Skip to main content

ပန်းတနော်မြို့နယ်၌ စွန့်လွှတ်မြေများကို မူလပိုင်ရှင်လက်ဝယ်သို့ ပြန်လည်ပေးအပ်

 ပန်းတနော်  စက်တင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် တိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမူများ ပြန်လည်စိစစ်ရေးကော်မတီက ယနေ့ နံနက် ၁၀ နာရီတွင် ပန်းတနော်မြို့နယ်ရှိ စွန့်လွှတ်မြေများအား မူလတောင်သူများထံသို့ ပြန်လည်ပေးအပ်သည့်အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးလှမိုးအောင်က အဖွင့်အမှာစကား ပြောကြားပြီး ပန်းတနော်မြို့နယ်အတွင်း စွန့်လွတ်မြေ ၃၅၆.၀၅၆ ဧကအား ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၃)နှင့် ယာယီမြေပေးမိန့်များအား တောင်သူ ၅၂ ဦးအား ပြန်လည်ပေးအပ်ခဲ့ကြောင်းနှင့် ယာယီလုပ်ပိုင်ခွင့်ပြု လက်မှတ်ရရှိသည့် တောင်သူများကိုယ်စား တောင်သူ ဦးတင်ဌေးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အခမ်းအနားသို့ ဧရာဝတီတိုင်း‌ ဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တောင်သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

 မြို့နယ်(ပြန်/ဆက်)