Nov 26, 2023
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများအပါအဝင် နိုင်ငံတော် တည်ငြိမ်အေးချမ်း ရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သောပြည်ပနိုင်ငံ သားများအနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရှိရသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် လွှဲပြောင်းပေးအပ်လျက်ရှိသည်။
Nov 26, 2023
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်းလျက်ရှိသည်။
Nov 26, 2023
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ်တော် ဝတ္ထုကံတော်အတွင်းရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပထမအကြိမ် မသိုးရွှေကြာသင်္ကန်းတော် ရက်လုပ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ဗုဒ္ဓဥယျာဉ်တော်ဝတ္ထုကံတော်အတွင်းရှိ ရေပန်းရင်ပြင်တော်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညိုကြသည်။
Nov 26, 2023
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ နမ့်ဆီးကျေးရွာအုပ်စုရှိ စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)ပင်းပက်သံမဏိစက်ရုံ စီမံကိန်းတွင် လက်နက်ခဲယမ်းများ ထုတ်လုပ်ရန်၊ ယူရေနီယမ်ကိစ္စနှင့်လည်း ပတ်သက်ဆက်နွယ်နေပြီး လက်ရှိတွင် နမ့်တဘက်ချောင်းတစ်လျှောက် နေထိုင်သည့် ဒေသခံထောင်ပေါင်းများစွာ၏ အသက်မွေးဝမ်းကြောင်းနှင့် လယ်ယာမြေများကို ဖျက်ဆီးရန် ချိန်းခြောက်လာနေကြောင်း၊ စီမံကိန်းကြောင့် သက်လတ်ပိုင်းလူနာအများစုသည် အဆုတ်ကင်ဆာရောဂါ ခံစားနေကြရကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး-PYOထံက သိရသည်ဟု မဟုတ်မမှန်သတင်းများ လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိကြောင်းတွေ့ ရှိရသည်။
Nov 26, 2023
တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ ပင်လယ်ဘက်ရှိရွာများမှ ရေလုပ်သားများကို တပ်မတော်က လူသစ်စုဆောင်းနေကြောင်း၊ အလားတူ နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်းရှိ ကျေးရွာများကို ပျူစောထီးသင်တန်းတက်ရန် တစ်ရွာကို လူ ၆ ဦး တောင်းခံလျက်ရှိကြောင်း ဒေသပြည်သူများက ပြောသည်ဟု ပြည်ဖျက်မီဒီယာတစ်ခုဖြစ်တဲ့ Khit Thit Media က မဟုတ်မမှန်သတင်းများကို လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။
Nov 26, 2023
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရွာသာကြီး Dry Port ၌ ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော ဆိုင်ကယ်အပိုပစ္စည်းဖြစ်သည့် KENKO Chain & Sprocket ၁၁၀၀၈ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၂၁၆၂၆၄)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀၀)(စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၆၂၁၆၂၆၄)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Nov 26, 2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီ လိတ်မြို့တွင် ငွေကျပ်သိန်း ၄၃၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်း ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Nov 26, 2023
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားသည် တန်ဆောင်တိုင် ရုံးပိတ်ရက်ကာလအတွင်း ခရီးသွားမိဘပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုများ အဆင်ပြေစွာ ခရီးသွားလာနိုင်ရန်အတွက် ရန်ကုန်-နေပြည်တော်-ရန်ကုန်၊ ရန်ကုန်-မော်လမြိုင် ရန်ကုန်နှင့် ရန်ကုန်- ပြည်-ရန်ကုန် ခရီးစဉ်များကို အထူးရထားများဖြင့် အစုန်/အဆန် ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
Nov 26, 2023
မြန်မာနိုင်ငံတွင် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်သည် “ဝါ” ထွက်ရှိမှုအားကောင်းသော ခရိုင်တစ်ခု ဖြစ်သည့် အလျောက် “ဝါ” စိုက်ပျိုးပြီး “ဝါပင်” မှ ထွက်ရှိသော “ဝါဂွမ်း” ဖြင့် ဘက်စုံသုံး ဂွမ်း၊ ပတ်တီးအမျိုးမျိုးနှင့် ကျန်းမာရေးအထောက်အကူပြုဆေးဂွမ်းများကို ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့် ပထမဆုံး ဖြန့်ဖြူးရောင်းချလျက်ရှိသော ပြည်မြို့မှ Y2K ဂွမ်းလုပ်ငန်းမှာ ဈေးကွက်အတွင်း အောင်မြင်လျက်ရှိသည်။
Nov 26, 2023
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချုံချင့်မြူနီစီပယ်အစိုးရ နိုင်ငံခြားရေးရာဌာန၏ ဖိတ်ကြားချက်အရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချုံချင့်မြို့၌ နိုဝင်ဘာ ၂၂ ရက်မှ ၂၄ ရက်အထိ ကျင်းပသည့် ၂၀၂၃ ခုနှစ် စစ်ချွမ်း-ချုံချင့်ဒေသနှင့် မဲခေါင်ဒေသခွဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်(2023 Sichuan-Chongqing & Mekong Countries Sub-National Cooperation Forum) သို့ တက်ရောက်ခဲ့သည်။
Nov 26, 2023
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကကြီးမှူး၍ ၂၀၂၃ ခုနှစ် စက်မှုထုတ်ကုန် ပစ္စည်း၊ စက်ယန္တရားနည်းပညာပြပွဲ၊ တန်ဆောင်တိုင်ဈေးရောင်းပွဲနှင့် မီးထွန်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်၌ ကျင်းပသည်။
Nov 26, 2023
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မကွေးမြို့ မင်းကံကြီးရပ်ကွက်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Nov 26, 2023
တရုတ်ပြည့်သူ့သမ္မတနိုင်ငံအနေနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တောင်ပိုင်းစစ်ဒေသကြီးရဲ့ ပုံမှန်စစ်ရေးလေ့ကျင့်မှုကို နိုဝင်ဘာလ ၂၅ ရက်နေ့မှာ စတင်လုပ်ဆောင်မှာဖြစ်ပါတယ်။ လုပ်ဆောင်မယ့်နေရာကတော့ တရုတ် - မြန်မာနိုင်ငံနယ်စပ်ဒေသမှာ ဖြစ်ပါတယ်။ လုပ်ဆောင်ရခြင်းရဲ့ရည်ရွယ်ချက်ကတော့ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ နယ်မြေဒေသလုံခြုံအေးချမ်းရေးအတွက်
Nov 26, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံး၌ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ဒေသ၏လယ်ယာကုန်ထုတ်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး၊ တစ်ဧကချင်း၏ သီးထပ်စွမ်းအား မြှင့်တင်နိုင်ရေးနှင့် လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
Nov 26, 2023
MNDAA, TNLA, AA အကြမ်းဖက်သောင်းကျန်းသူများအနေနဲ့ တရုတ်- မြန်မာ နှစ်နိုင်ငံ စီးပွားရေးဆက်သွယ်ရေးမှာ အဓိကကျတဲ့ မန္တလေး - မူဆယ် ပြည်ထောင်စု လမ်းမကြီးတစ်လျှောက်မှာ တံတားများကို ဖောက်ခွဲဖျက်ဆီးတာတွေ၊ လမ်းများ ပိတ်ဆို့တာတွေ၊ လမ်းတွေကိုဖျက်ဆီးတာတွေကိုဆောင်ရွက်ပြီး နှစ်နိုင်ငံစီးပွားရေးဆက်သွယ်ရေးနဲ့ ပြည်သူလူထုရဲ့ စီးပွားရေးကို လူမှုဘဝတည်ငြိမ်ရေးကို ထိခိုက်စေရုံ သာမကဘဲနောက်ပိုင်း တရုတ်-မြန်မာနှစ်နိုင်ငံရဲ့စီးပွားရေးနဲ့ ဆက်ဆံရေး မဟာဗျူဟာကျတဲ့ တရုတ် - မြန်မာ ရေနံဓာတ်ငွေ့ ပိုက်လိုင်းကိုပါ အနှောင့်အယှက်ပေးလာတာကို တွေ့ရပါတယ်။ TNLA, AA ပူးပေါင်း အကြမ်းဖက်အဖွဲ့အနေနဲ့
Nov 26, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် ကျောက်ချက်ကျေးရွာအနီး ကျောက်ချက်တံတား အောက်ဆင်သေချောင်းအတွင်း တစ်နှစ်ပတ်လုံး ရေထိန်းထားရန်နှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည် သန့်ရှင်းသာယာလှပစေရေး စီမံဆောင်ရွက်ရန်အတွက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ယာယီရေထိန်းတမံတည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Nov 26, 2023
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်း သီးနှံပဲတီစိမ်း GAP နည်းစနစ်ဖြင့် ဧက ၂၀၀ စိုက်ပျိုးမည့် ကျုံကန်ကျေးရွာမှ တောင်သူဦးကြီးများအား သွင်းအားစုသဘာဝမြေဩဇာရွက်ဖျန်းဆေးနှင့် တမာပိုးသတ်ဆေးများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျောက်တန်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ ပြုလုပ်ခဲ့သည်။
Nov 26, 2023
၂၀၂၃ ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီက ဦးဆောင်၍ ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် ရှိ Hotel Max ၌ ကျင်းပသည်။
Nov 26, 2023
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန တိုင်းဒေသကြီးရုံးခန်းမ၌ ဦးစီးဌာန၊ အဖွဲ့ရုံးတို့မှ ရုံးခွဲတာဝန်ခံများနှင့်တွေ့ဆုံ သည်။
Nov 26, 2023
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထား ပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးပရိဝုဏ်တွင် ယနေ့ညနေပိုင်းမှ စတင်၍ တန်ဆောင်တိုင်မီးထွန်း ပွဲတော်အားစည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။
