Dec 03, 2023
ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသည် ၂၀၂၂ ခုနှစ်အတွင်း ပထမအကြိမ်ထုတ်ဝေခဲ့သည့် စာအုပ်များကို စိစစ်ရွေးချယ်ခဲ့ပြီး အမျိုးသားစာပေဆုချီးမြှင့်ရန် ရွေးချယ်ခံရသော စာအုပ်များနှင့် စာရေးဆရာများ၏ အမည်စာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာ ဆုရရှိသူများအား မြန်မာ့အလင်းမှ တွေ့ဆုံမေးမြန်းမှုများကို ဆက်လက်ဖော်ပြလိုက်ပါသည်။
Dec 03, 2023
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ရာတွင် အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် လုပ်ငန်းသုံး National Ice Maker And Refrigerator တစ်လုံး၊ Sapporo Japan Beer ဘူး ၄၈၀၊ ဂျပန်နိုင်ငံထုတ် Collagen ဘူး ၈၀၀ အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၆၇၁၀၀၀၀)၊ ကုန်သေတ္တာနှစ်လုံးအတွင်းမှ သွင်းကုန်လိုင်စင်တင်ပြနိုင်ခြင်းမရှိသည့် Capacitor Start Motor အလုံး ၁၀၀ အပါအဝင် ကုန်ပစ္စည်း ၁၈ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၇၇၇၁၅၀၀)နှင့် ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် လျှပ်စစ်ထမင်းပေါင်းအိုး အလုံး ၁၅၀ အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀)ကိုလည်းကောင်း၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ မြိတ်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် AIKONI Motor Oil ကီလိုဂရမ် ၂၀၀ အပါအဝင် ကုန်ပစ္စည်း ၁၀ မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၀၁၇၀၀၀)နှင့် အဆိုပါ ပစ္စည်းများတင်ဆောင်လာသည့် Higer Express တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၁၄၉၈၅၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Dec 03, 2023
တောင်ဥက္ကလာပနှင့် တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
Dec 03, 2023
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ငွေကျပ် သိန်း ၇၇၀၀ တန်ဖိုးရှိ ဘိန်းဖြူ ၁၅ ဒသမ ၄ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Dec 03, 2023
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များအတွက် လက်တွေ့ကျကျအထောက်အကူပြုနိုင်သည့် အရည်အသွေးပြည့်မီသော အင်ဂျင်နီယာကောင်းများကို မွေးထုတ်ဆောင်ရွက်လျက်ရှိရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့က ပုသိမ်မြို့ရှိ သိပ္ပံနှင့်နည်းပညာဆိုင်ရာ တက္ကသိုလ်/ကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးသည်။
Dec 03, 2023
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်း (၁/၂၀၂၃) ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန သင်တန်းကျောင်း၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
Dec 03, 2023
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် နှောကုန်းကျေးရွာအုပ်စုရှိ နှောကုန်းကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ သဲအင်းဂူဗဟိုဌာနချုပ်ကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
Dec 03, 2023
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေနေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Dec 03, 2023
မြန်မာနိုင်ငံစာရေးဆရာအသင်းက ၁၃၈၅ခုနှစ် မြန်မာနိုင်ငံစာဆိုတော် နေ့အထိမ်းအမှတ် (၃၆)ကြိမ်မြောက် သက်ကြီးစာပေပညာရှင် ၂၇၈ ဦးအား ပူဇော်ကန်တော့ရန်အတွက် စေတနာရှင်များက အလှူငွေများ ဆက်လက်လှူဒါန်းလျက်ရှိသည်။
Dec 03, 2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားနေသည့် နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ ကျောင်းသား၊ ကျောင်းသူများအတွက် ဒုတိယအကြိမ် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ အောင်ငြိမ်းအေးခန်းမ၌ ပြုလုပ်ရာတိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်နှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
Dec 03, 2023
ကျွန်တော်တို့ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးနဲ့ မြန်မာ-တရုတ် ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းလုပ်ဆောင်ရန်အတွက် ရောက်ရှိနေတဲ့ တရုတ်နိုင်ငံကစစ်ရေယာဉ်များနဲ့ မြန်မာနိုင်ငံက စစ်ရေယာဉ်များဟာ မနေ့ကညနေကတည်းက ပူးပေါင်းရေကြောင်း လုံခြုံရေးလေ့ကျင့်ခန်းဆောင်ရွက်ခဲ့ပါတယ်။ ဒီမနက်မှာတော့ ရေပြင်ရန်ကာကွယ်ရေး၊ ဝေဟင်ရန်ကာကွယ်ရေး၊ ရေအောက်ရန်ကာကွယ် ရေးလေ့ကျင့်ခန်းများကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်တဲ့နေရာကတော့ ရဲတံခွန်ရေနံမြေရဲ့ မြောက်ဘက်ပင်လယ်ပြင်မှာ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အားလုံးရေကြောင်း လုံခြုံရေးလေ့ကျင့်ခန်း အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သိရှိရပါတယ်။
Dec 03, 2023
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဥပ္ပါတသန္တိစေတီတော်မြတ် ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ ပျဉ်းမနားမြို့ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇဘဒ္ဒန္တဝိမလဗုဒ္ဓိ မဟာထေရ်မြတ်အား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
Dec 03, 2023
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းသည် မန္တလေးတိုင်းဒေသကြီး ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံကြီး၌ မန္တလေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာနနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် - မန္တလေးတို့ ပူးပေါင်းဆောင်ရွက်နေသည့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ ခွဲစိတ်ကုသပေးနေမှုကို ကြည့်ရှုအားပေးပြီး ခွဲစိတ်ကုသမှုခံယူ မည့်လူနာများအား အာဟာရနှင့် ထောက်ပံ့ငွေများ ပေးအပ် သည်။
Dec 03, 2023
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ အဆိုပါကျောင်း သစ္စာခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မော်လမြိုင်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက နိုင်ငံသားကတ်မရရှိသေးသည့် ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးပြီး e-ID စနစ်အတွက် ကိုယ်ရေးအချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) များ ကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်ပေးနေမှု၊ နိုင်ငံသားကတ်ရှိပြီးသူများအား ကိုယ်ရေးအချက်အလက် (Bio- graphic)နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) များ ကောက်ယူကာ e-ID စနစ်အတွက် ဂဏန်း ၁၀ လုံးပါ Unique ID နံပါတ်ထုတ်ပေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုကြသည်။
Dec 03, 2023
အိန္ဒိယနိုင်ငံ မတ်ဒရာပရာဒက်ရှ်ပြည်နယ် ဘိုပါးမြို့ရှိ အမျိုးသားတရားစီရင်ရေးအကယ်ဒမီ (National Judicial Academy-NJA) တွင် ဒီဇင်ဘာ ၄ ရက်မှ ၇ ရက်အထိ စတုတ္ထအကြိမ်မြောက်အဖြစ် ဖွင့်လှစ်မည့် “တရားသူကြီး များနှင့် တရားရေးအရာရှိများအတွက် စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းအစီအစဉ်”သို့ တက်ရောက်ရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိများနှင့် တရားရုံးအဆင့်ဆင့်ရှိ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် တရားသူကြီးများ၊ တရားရေးအရာရှိများ ပါဝင်သည့် သင်တန်းသား ၄၀ သည် ယနေ့နံနက် ၇ နာရီ ၂၅ မိနစ်တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ အိန္ဒိယနိုင်ငံသို့ ထွက်ခွာသွားသည်။
Dec 03, 2023
၂၀၂၃ ခုနှစ်၊ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဆောင်ပုဒ်
Dec 03, 2023
၂၀၂၃ ခုနှစ်၊ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ
Dec 03, 2023
ခြေခင်းလက်ခင်းသာ၍ ရာသီဥတုအေးမြသည့် ဆောင်းလဒီဇင်ဘာကို လူထုအားကစားလအဖြစ် သတ်မှတ်ပြီး အပတ်စဉ်နံနက်ခင်း စုပေါင်းလမ်းလျှောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားခြင်းတို့ ပြုလုပ်ခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ကိုယ်ရောစိတ်ပါ ကျန်းမာကြံ့ခိုင်ပျော်ရွှင်နိုင်စေရန်အတွက် လူတိုင်းလူတိုင်းက မိမိတို့နှင့်ကိုက်ညီမည့် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ကြခြင်းဖြင့် ကောင်းကျိုးများစွာရရှိနိုင်သည်။ ငွေကုန်ကြေးကျသက်သာစွာ ပုံမှန်လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းကြောင့် ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးက တန်ဖိုးကြီးဆေးဝါးများ သုံးစွဲခြင်းထက်ပင်ပိုမိုသည်ဟု ကျန်းမာရေးပညာရှင်များက ဆိုသည်။
Dec 03, 2023
မြန်မာ့ရှေးဟောင်းမြို့ပြနိုင်ငံများတွင် တွေ့ရှိခဲ့သည့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ စာပေ၊ ယဉ်ကျေးမှု အထောက်အထားများနှင့် အိမ်နီးချင်းနိုင်ငံများ၏ ခေတ်ပြိုင်ယဉ်ကျေးမှု အထောက်အထားများအရ မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားသည့် နိုင်ငံဖြစ်သည်။ ဘာသာစကားဆိုင်ရာ ဂုဏ်မြောက်မှုများ၊ တန်ဖိုးကြီးမားသည့် ယဉ်ကျေးမှုများ၊ သိမ်မွေ့နက်နဲသည့် အနုသုခုမပညာရပ်များဖြင့် ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှုဂုဏ်ဒြပ်များကို ခိုင်ခိုင်မာမာတည်ဆောက်ထားသော နိုင်ငံဖြစ်သည်။
Dec 02, 2023
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများအပါအဝင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သောပြည်ပနိုင်ငံသားများအနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရှိရသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့်စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်လျက်ရှိသည်။
