Skip to main content

ဒုတိယဝန်ကြီး ဦးမြင့်စိုး ဟားခါးမြို့၌ ဝန်ထမ်းများနှင့် တွေ့ဆုံ

နေပြည်တော် ဖေဖော်ဝါရီ ၂၂

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက ချင်းပြည်နယ်ဟားခါးမြို့ရှိ ဝန်ထမ်းများကို အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံကာ တစ်ဦးချင်း အခက်အခဲများကိုမေးမြန်း၍ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးက ဝန်ထမ်းများအနေဖြင့် လုံခြုံရေးသတိဖြင့် သွားလာနေထိုင်ကြရန်၊ မိမိတို့တန်ဖိုးထားသော ဝန်ထမ်းဘဝမြင့်မားရေးအတွက် အခွင့်အလမ်းများ ရှာဖွေကြိုးစားကြရန်၊ အထက်အောက်အပြန်အလှန်လေးစားမှု၊ ကူညီရိုင်းပင်းမှုတို့ဖြင့် ဌာနတွင်းစည်းလုံးညီညွတ်မှုကို တည်ဆောက်ကြရန်မှာကြားပြီး ဦးစီးဌာနအလိုက်ဝန်ထမ်းများ၏ တင်ပြချက်များကို လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။         

သတင်းစဉ်