Sep 02, 2020
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲက ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။
Sep 02, 2020
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၄/၂၀၂၀) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ကျင်းပသည်။
Sep 02, 2020
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမူများ ပြန်လည်စိစစ်ရေးကော်မတီက ယနေ့ နံနက် ၁၀ နာရီတွင် ပန်းတနော်မြို့နယ်ရှိ စွန့်လွှတ်မြေများအား မူလတောင်သူများထံသို့ ပြန်လည်ပေးအပ်သည့် အခမ်းအနားကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Sep 02, 2020
ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနရုံး၊ အေးချမ်းသာယာ ခန်းမတွင် ယနေ့နံနက် ၁၁ နာရီက ကျောင်းကုန်းမြို့နယ်အတွင်း စွန့်လွှတ်မြေများ ပြန်လည် ပေးအပ်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
Sep 02, 2020
မကွေးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ ဒေသတွင်းရှိ ပြည်သူများ ငါးရိက္ခာဖူလုံစေရန်နှင့် ငါးသယံဇာတများ တိုးပွားစေရန် စီစဉ်ကျင်းပသည့် ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံအတွင်း ငါးမျိုးစိုက်ထည့်ပွဲကို ယနေ့ နံနက် ၇ နာရီက အဆိုပါ ကြီးအုံကြီးဝတမံ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို တက်ရောက် အမှာစကား ပြောကြားပြီး ငါးမျိုးစိတ်များ စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
Sep 02, 2020
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်(၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး ခန်းမ၌ စတင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် ဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။
Sep 02, 2020
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးကိုဗစ် - ၁၉ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန့်ရေး ကော်မတီဝင်များ၊ လှည်းကူးမြို့နယ် ဖောင်ကြီး ဗဟိုဝန်ထမ်း တက္ကသိုလ် ကိုဗစ် - ၁၉ ကျန်းမာရေးစင်တာမှ တာဝန်ရှိသူများသည် ရခိုင် ပြည်နယ် မှ ကိုဗစ် - ၁၉
Sep 02, 2020
၁။ (၁-၉ -၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများအနေဖြင့် စုစုပေါင်း (၂,၄၄၁)ခု အား စစ်ဆေးပြီးစီးခဲ့ပြီး
Sep 02, 2020
ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် (၂၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ချင်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ ပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော်ဉက္ကဋ္ဌ ဦးဇိုဘွဲ၊ ပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၂၂)ဦး တက်ရောက်ကြသည်။
Sep 02, 2020
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် စပါးထားကျေးရွာ၌ AA အကြမ်းဖက်သောင်းကျန်းသူများ၏ ရိက္ခာအတွက် သိုလှောင်ထားသည့် ဆန်အိတ်များဖမ်းဆီးရမိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။