Skip to main content

သန်လျင်မြို့နယ်တွင် တပ်မတော်က ဖေဖော်ဝါရီ ၁၇ ရက်နေ့ ညပိုင်းနှင့် ယနေ့နံနက်ပိုင်း ဧည့်စာရင်းများ စစ်နေပြီး ဧည့်စာရင်းမတိုင်သော လူငယ်တချို့ ဖမ်းဆီးခေါ်ဆောင်ခံရဟု မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဖေဖော်ဝါရီ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်တွင် တပ်မတော်က ယမန်နေ့ ညပိုင်းနှင့် ယနေ့နံနက်ပိုင်းတို့တွင် ဧည့်စာရင်းများ ဝင်ရောက်စစ်နေပြီး ဧည့်စာရင်းမတိုင်သော လူငယ်တချို့နှင့် မှတ်ပုံတင်မပြနိုင်သော လူငယ်တချို့ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံပြည်သူများက ပြောသည်ဟု မဟုတ်မမှန်သတင်းများကို လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများသည် နိုင်ငံတော်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်သည့်နေ့မှစ၍ ပြည်သူများ စိုးရိမ်ထိတ်လန့်လာစေရန် နည်းလမ်းမျိုးစုံဖြင့် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ကောလာဟလသတင်းများကို ရေးသားဖြန့်ဝေလျက်ရှိရာ ယခုတွင်လည်း သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များက သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်များ ကောက်ခံမှုကို ပြည်ဖျက်မီဒီယာ ခေတ်သစ်က မဟုတ်မမှန်သတင်းများဖြင့် အများပြည်သူ စိုးရိမ်စိတ်များဖြစ်ပေါ်လာစေရန် ဝါဒဖြန့်ချိနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။