Skip to main content

“အတင်းစစ်မှုထမ်းခိုင်းလို့ အိပ်မက်ပြိုကွဲရသူ လူငယ်တချို့” ဟု လူငယ်များမှ ဖွင့်ဟပြောဆိုသည့် ပုံစံဖြင့် ဝါဒဖြန့်ချိ

၂၀၂၄ ဖေဖော်ဝါရီ ၁၇

“ပြည်သူ့စစ်မှုထမ်းရမယ့်ကာလကို စစ်မှုထမ်းရမယ့် အသက်အရွယ်ရောက်တဲ့ နိုင်ငံသားတိုင်းက (၂) နှစ်၊ တပ်မတော်စက်မှုလက်မှုပညာသည်တွေနဲ့ ကျွမ်းကျင်သူတွေက (၃) နှစ် တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေပါ စစ်မှုထမ်းရမည့် ကာလအပိုင်းအခြားအား တရားဝင်ပြဋ္ဌာန်းထားပြီးဖြစ်တဲ့အတွက် စစ်မှုထမ်းကာလပြီးဆုံးချိန်မှာလည်း စစ်မှုထမ်းဆောင်ပြီး ကြောင်းလက်မှတ်ကို ကိုင်ဆောင်ကာ နိုင်ငံသားတစ်ယောက်တာဝန်ကျေပွန်ပြီးဖြစ်သည့်အတွက် မည်သည့်နေရာ၊ မည်သည့်အလုပ်အကိုင်မျိုးကိုမဆို ဂုဏ်ယူဝံ့ကြွားစွာနဲ့ သွားလာလုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။ VOA ကဲ့သို့သော ပြည်ဖျက်မီဒီယာများဟာ လူငယ်တွေကို သတင်းမှားတွေ ထုတ်လွှင့်ပြီး နည်းလမ်းမျိုးစုံနဲ့ လမ်းမှားရောက်အောင် ဆောင်ရွက်နေတာကြောင့် နားမယောင်ကြဖို့၊ မယုံကြည်ကြဖို့လိုပါတယ်။ အကြမ်းဖက်အဖွဲ့များထံ သွားရောက်ကြပါက ပြန်လမ်းမဲ့ရောက်ကာ အနာဂတ်များ ဆုံးရှုံးပြီး လူမသိသူမသိဘဝနဲ့ နိဂုံးချုပ်သွားမှာဖြစ်ကြောင်း” အသိပေးအပ်ပါသည်။