Nov 26, 2023
တန်ဆောင်မုန်းလသည် မြန်မာ့တစ်ဆယ့်နှစ်လရာသီတွင် အဋ္ဌမမြောက်လဖြစ်သည်။ တန်ဆောင်မုန်းကို ပုဂံခေတ်ကျောက်စာတွင် “တန်ဆောင်မှုန်၊ တန်ဆောင်မှုန်း”ဟု ရေးထိုးထားကြသည်။ ယင်းမှတစ်ဖန် တန်ဆောင်မုန်းဖြစ်လာဟန်တူသည်။ “တန်ဆောင်”သည် မီးရှူး၊ မီးတိုင်၊ ဆီမီးဟု အဓိပ္ပာယ်ရသည်။ “မှုန်း” မှာ တောက်ပစေခြင်း၊ ထွန်းညှိခြင်းဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် ဆီမီးတန်ဆောင် ထွန်းပြောင်သောလဟု ဆိုနိုင်သည်။
Nov 26, 2023
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်၌ ၂ဝ၂၃ ခုနှစ် ထုတ်ကုန် စက်ပစ္စည်းများ နည်းပညာပြပွဲ၊ စက်မှုထုတ်ကုန်ပစ္စည်းများပြပွဲနှင့် တန်ဆောင်တိုင် ဈေးရောင်းပွဲတော်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်၌ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ UMFCCI နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ စက်မှုဇုန် အသီးသီးမှ တာဝန်ရှိသူများ၊ စက်မှုလုပ်ငန်းရှင်များ၊ MSME လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
Nov 26, 2023
ဖိလစ်ပိုင်သမ္မတနိုင်ငံ မနီလာမြို့ Sofitel Philippine Plaza Manila ဟိုတယ်၌ နိုဝင်ဘာ ၂၆ ရက်မှ ၃၀ ရက်အထိ ကျင်းပပြုလုပ်မည့် အာဆီယံနိုင်ငံများ စစ်မှုထမ်းဟောင်းအဖွဲ့၏ (၃၅) ကြိမ် မြောက် အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးနှင့် (၂၂) ကြိမ်မြောက် အထွေထွေညီလာခံသို့ တက်ရောက်ရန် မြန်မာနိုင်ငံစစ်မှု ထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ (၁) ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် (ငြိမ်း) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲ ပိုင်းတွင် ရန်ကုန်မြို့ မင်္ဂလာဒုံအပြည်ပြည်ဆိုင်ရာ လေဆိပ်မှလေကြောင်းခရီးဖြင့် ဖိလစ်ပိုင် သမ္မတနိုင်ငံ မနီလာမြို့သို့ထွက်ခွာသွားသည်။
Nov 26, 2023
လယ်ယာကဏ္ဍသီးနှံများ ထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် အရည်အသွေး ကောင်းမွန်ရေးတို့အတွက် မြေ၊ ရေနှင့် လုပ်အား အရင်းအမြစ်များအပြင် လယ်ယာသွင်းအားစု များအနက်မှ တစ်ခုဖြစ်သည့် မြေဩဇာကို လိုအပ်သည့်ပမာဏ၊ လိုအပ်သည့်အချိန် အတိုင်း အသုံးပြုနိုင်ရေးသည်လည်း အရေးကြီးသည်။ မိမိတို့နိုင်ငံတွင် စိုက်ပျိုးရေးအတွက် ဓာတ်မြေဩဇာကို လိုအပ်ချက်နှင့်အညီ ထုတ်လုပ်ဖြည့်ဆည်းပေးနိုင်စွမ်းမရှိခြင်းကြောင့် ပြည်ပမှ တင်သွင်းနေရသည်။ ကမ္ဘာ့နိုင်ငံများတွင် ဓာတ်မြေဩဇာဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် စိုက်ပျိုးတောင်သူများအနေဖြင့် အရည်အသွေးပြည့်ဝသော မြေဩဇာများ ရရှိသုံးစွဲနိုင်ရေး၊ စိုက်ပျိုးထုတ်လုပ်မှု လျော့နည်းကျဆင်း မသွားစေရေးတို့အတွက် ကြိုးပမ်းရုန်းကန်နေကြရကြောင်း သိရသည်။
Nov 25, 2023
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများအပါအဝင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သောပြည်ပနိုင်ငံသားများအနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရှိရသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့်စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်လျက်ရှိပါသည်။
Nov 25, 2023
အကြမ်းဖက်သမားများအနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် ရုံးဌာနအဆောက်အဦများ၊ စာသင်ကျောင်းများ၊ အများပြည်သူ နေထိုင်လျက်ရှိသော နေအိမ်များ၊ လမ်း၊ တံတားများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ ကျေးရွာများအတွင်း ဝင်ရောက်၍ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်ခြင်းစသည့် အကြမ်းဖက် လုပ်ရပ်များကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင် လျက်ရှိသည်။
Nov 25, 2023
TNLA အဖွဲ့နှင့် PDF အမည်ခံပူးပေါင်းအကြမ်းဖက်သမားများသည် ဒေသအတွင်းတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် အစိုးရအုပ်ချုပ်မှုယန္တရားများ ပျက်ပြားစေရန်အတွက် အကြမ်းဖက်လုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိသည်။
Nov 25, 2023
(၃၁)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ (AARM-31)ကို နိုဝင်ဘာ ၂၀ ရက်မှ ၂၄ ရက်ထိ ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းမှလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
Nov 25, 2023
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Nov 25, 2023
ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး မာရဝိဇယဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်အတွင်းရှိ မာရဝိဇယကျောင်းတော် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ မာရဝိဇယကျောင်းတော်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့တက်ရောက်၍ ကထိန်လျာ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
Nov 25, 2023
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိ သောလုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်းလျက်ရှိသည်။
Nov 25, 2023
ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ခြင်း ဖွင့်ပွဲအခမ်း အနားကို ယနေ့ညနေပိုင်းတွင် မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ရေပန်းရင်ပြင်တော်၌ စည်ကား သိုက်မြိုက်စွာဖြင့်ကျင်းပပြုလုပ်သည်။
Nov 25, 2023
ကမ်းရိုးတန်းဒေသတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ တောင်ကလေးကျေးရွာသို့ ရောက်ရှိကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သောင်းသောင်းဖျဖျကြိုဆိုနှုတ်ဆက်ကြသည်။
Nov 25, 2023
ပဲခူးတိုင်းဒေသကြီး၊ အရှေ့ခြမ်းရှိ ကျေးရွာတချို့မှာ နိုဝင်ဘာလ ၂၄ ရက်နေ့ညပိုင်းက ပြည်သူ့စစ်ထာက်ပံ့ကြေးအတွက်ဆိုပြီး တစ်အိမ်ထောင်လျှင် ၂၀၀၀ ကျပ်ထည့်ရန် အုပ်ချုပ်ရေးအဖွဲ့များမှ အသံချဲ့စက်နဲ့အသိပေးခဲ့ပြီး မဖြစ်မနေထည့်ဝင်ရမယ်ဆိုပြီး ခြိမ်းခြောက်သွားကြောင်း၊ ဒေသခံများကို နည်းလမ်းမျိုးစုံဖြင့် ငွေကြေးရယူမှုတွေမကြာခဏလုပ်နေကြောင်း၊ ကဝမြို့ဒေသခံများမှ ပြောကြားချက်အရ သိရှိရတယ်လို့ မဟုတ်မမှန်သတင်းများ လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။
Nov 25, 2023
ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ရှိ သန်လျင်ရေတပ်စခန်းဌာနချုပ်မှ တပ်ဖွဲ့ဝင် ၁၇ ဦးက လက်နက်အချို့ယူဆောင်ပြီး တပ်မှထွက်ပြေးသွားကြောင်း ကောလာဟလသတင်းများ လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
Nov 25, 2023
စစ်ကောင်စီသည် နေပြည်တော်သို့ တပ်အင်အား ၁၄၀၀၀ ရွှေ့ပြောင်းပြီး ၎င်းတို့၏ဌာနချုပ်ကို တစ်နိုင်ငံလုံးရှိ ထိုးစစ်မှကာကွယ်ရန် ပြင်ဆင်နေကြောင်း ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းတု သတင်းမှားများ ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
Nov 25, 2023
နေပြည်တော်ရှိ ဌာနဆိုင်ရာအသီးသီးမှ အမျိုးသား Non CDM များကို အကြမ်းဖက်စစ်ကောင်စီက ကိုယ်အလေးချိန်နှင့် အရပ်တိုင်းပြီး ရှေ့တန်းလွှတ်ရန်အတွက် စစ်သင်တန်းပေးရန် စာရင်းစတင်ကောက်ယူနေတယ်လို့ ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းတု သတင်းမှားများ ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
Nov 25, 2023
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် MEVM စက် ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများကို မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းတစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် လယ်ဝေးမြို့နယ်အတွင်း စတုတ္ထနေ့အဖြစ် လယ်ဝေးမြို့နယ် စည်ပင်သာယာရေး ကော်မတီ သီရိမင်္ဂလာခန်းမ၌ ဆက်လက်ဆောင်ရွက်သည်။
Nov 25, 2023
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယမန်နေ့က မြိတ်တက္ကသိုလ်၌ကျင်းပသော သမုဒ္ဒရာနှင့် ကမ္ဘာမြေသိပ္ပံဆိုင်ရာ သုတေသနညီလာခံအစည်းအဝေးသို့ တက်ရောက်၍ အမှာစကား ပြောကြားပြီး တက္ကသိုလ်ရှိ စာကြည့်တိုက်နှင့် စာသင်ခန်းများကို ကြည့်ရှုစစ်ဆေးသည်။
Nov 25, 2023
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ပြည်ထောင်စုအဆင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ၏ (၂/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ပြည်ထောင်စုအဆင့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဒေါက်တာ တင်ထွဋ်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
