၂၀၂၄ ဖေဖော်ဝါရီ ၁၇
“ပြည်သူ့စစ်မှုထမ်းဥပဒေမှာ ထမ်းဆောင်ရမည့် အသက်အပိုင်းအခြားနဲ့ ထမ်းဆောင်ရမည့် ကာလ၊ တာဝန်ကနေ ကင်းလွတ်ခွင့်ရရှိသူတွေကို စနစ်တကျ ထည့်သွင်းဖော်ပြထား ပါတယ်။ ယာယီရွှေ့ဆိုင်းခွင့်အတွက်လည်း စနစ်တကျစိစစ်ပေးသွားမှာဖြစ်ပေမယ့် အသက်အရွယ်ကျော်လွန်သွားရင်တောင် သတ်မှတ်ထားတဲ့ ပြည်သူ့စစ်မှုထမ်းဆောင်ရမယ့်ကာလကို ပြည့်မီအောင် ထမ်းဆောင်ရမှာဖြစ်ကြောင်း တိကျစွာထည့်သွင်းပြဋ္ဌာန်းထားရှိပြီးဖြစ်တယ်။ ဒါတွေကို မျိုးချစ်စိတ်ရှိကြတဲ့၊ နိုင်ငံချစ်စိတ်ရှိကြတဲ့ လူငယ်လူရွယ်တွေက မသိနားမလည်ဘဲ ပြည်ဖျက်မီဒီယာတွေနဲ့အကြမ်းဖက်သောင်းကျန်းသူတွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကို နားယောင်ပြီး အသိတရားမဲ့စွာ ဆောင်ရွက်မိရင် တစ်သက်လုံး နောင်တ တရားများထွေးပွေ့ရင်း တောထဲမှာပဲ နေသွားကြရပါမယ်။ လူတိုင်းရွံရှာတဲ့ အကြမ်းဖက်သောင်းကျန်းသူဘဝကို ရောက်ရှိသွားပါလိမ့်မယ်။ ပြည်သူ့စစ်မှုထမ်းတာဝန်ကို ၂ နှစ်တာ ဆောင်ရွက်ပြီးသွားရင် မူလအခြေအနေအတိုင်း မိမိတို့ရဲ့အလုပ်အကိုင်တွေမှာ ဂုဏ်သိက္ခာရှိစွာ ပြန်လည်လုပ်ကိုင်နိုင်မှာဖြစ်ကြောင်း ဥပဒေမှာထည့်သွင်းပြဋ္ဌာန်းထားရှိပြီးဖြစ်ပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းရခြင်းသည်လည်း ဒို့တာဝန်အရေးသုံးပါးကိုစောင့်ထိန်းရန်ဖြစ်တဲ့အတွက် ကျွန်တော်တို့ နိုင်ငံသားတိုင်း စစ်ပညာသင်ကြားဖို့၊ နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်ဖို့အတွက် ရည်ရွယ်ခြင်းသာ ဖြစ်ပါတယ်။ ပြည်ဖျက်မီဒီယာတွေ၊ အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေ၊ မဟုတ်မမှန်သတင်းများ လုပ်ကြံရေးသားပြီး တပ်မတော်အပေါ် အထင်အမြင်လွဲမှားအောင် လုပ်ဆောင်နေမှုတွေကို အလေးမထားဘဲ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိတဲ့ လူငယ်လူရွယ်တွေ အားလုံးက ပြည်သူ့စစ်မှုထမ်းဥပဒေကို ဂုဏ်ယူဝမ်းမြောက်စွာနဲ့ တာဝန်ထမ်းဆောင်ကြဖို့ လိုအပ်မှာဖြစ်ကြောင်း” အသိပေးအပ်ပါသည်။