နေပြည်တော် နိုဝင်ဘာ ၂၆
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် သယံဇာတနှင့်ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့်အတူ နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒဂုံအရှေ့ပိုင်းမြို့နယ်ရှိ United Paper Co.,Ltd. ၏ ထုပ်ပိုးစက္ကူစက်ရုံ၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ နီလာပျော့ဖတ်နှင့် စက္ကူစက်ရုံတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူ ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်၌ကျင်းပသည့် ၂၀၂၃ ခုနှစ် စက်မှုထုတ်ကုန်ပစ္စည်းများ၊ ကုန်ထုတ်လုပ်မှု စက်ယန္တရားနည်းပညာပြပွဲနှင့် တန်ဆောင်တိုင် ဈေးရောင်းပွဲတော်တို့၌ ခင်းကျင်းပြသသည့် ထုတ်ကုန်ပစ္စည်းများကို လှည့်လည်ကြည့်ရှု အားပေး သည်။
အဆိုပါပြပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ၊ UMFCCI နှင့် ညီနောင်အသင်းများဖြစ်သည့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီစက်လုပ်ငန်းရှင်များအသင်း၊ MSME လုပ်ငန်းများ၊ မြန်မာနိုင်ငံလက်လီရောင်းချ သူများအသင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့မှ စက်မှုထုတ်ကုန်များ၊ တိုင်းရင်းသားရိုးရာစားသောက် ကုန်များ၊ စားသောက်ဆိုင်များ စုစုပေါင်း ၅၃၃ ဆိုင် ဖွင့်လှစ်ပြသရောင်းချလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်