Skip to main content

ရခိုင်ပြည်နယ် စပါးထားကျေးရွာ၌ AA အကြမ်းဖက်သောင်းကျန်းသူများ၏ ရိက္ခာအတွက် သိုလှောင်ထားသည့်ဆန်အိတ်များ ဖမ်းဆီးရမိ

နေပြည်တော် စက်တင်ဘာ ၁

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် စပါးထားကျေးရွာ၌ AA အကြမ်းဖက်သောင်းကျန်းသူများ၏ ရိက္ခာအတွက် သိုလှောင်ထားသည့် ဆန်အိတ်များဖမ်းဆီးရမိကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဩဂုတ် ၃၁ ရက် နံနက်ပိုင်းတွင် ပုဏ္ဏားကျွန်းမြို့နယ် စပါးထားကျေးရွာအတွင်း လုံခြုံရေးဆိုင်ရာစစ်ဆေးမှုများဆောင်ရွက်စဉ် ဦးရဲကျော်ထွန်း၏နေအိမ်၌ AA အကြမ်းဖက်သောင်းကျန်းသူများ၏ရိက္ခာအတွက် သိုလှောင်ထားသည့်ဆန်အိတ် ၈၀ တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း၊   ဖမ်းဆီးရမိသူနှင့် ဆန်အိတ်များကို စစ်တွေ မြို့သို့ပို့ဆောင်၍ ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

သတင်းစဉ်