္ဓာ၊ ကျန်းမာရေးတို့သာမက လူမှုစီးပွားကဏ္ဍအပေါ်တွင် အကြီးအကျယ် သက်ရောက်မှုများရှိခဲ့သည်။ ယနေ့ကာလတွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ စိုးရိမ်ဖွယ်ရာမရှိတော့သော်လည်း ကိုဗစ်-၁၉ ရောဂါ မျိုးကွဲများရှိနေသည်ကို သတိပြုရမည်ဖြစ်သည်။
Feb 23, 2024
အပ္ပဿုတာယံ ပုရိသော၊ ဗလီဗဒ္ဒေါဝ ဇီရတိ။
မံသာနိတဿ ဝန္တိ၊ ပညာ တဿ န ဝုတိ။
အကြားအမြင်နည်းသော ဤယောက်ျားသည် နွားလားကဲ့သို့ အချည်းအနှီးကြီးထွားလာ၏။ ထိုယောကျ်ားအား အသားတို့သာ တိုးပွားကုန်၏၊ ပညာမူကား မတိုးပွား။ (ဓမ္မပဒ)
Feb 22, 2024
ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေအာဏာတည်သည့် နေ့ရက် သတ်မှတ်ပြီးသည့်နောက်ပိုင်း လုပ်ကြံဖန်တီးမှုများနှင့် ကောလာဟလပေါင်းစုံတို့ မြို့ရွာဒေသအသီးသီးတွင် အတောမသတ်နိုင်အောင် ပေါ်ထွက်လာသည်။ အဆိုပါလုပ်ကြံ ဖန်တီးမှုများနှင့် ကောလာဟလများ၏ ရည်ရွယ်ချက်များမှာ ပြည်သူလူထုအတွင်း စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်ရေး၊ အစိုးရနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများက အထင်အမြင်လွဲမှားစေရေးနှင့် ဆန့်ကျင်သည့်စိတ်များ ဖြစ်ပေါ်လာစေရေး၊ လူငယ်လူရွယ်များ အကြမ်းဖက်လမ်းစဉ်သို့ လွဲမှားစွာ ရောက်ရှိသွားစေရေး စသည်တို့ပင်ဖြစ်သည်။
Feb 21, 2024
ပြည်ထောင်စုဖွားအားလုံးတို့သည် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်ပြီး မိသားစုပမာ စည်းလုံးညီညွတ်စွာဖြင့် နှစ်ပေါင်းထောင်ချီ အတူယှဉ်တွဲနေထိုင်လာခဲ့ကြရာ လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးအဖြစ် ကမ္ဘာ့အလယ်တွင် သိက္ခာရှိရှိ ခံ့ညားထည်ဝါစွာ ရပ်တည်နေထိုင်လျက်ရှိပါသည်။ အကြောင်းကြောင်းကြောင့် ဆုံးရှုံးခဲ့ရသောလွတ်လပ်ရေးကို ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ရယူနိုင်ခဲ့ပါသည်။
Feb 21, 2024
နိုင်ငံအတွင်းဖြစ်ပေါ်နေသည့် အခြေအနေများအရ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတို့မှာ အရေးကြီးဆုံးသောလုပ်ငန်းတာဝန်များဖြစ်သည်။ တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့ရှိ မြို့၊ ရွာများမှာ လုံခြုံမှုကင်းမဲ့ကာ တည်ငြိမ်အေးချမ်းမှုပျက်ယွင်းလျက်ရှိသည့်အတွက် ဒေသခံပြည်သူတို့မှာ အထိတ်တလန့်၊ ကျီးလန့်စာစားနေထိုင်ကြရသည်။ လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက မြို့၊ ရွာများ၊ နိုင်ငံပိုင်အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခြင်း၊ ၎င်းတို့ကို မထောက်ခံသည့်ဒေသခံ ပြည်သူများကို ဒလန်ဟုစွပ်စွဲ၍ ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ လမ်းတံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိကြသည်။
Feb 20, 2024
မြန်မာနိုင်ငံသည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကို ကျင့်သုံးလျက်ရှိသည်။ လွတ်လပ်၍တက်ကြွသော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိသည်။ အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းလက်တွဲ ဆောင်ရွက်လျက်ရှိသည်။ အထူးသဖြင့် တရုတ်နိုင်ငံနှင့် ဆွေမျိုးပေါက်ဖော်ပေါင်းသင်းဆက်ဆံရေးကို ရှေးအစဉ်အလာမပျက် ဆောင်ရွက်လျက်ရှိသည်။
Feb 20, 2024
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားသည့် အဟန့်အတားကိုဖြစ်စေပြီး နိုင်ငံလုံခြုံရေးအတွက်လည်း အန္တရာယ်ရှိနိုင်သည့် တရားမဝင်ကုန်သွယ်မှုလုပ်ငန်းများမှာ ဖမ်းဆီးရမိမှုတန်ဖိုး ပမာဏများ တစ်နှစ်ထက်တစ်နှစ် ပိုမိုလာသည့်တိုင်အောင် ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သည်ဟုသိရသည်။ အဖမ်းအဆီး မည်မျှများပြားစေကာမူ ဆက်လက်လုပ်ကိုင်နေကြခြင်း၏ သဘောမှာ လုပ်ကိုင်ခွင့်သာနေခြင်း၊ လုပ်ကိုင်၍ရသည့် နည်းလမ်းများရှိနေခြင်းနှင့် အကျိုးအမြတ်များ မစွန့်လွှတ်ချင်လောက်အောင် ရရှိခြင်းတို့ကြောင့်ဟု ဆိုနိုင်သည်။
