Skip to main content

Feb 27, 2024

အိမ်တွင်းလျှပ်စစ် သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့တွင် ကရင်ပြည်နယ် ဘားအံမြို့ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း၌ကျင်းပရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2024

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယမန်နေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ် ပုလဲကျွန်းရှိ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း၏ ပုလဲမွေးမြူထုတ်လုပ်ရေး ကျွန်းစခန်းအတွင်း မုတ်ကောင်များ သားဖောက်မွေးမြူနေမှုနှင့် မုတ်ကောင်များအတွင်း ဝတ်ဆံထည့်သွင်းနေမှု လုပ်ငန်းအဆင့်ဆင့်၊ ဝတ်ဆံသွင်းမုတ်ကောင်များ ထိန်းသိမ်းထားမှု၊ မုတ်ကောင်များအတွင်းမှ ပုလဲထုတ်ယူမှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီးဌာန၏ နှစ်အလိုက် လျာထားချက်များ ပြည့်မီကျော်လွန်အောင် ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်ရှိ တိရစ္ဆာန်ရောဂါရှာဖွေရေး ဓာတ်ခွဲခန်း (မန္တလေး) ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ဗက်တီးရီးယား ဌာနစိတ်၏ အစားအစာလုံခြုံရေး စစ်ဆေးသည့် 3M Petnfilm နည်းပညာအား ISO/IEC: 17025:2017 လက်မှတ်ရရှိရန် ဆောင်ရွက်နေမှုများ၊ တိရစ္ဆာန်ကူးစက်ရောဂါများ၊ တိရစ္ဆာန်မှလူသို့ကူးစက်နိုင်သော ရောဂါများနှင့်မွေးမြူရေး ထွက်ကုန်အစားအစာများဘေးအန္တရာယ်ကင်းရှင်းစေရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး အစားအစာဘေးကင်းစေရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သွားကြရန်နှင့် မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက်လုပ်ငန်းများ ကျွမ်းကျင်မှုရှိစေရေး စဉ်ဆက်မပြတ်လေ့လာအားထုတ်ကြရန် လိုအပ်ချက်များ၊ မွေးမြူရေးအခြေခံ အသေးစား၊ အငယ်စားနှင့်အလတ်စား (MSME) လုပ်ငန်းများ တိုးပွားလာရေး ကူညီအားပေးကြရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2024

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ စာသင်တိုက်များ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများတွင် သီတင်းသုံးလျက်ရှိသည့် သံဃာတော်များနှင့် သီလရှင်များအား ကျန်းမာစွာဖြင့် သာသနာ့တာဝန်များကို ထမ်းဆောင်နိုင်ရန်ရည်သန်၍ တတိယအကြိမ် အသည်းရောင်အသားဝါ ဘီပိုးကာကွယ် ဆေးထိုးနှံခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ပုဗ္ဗသီရိမြို့နယ် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2024

မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၃) ဖြင့် အကောင်အထည် ဖော်ခွင့်ရရှိခဲ့သော စီမံချက်ဖြစ်သည့် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership – RCEP) သဘောတူစာချုပ် အကောင်အထည်ဖော်ရေး အတွက် အသိပညာပေးခြင်းနှင့် အလေ့အကျင့်ကောင်းများ ဖလှယ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ Horizon Lake View Resort ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2024

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များရှိ တပ်မတော်သားမိသားစုဝင် မွေးကင်းစမှ ၅ နှစ်အထိ ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုး/ တိုက်ကျွေးခြင်းနှင့် ဗီတာမင်(A) တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ အားကစားခန်းမ၌ ပြုလုပ်ရာ နယ်မြေခံတပ်မတော်ဆေးတပ်ရင်းမှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများက မန္တလေးတပ်နယ်၊ တပ်ရင်း/တပ်ဖွဲ့များမှ ကလေးငယ် ၃၁၆ ဦးတို့ကို ဝက်သက်၊ ဂျိုက်သိုး၊ (BCG)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေးနှင့် ဗီတာမင်(A)များ ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2024

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြီးကြပ်မှုဖြင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် ဥပဒေပညာဌာနနှင့် နိုင်ငံရေး သိပ္ပံပညာဌာနများ၏ “လူမျိုးသုဉ်းသတ်ဖြတ်ခြင်း တိုင်ကြားမှုများအပေါ် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၏ အရေးယူဆောင်ရွက်မှုများကို ဘာသာရပ်ဆိုင်ရာ ဆန်းစစ်ဆွေးနွေးခြင်း” အခမ်းအနားကို ယနေ့တွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2024

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် သံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုဝန်ကြီးရုံး၊ နိုင်ငံရေးရာဦးစီးဌာန၊ အာဆီယံရေးရာဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာနတို့မှ အရာထမ်းနှင့် အမှုထမ်းဝန်ထမ်းများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2024

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ငူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမသို့ရောက်ရှိရာ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်စိုးနှင့် တာဝန်ရှိသူများက ခရိုင်အတွင်း နယ်မြေဒေသအခြေအနေ၊ မြေပြင်ကွင်းဆင်း ကောက်ယူခဲ့သည့်စာရင်းများ စိစစ်အတည်ပြုဆောင်ရွက်မှု၊ ပန်းခင်းစီမံချက်နှင့် ပြည်လုံးကျွတ်သန်းခေါင် စာရင်းကောက်ယူရေးအတွက် ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2024

ပြည်ထဲရေးဝန်ကြီးဌာန အကျဉ်းဦးစီးဌာန (၁၂) ကြိမ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရုံးအမှတ် (၄၉) ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အကျဉ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေနှင့် အကျဉ်းဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2024

ကရင်ပြည်နယ် သမဝါယမဦးစီးဌာန ဘားအံမြို့နယ်ရှိ သမဝါယမဦးစီးဌာနဝန်ထမ်းများ ငွေစုငွေချေး သမဝါယမအသင်း (လီမိတက်) ၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ခြောက်လကာလနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တို့အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်အဖွဲ့အသစ် ရွေးချယ်တင်မြှောက်ပွဲကို ပြည်နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ ဘားအံမြို့၌ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2024

မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “တစ်နေ့တစ်မျိုးမရိုးရတဲ့ ကောလာဟလများ” ခေါင်းစဉ်ဖြင့် ဖေဖော်ဝါရီ ၂၈ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2024

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်၊ ဦးမျိုးမောင်၊ ဦးတင်ဟုန်နှင့် ဒေါ်သင်းသင်းနွဲ့တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင်

ဆက်လက်ဖတ်ရှုရန်

Feb 27, 2024

မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးအသီးသီးတို့တွင် တာဝန်ထမ်းဆောင်မည့် ဦးစီးအရာရှိများ လုပ်ငန်းခွင်အကြိုစွမ်းရည်မြှင့် သင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2024

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ကလေးများအတွက် အရှေ့တောင်အာရှ ဗီဒီယိုပွဲတော် (Southeast Asia Video Festival for Children- SEAVFC) တည်ထောင်သူဥက္ကဋ္ဌ Ms. ELVIRA YAP Go နှင့်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ၍ စတုတ္ထအကြိမ် SEAVFC ကျင်းပရေးအပါအဝင် လူငယ်ကဏ္ဍတွင် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများကို ဆွေးနွေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2024

မျက်မှောက်ကာလတွင် ဖြစ်ပေါ်လာသော အခြေအနေနှင့်ပတ်သက်၍ ကောလာဟလအမျိုးမျိုး ပေါ်ထွက်နေသည်ကို ကြားသိကြရမည်ဖြစ်သည်။ ပြည်သူများအနေဖြင့် ကောလာဟလသတင်းစကားများအပေါ်အခြေခံပြီး စိုးရိမ်ပူပန်မှု အနည်းအများဖြစ်ပေါ်လေ့ရှိသည်။ အချို့မှာ တရားဝင်သတင်းစကားများကို စူးစမ်းလေ့လာ၍ ဆောင်ရွက်ကြသူများရှိသလို အချို့မှာ စိုးရိမ်ပူပန်စိတ်ဖြင့် လုပ်မှား၊ ကိုင်မှား ဖြစ်ခဲ့ကြသူများရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2024

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ လွိုင်ကော်တက္ကသိုလ်ကို KNPP နှင့် PDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များက လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ကာ ပညာရေးဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများကို အဓမ္မဖမ်းဆီးခေါ်ဆောင်မှု ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်တွင် ဖြစ်ပွားခဲ့ပြီးနောက် ရက်ပေါင်း ၁၀၀ စွန်းစွန်းမျှသာရှိသေးသည့်ကာလ၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၊ ကလေးတက္ကသိုလ်ရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများကို PDF အမည်ခံ အကြမ်းဖက်သမားများက အဓမ္မဖမ်းဆီးခေါ်ဆောင်မှု ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့ပြန်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2024

ဒီနေ့မှာတော့ ယခင်တစ်ပတ်ထဲကအတိုင်း လူမှုကွန်ယက်စာမျက်နှာတွေ၊ အင်တာနက်ဝက်ဆိုဒ်တွေပေါ်မှာ ငွေကျပ် ၂၀၀၀၀ တန် ငွေစက္ကူတွေ ထွက်ရှိမယ်ဆိုပြီးတော့ မဟုတ်မမှန်သတင်းတု သတင်းအမှားတွေ ဆက်တိုက်ထုတ်လွှင့်နေခဲ့တာရှိပါတယ်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2024

လူမှုကွန်ယက်စာမျက်နှာများနှင့် အင်တာနက် Website များတွင် မတ်လအတွင်း ၂၀,၀၀၀/-ကျပ်တန်များ ထွက်ရှိမည်ဆိုသည့် မဟုတ်မမှန် သတင်းတု၊ သတင်းမှားများကြောင့် မော်တော်ကားများ၊ ဒေါ်လာများ ဝယ်ယူစုဆောင်းနေကြကြောင်းနှင့် မော်တော်ကားဈေးများလည်း မြင့်တက်၊ ဒေါ်လာဈေးများလည်း အလွန်မြင့်တက်နေကြောင်း သတင်းများထွက်ပေါ်နေပါသည်။ ၂၀,၀၀၀/-ကျပ်တန် ငွေစက္ကူအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့မှစ၍ အထိမ်းအမှတ်အနေဖြင့် ရည်ရွယ်၍ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်အထိ အများပြည်သူများအား ဟောင်းနွမ်းငွေစက္ကူများဖြင့် အထိမ်းအမှတ်ထုတ်ဝေခဲ့သည့် ၂၀,၀၀၀/-ကျပ်တန်အသစ်များအား အကန့်အသတ်ဖြင့်သာ လဲလှယ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2024

PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ဆင်ခြင်တုံတရားမဲ့စွာဖြင့် နည်းမျိုးစုံအသုံးပြုလျက် လုံခြုံရေးတပ်ဖွဲ့ဝင်များ အလစ်အငိုက်တွင် အကြမ်းဖက်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်