၂၀၂၄ ဖေဖော်ဝါရီ ၁၇
“မီဒီယာတချို့နဲ့ လူမှုကွန်ရက်စာမျက်နှာအချို့မှာ ပြည်သူတွေ ပြည်ပထွက်ခွာမှုကို တားဆီးပိတ်ပင်နေတယ်ဆိုတဲ့ ကောလာဟလတွေ ထုတ်လွှင့်နေတာရှိပါတယ်။ ပြည်ပထွက်ခွာ ခွင့်နဲ့ပတ်သက်ပြီး လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ညွှန်ကြားချက်၊ ကန့်သတ်ချက်များ ထုတ်ပြန်တာမရှိပါဘူး။ စိစစ်တားဆီးတာမရှိဘဲနဲ့ လေဆိပ်တွေ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နယ်စပ်ဝင်/ထွက်ဂိတ်တွေမှာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဝင်/ထွက်ခွင့်ပြုခြင်းကို စနစ်တကျ ဝင်/ထွက်ခွင့် ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်ပထွက်ခွာခွင့်နဲ့ပတ်သက်ပြီး သီးခြားထုတ်ပြန်ပြီး ကန့်သတ်ထားတာမရှိဘူးဆိုတဲ့အကြောင်းကို ရှင်းလင်းစွာအသိပေးလိုပါတယ်”။