Skip to main content

Nov 28, 2023

အားနည်းသူများအပေါ် အလေးထားဖေးမကူညီခြင်းသည် မင်္ဂလာတရားနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်သည့်အပြင် လူ့အခွင့်အရေးကိုတန်ဖိုးထားပြီး လူသားအချင်းချင်း စာနာထောက်ထားသည့် ကောင်းမြတ်သောအမှုပင်ဖြစ်သည်။ အားနည်းသူဆိုသည်မှာ ကလေးသူငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အို၊ ဆင်းရဲနွမ်းပါးသူနှင့် မသန်စွမ်းသူ စသည့်ခံစားထိခိုက်လွယ်သော လူအုပ်စုများဖြစ်သည်။ ယင်းတို့တွင် အမျိုးသမီးများမှာ ကာယအားဖြင့်လည်းကောင်း၊ ရပ်တည်နေထိုင်မှုအားဖြင့်လည်းကောင်း လိုအပ်ချက်များရှိသဖြင့် အားနည်းသောအုပ်စုတွင် ထည့်သွင်းထားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 28, 2023

ရှမ်းပြည်နယ်(အရှေ့မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင်ရှိသည့် အချို့မြို့နယ်များတွင် တိုက်ပွဲများဖြစ်ပွားမှု၊ ဒေသတွင်းမတည်ငြိမ်မှုများကြောင့် ယာယီနေရပ်စွန့်ခွာကြရသူ၊ တိုက်ပွဲရှောင်ကြရသူများ အများအပြားရှိနေပြီး နီးစပ်ရာမြို့နယ်များမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များက ကူညီစောင့်ရှောက်မှုများ ပြုပေးနေကြရသည်။ တိမ်းရှောင်ကြရသူများတွင် သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ၊ ကလေးငယ်များအပါအဝင် မိသားစုများ၊ ဒေသခံများသာမက ရေကြည်ရာမြက်နုရာ လာရောက်နေထိုင် လုပ်ကိုင်စားသောက်နေကြရသူများလည်း ပါဝင်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 27, 2023

ယနေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများအတွက် နေ့ထူးနေ့မြတ် တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့) ဖြစ်သည်နှင့်အညီ မန္တလေးမြို့ရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ ကုသိုလ်ကောင်းမှုပြုကြသူများ၊ အပန်းဖြေစခန်းများ၌ လာရောက်အပန်းဖြေကြသူများဖြင့် မြို့လုံးအနှံ့ စည်ကားများပြားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 27, 2023

ဘီးလင်းမြို့နယ်၊ ဝင်းကနယ်မြေရဲစခန်းနှင့် တောင်စွန်းအကျဉ်းဦးစီးဌာနမှ အကျဉ်းသားများအပါအဝင် ဝန်ထမ်းများသည် အကြမ်းဖက်သောင်းကျန်းသူများက တိုက်ခိုက်လာမည်ကိုစိုးရိမ်သဖြင့် စခန်းအားစွန့်ခွာ၍ တိမ်းရှောင်သွားပြီဖြစ်ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ကောလာဟလသတင်းများ လုပ်ကြံဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 27, 2023

ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာအေးထွန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဒက္ခိဏသီရိမြို့နယ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအကူအညီဖြင့် ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံရောဂါထိန်းချုပ်နှိမ်နင်းရေးဗဟိုဌာနနှင့် ကျန်းမာရေးဝန်ထမ်း သင်တန်းကျောင်းတည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 27, 2023

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် သယံဇာတနှင့်ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့်အတူ နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒဂုံအရှေ့ပိုင်းမြို့နယ်ရှိ United Paper Co.,Ltd. ၏ ထုပ်ပိုးစက္ကူစက်ရုံ၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ နီလာပျော့ဖတ်နှင့် စက္ကူစက်ရုံတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 27, 2023

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက်မြို့ ပင်ဖြစ်ကျေးရွာသို့ရောက်ရှိပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ရောင်ခြည်ဦးစိုက်ပျိုးထုတ်လုပ်ရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း၏ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးခဲ့မှုအ

ဆက်လက်ဖတ်ရှုရန်

Nov 27, 2023

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယမန်နေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာအုပ်စု၌ တောင်သူများနှင့် တွေ့ဆုံပြီး စက်ကိရိယာများအသုံးပြု၍ ဆောင်းသီးနှံအချိန်မီစိုက်ပျိုးနိုင်ရေးနှင့် သီးနှံစုံအကန့်လိုက်စိုက်ပျိုး နည်းစနစ်များကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 27, 2023

နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့၊ လူနေမှုဘဝမြင့်မားစေဖို့နဲ့ လူမှုစီးပွားဘဝလုံခြုံတိုးတက်စေဖို့အတွက် အဓိကက လျှပ်စစ်စွမ်းအားကဏ္ဍဟာ အရေးကြီးပါတယ်။ NUG, PDF အကြမ်းဖက် သောင်းကျန်းသူများနဲ့ အချို့သော EAOs အဖွဲ့များဟာ မြန်မာနိုင်ငံရဲ့ လျှပ်စစ်စွမ်းအားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို နည်းလမ်းပေါင်းစုံနဲ့ အဓိကထား တိုက်ခိုက်နေတာကိုတွေ့ရပါတယ်။

ဆက်လက်ဖတ်ရှုရန်

Nov 27, 2023

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးပရိဝုဏ်တွင် ယမန်နေ့ညနေပိုင်းမှစတင်၍ တန်ဆောင်တိုင်မီးထွန်းပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 27, 2023

ပြည်ထောင်စုနယ်မြေနေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားပူဇော်အောင်မြင်ခဲ့သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်တွင် တန်ဆောင်တိုင်မီးထွန်းပွဲတော် ဒုတိယနေ့အဖြစ် စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပရာ အနယ်နယ်အရပ်ရပ်မှ ပါဝင်ဆင်နွှဲကြသည့် ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကား လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 27, 2023

တန်ဆောင်မုန်းလသည် မိုးလေတို့ကင်းစင်၍ကောင်းကင်၌ ကြည်လင်ကာ ကြယ်တာရာနက္ခတ်တို့ စုံလင်စွာထွန်းပသည်။ ဆောင်းလဖြစ်သည်နှင့်အညီ လောကဓာတ်တစ်ခွင် စိမ်းစိုအေးချမ်းနေသည်။ ထိုလကို “မာသေသု သရဒံရမဏိယံ - လတို့တွင် တန်ဆောင်မုန်းလသည် မွေ့လျော်ဖွယ်ကောင်း၏” ဟူ၍ ရှေးစာတို့က ဆိုကြသည်။ ယင်းသို့ ကြည်နူးမွေ့လျော်ဖွယ်ရာ တန်ဆောင်မုန်းလပြည့်ညတစ်ညတွင် ဗုဒ္ဓဘာသာသမိုင်း၌ ထင်ရှားသောဖြစ်ရပ်တစ်ခု မြတ်စွာဘုရား ရှင်လက်ထက်တော်အခါက ဖြစ်ပွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 27, 2023

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ခြင်း ဒုတိယမြောက်နေ့ဖြစ်သည့် နိုဝင်ဘာ ၂၆ ရက် ညပိုင်းတွင် ရဟန်းရှင်လူပြည်သူများဖြင့် စည်ကားလျက်ရှိပြီး ယင်းသို့တန်ဆောင်တိုင်မီးထွန်း ပွဲတော်တွင် ပါဝင်ဆင်နွှဲကြသူများအနက်မှ တချို့အား တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ရပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 27, 2023

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းတို့သည် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ United Paper စက္ကူစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 27, 2023

ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ဒုတိယဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က စစ်ကိုင်းမြို့ရှိ ဒီဇယ်စက်ခေါင်း စက်ရုံ(ရွာထောင်)နှင့် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ လူစီးတွဲနှင့် ကုန်တွဲစက်ရုံ (မြစ်ငယ်)တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 27, 2023

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ All- China Youth Federation မှ Mr. Zhou Xiaop-ing ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ Navata Hotel ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Nov 27, 2023

ယနေ့သည် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့ဖြစ်သည်။ ဗုဒ္ဓဘာသာတရားတော်အရ သာမညဖလအခါတော်နေ့ဟုလည်း သတ်မှတ်ထားသည်။ ယဉ်ကျေးမှုအစဉ်အလာအရ ဆီမီးတန်ဆောင်ထွန်းညှိပူဇော်သည့် တန်ဆောင်တိုင်မီးထွန်းပွဲတော် ကျင်းပသည့်နေ့ဖြစ်သည်။ တန်ဆောင်မုန်း လပြည့်နေ့တွင် ကထိန်သင်္ကန်းကပ်လှူခြင်းတို့အပြင် သာမညဖလအခါတော်နေ့ကိုပါ ယှဉ်တွဲကျင်းပကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 26, 2023

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 26, 2023

လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက် ပူးပေါင်းအဖွဲ့များသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင်ဘဏ်များ၊ ဌာနဆိုင်ရာရုံးများ၊ နိုင်ငံတော်ပိုင်ပစ္စည်းများ၊ ပုဂ္ဂလိကပိုင်ပစ္စည်းများ၊ စက်ရုံ၊ အလုပ်ရုံများ၊ တယ်လီဖုန်းတာဝါတိုင်များနှင့် လျှပ်စစ်ဓာတ်အားလိုင်းတာဝါတိုင်များအား မီးရှို့ဖျက်ဆီးခြင်းနှင့် ပစ္စည်းများအား လုယက်ခြင်းစသည့် အဖျက်အမှောင့်လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်