Apr 29, 2024
၂၀၂၄ ခုနှစ် နွေရာသီကာလအပူချိန်သည် ဧပြီလ ၂၇ ရက်နေ့တွင် ချောက်မြို့၌ ၄၇ ဒီဂရီဆဲလ်စီးယပ်အထက်သို့ ရောက်ရှိပြီး ကမ္ဘာပေါ်တွင် အပူချိန်အမြင့်မားဆုံး မြို့တစ်မြို့အဖြစ် သတ်မှတ်ကြသည်။ မိုးလေဝသနှင့်ပတ်သက်၍ ယခုရက်ပိုင်းအတွင်း အပူချိန်စံချိန်တင်မြင့်မားလာမည်ဟု ခန့််မှန်းခဲ့ကြသည့်အတိုင်း အပူချိန်မြင့်မားမှုဒဏ်ကို ပြည်သူများခံစားနေကြရသည်။ ဤသို့အပူချိန်မြင့်မားနေခြင်းသည် အယ်လ်နီညိုဖြစ်စဉ်ကြောင့်လည်း အပူလွန်ကဲလာသည်ဟုဆိုနိုင်သည်။
Apr 29, 2024
မူလကတည်ငြိမ်အေးချမ်းလျက်ရှိသည့် လူနေမြို့ရွာများကို အယူဝါဒမတူ၊ အကျိုးစီးပွားမတူသည့် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များအချင်းချင်း ပူးပေါင်း၍ အင်အားအလွန်အကျွံသုံးပြီး တိုက်ပွဲများ ဖော်ဆောင်လာကြသည့်အခါ မြို့ခံ၊ ရွာခံ ပြည်သူတို့ စိုးရိမ်ထိတ်လန့်စွာဖြင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ကြရသည်။ အကြမ်းဖက်အဖွဲ့များ၏ ဥပဒေမဲ့အကြမ်းဖက်လုပ်ရပ်များကို ကြောက်ရွံ့ခြင်းကြောင့် မြို့စွန့်၊ ရွာစွန့်တိုက်ပွဲရှောင်နေကြရသည့် ပြည်သူများ နိုင်ငံတစ်ဝန်းလုံးပေါင်းလျှင် သန်းနှင့်ချီ၍ရှိနေသည်ဆိုသည့် သတင်းများကိုလည်း တွေ့ရသည်။
Apr 28, 2024
၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံရှိ လူဦးရေအားလုံး၏ ၄၆ ဒသမ ၅ ရာခိုင်နှုန်းသည် ကလေးသူငယ်များနှင့် လူငယ်လူရွယ်များဖြစ်ကြောင်း သိရှိရသည်။ နိုင်ငံလူဦးရေ၏ တစ်ဝက်နီးပါးသည် နိုင်ငံတော်၏အနာဂတ်ကို ကောင်းမွေ၊ ဆိုးမွေဖန်တီးပေးမည့် အရင်းအမြစ်များအဖြစ် အသင့်ရှိနေသည်ကို မြင်တွေ့နိုင်သည်။ ထို့ကြောင့် အဆိုပါအရင်းအမြစ်များအားကောင်းသော အမွေဆက်ခံနိုင်ရေးသည် နိုင်ငံတော်နှင့် မိဘပြည်သူများတွင် တာဝန်ရှိနေပေသည်။
Apr 28, 2024
မြန်မာ့ကော်ဖီကို ပြည်ပဈေးကွက် ဝယ်လိုအားတောင်းဆိုမှုများ မြင့်တက်လာနေခြင်းမှာ မြန်မာ့ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများအဖို့ မင်္ဂလာသတင်းကောင်းပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးအတွက် ကော်ဖီစီမံကိန်းကို လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုစာမက ကပင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သော်လည်း အမှန်တကယ်စိုက်ပျိုးမှုများမပြုခဲ့သဖြင့် ပြန်လည်စိစစ်မှု၊ လုပ်ကိုင်ခွင့် ရုပ်သိမ်းမှုများပြုခဲ့ရသည်။ အကယ်၍သာ ထိုစဉ်က စီမံကိန်းရည်မှန်းချက်နှင့်အညီ အမှန်တကယ်စိုက်ပျိုးခဲ့ကြပါလျှင် ယခုအချိန်တွင် ကော်ဖီထုတ်လုပ်မှု အရှိန်အဟုန်ရရှိနေမည်ဖြစ်ပြီး ဈေးကွက်တွင်လည်း နေရာတစ်ခုရရှိနေနိုင်မည်ဖြစ်သည်။
Apr 27, 2024
ကလေးငယ်များသည် ဖူးပွင့်စပန်းပင်လေးများနှင့်တူသည်။ ပြုစုယုယကာကွယ်စောင့်ရှောက်မှုမပြုနိုင်ပါက အချိန်မတိုင်ခင် ပျက်စီးကြွေလွင့်သွားနိုင်သည်။ မိဘများနှင့်ကျန်းမာရေးဆိုင်ရာတို့သည် ဥယျာဉ်မှူးများနှင့်တူပြီး ပန်းကလေးများ ဖူးပွင့်ဝေဆာ လန်းဆန်းရှင်သန်လာအောင် မပြတ်ဂရုစိုက် စောင့်ရှောက်ပေးရသည်။ ကလေးများအတွက် ကာကွယ်ဆေးသည် မိဘမေတ္တာကို ကိုယ်စားပြုသည့် အကာအကွယ်နှင့်တူသည့် လက်ဆောင်တစ်ခုဖြစ်သည်။
Apr 27, 2024
၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ မြန်မာနိုင်ငံလူဦးရေ စုစုပေါင်းတွင် အသက် ၁၅ နှစ်မှ ၁၉ နှစ်အထိ ၉ ဒသမ ၂၀ ရာခိုင်နှုန်း၊ အသက် ၂၀ နှစ်မှ ၂၄ နှစ်အထိ ၈ ဒသမ ၆၁ ရာခိုင်နှုန်း ပါဝင်လျက်ရှိသည်။ အဆိုပါအသက်အရွယ်သည် ယေဘုယျအားဖြင့်ဆိုပါက အခြေခံပညာများနှင့် အဆင့်မြင့်ပညာများကို ကျောင်းများ၊ တက္ကသိုလ်များတွင် သင်ကြားနေကြပြီး အနာဂတ်အတွက် ပြင်ဆင်နေကြရမည့်အရွယ်များဖြစ်သည်။ လူငယ်များသည် အနာဂတ်ကာလ နိုင်ငံတော်ကို ဦးဆောင်မည့်သူများ၊ အနာဂတ်ကာလနိုင်ငံတော်ကို ပုံဖော်တည်ဆောက်မည့်သူများဖြစ်ရာ တန်ဖိုးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်လာအောင် နိုင်ငံတော်က ပြုစုပျိုးထောင်ပေးလျက်ရှိသည်။
Apr 26, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်အတွက် ဦးတည်ချက်(၉)ရပ် ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လူမှုရေးဦးတည်ချက်၌ တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေးကို ချမှတ်ဆောင်ရွက်လျက်ရှိသည်။
Apr 26, 2024
မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အထက်ပိုင်းဒေသများတွင် သင်္ကြန်ကာလအပြီးနှင့် မေလဆန်းရက်များတွင် လေပြင်းတိုက်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်သောကြောင့် သတိထားကြရမည်ဖြစ်သည်။ ယင်းကာလတွင် နေ့အပူချိန်မြင့်မားလျက်ရှိရာ မွန်းလွဲပိုင်းနှင့် ညနေပိုင်းတို့တွင် အပူပျံတက်တိမ်များမှတစ်ဆင့် မိုးတိမ်တောင်များဖြစ်လာကြပြီး အဆိုပါမိုးတိမ်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် လေပြင်းတိုက်ခြင်း၊ မိုးထစ်ချုန်းရွာခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းတို့ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
Apr 25, 2024
မြန်မာနိုင်ငံတွင် ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်သည့် ပဲ၊ ပြောင်း၊ နှမ်း စသည့် ဆီထွက်သီးနှံများကို ပြည်ပသို့တင်ပို့မှုရှိသော်လည်း စားသုံးဆီကို ပြည်တွင်းလိုအပ်ချက်ရှိသမျှ ပြည်ပမှတင်သွင်းနေရသည်။ ဆီထွက်သီးနှံများ ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်နိုင်သော်လည်း ပြည်ပမှ စားသုံးဆီတင်သွင်းနေရမှုကို ဆန်းစစ်သုံးသပ်ကြည့်ရမည်ဖြစ်သည်။ ပြည်တွင်းစားသုံးမှုလိုအပ်ချက်နှင့် စားသုံးဆီထုတ်လုပ်နိုင်မှု ကွာခြားနေသည့်အခြေအနေကို အဖြေရှာဆောင်ရွက်ကြရမည်ဖြစ်သည်။
Apr 25, 2024
မြန်မာတို့၏ နေ့စဉ်အဓိကစားသုံးမှုတွင် ဆန်က ပထမ၊ ဆီက ဒုတိယဖြစ်သည်။ အဓိကစားသုံးသီးနှံ ဆန်နှင့်ဆီတို့ကို ပြည်တွင်း ၌ စိုက်ပျိုးထုတ်လုပ်နိုင်သော်လည်း ဆန်သာလျှင် ဖူလုံပြီး ဆီမဖူလုံမှုကြောင့် လိုအပ်သမျှကို ပြည်ပမှ ဝယ်ယူတင်သွင်းရသည်။ ပြည်တွင်းဆီထုတ်လုပ်မှုမပါ နှစ်စဉ်ပြည်ပမှ ဆီတန်ချိန် ရှစ်သိန်းမှ ကိုးသိန်းအထိ တင်သွင်းနေရခြင်းဖြစ်ရာ ပြည်တွင်း ဆီထွက်သီးနှံ တိုးမြှင့်စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် ပြည်တွင်းဆီ ဖူလုံရေးအတွက် နိုင်ငံတော်က တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။
