၂၀၂၄ ဖေဖော်ဝါရီလ ၁၇
“ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးတဲ့နောက်ပိုင်းမှာ ပြည်ဖျက်မီဒီယာများက ကောလာဟလသတင်းတွေကို လုပ်ကြံဖန်တီးပြီး ပြည်သူများ ကြောက်ရွံ့ထိတ်လန့်အောင် ထုတ်လွှင့်နေတာရှိပါတယ်။ လက်ရှိအချိန်ထိ စစ်မှုထမ်းဆောင်ဖို့ မြေပြင်စာရင်း ကောက်ယူမှုမရှိသေးဘဲ ပြည်သူ့စစ်မှုထမ်းဥပဒေပါအတိုင်း ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ဆဲဖြစ်ပါတယ်။ အဆင့်ဆင့် ဆင့်ခေါ်ရေးကော်မတီများ ဖွဲ့စည်းပြီးမှသာ စစ်မှုထမ်းရန်ဆင့်ခေါ်ခြင်းများကို ဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်မှာဖြစ်ကြောင်း” အသိပေးအပ်ပါသည်။