Skip to main content

Aug 15, 2020

မြန်မာ့ရုပ်ရှင် ရာပြည့်အခမ်းအနား ကျင်းပရေး ဉီးစီးကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 15, 2020

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်း ထားခြင်းကြောင့် အခက်အခဲ ကြုံတွေ့နေရသည့် မလေးရှားနိုင်ငံ၊ ပီနန်းမြို့ရှိ အထည်ချုပ်စက်ရုံများမှ မြန်မာအလုပ်သမား (၁၇၀) ဦးအတွက် မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့နှင့် ၎င်းတို့၏ ကုမ္ပဏီများမှ ပူးပေါင်းစီစဉ်မှုဖြင့် မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) စင်းလုံးငှား အထူးလေယာဉ်အား ပြေးဆွဲခဲ့ပါသည်။ အဆိုပါ ကယ်ဆယ်ရေး အထူးလေယာဉ်သည် ယနေ့ (၁၆၃၀) နာရီအချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 15, 2020

၁။ (၁၅-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -

ဆက်လက်ဖတ်ရှုရန်

Aug 15, 2020

(၂၇) ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ-UPDJC အတွင်းရေးမှူးများ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁(MICC-I)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 15, 2020

စစ်ကိုင်းတိုင်း‌ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးဝန်ကြီး ဦးမိုးကျော်သူ၊ ရွှေဘိုခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက် ၈ နာရီခွဲက ရွှေဘိုမြို့ မဟာနန္ဒာ ကန်တော်တွင် ကျင်းပပြုလုပ်သော စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း COVID-19 Economic Relief Plan CERP ပါ Action Plan အရ ငါးမွေးမြူရေးလုပ်ငန်း ပြန်လည်ထူထောင်ရေးအတွက် ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံ့ ပေးအပ်ခြင်းနှင့် မဟာနန္ဒာကန်တော်(၂) အတွင်းသို့ ငါးသားပေါက်နှင့် ရေချိုပုဇွန်သား‌ပေါက်များ မျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 15, 2020

ရန်ကုန်တိုင်းဒေသကြီး မိုးရာသီသစ်ပင်စိုက်ပွဲတော်ကို မင်္ဂလာဒုံမြို့နယ် လှော်ကားရေဝေရေလဲ ဒေသတွင် ယနေ့ နံနက် ၇ နာရီက ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 15, 2020

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ မြစ်ကြီးနားမြို့နယ် နောင်နန်းကျေးရွာအုပ်စု၊ (၁၀)မိုင်ကျေးရွာနှင့် (၈)မိုင်ကျေးရွာတို့တွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးနှင့် ပညာသင်ကြားမှု အဆင်ပြေစေရေးအတွက် လိုအပ်ချက်များကို ယနေ့နံနက်ပိုင်းတွင် ရပ်မိ/ရပ်ဖ များ၊ ဘာသာရေး အသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 15, 2020

ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် ပြည်သူ့ဆေးရုံအတွက် Masks နှင့် Hand Gel များ လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီခွဲအချိန်က မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 15, 2020

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၊ မလှိုင်ကုန်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်းမှ အခြေခံပညာ မူလတန်းလွန်ကျောင်းသို့ အဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လည် ၂ နာရီအချိန်က မလှိုင်ကုန်းကျေးရွာ၊ အခြေခံပညာ မူလတန်းလွန်ကျောင်း ဆိုင်းဘုတ်ရှေ့၌ ကျင်းပရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း တက်ရောက် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 15, 2020

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် စံပယ်လှကျေးရွာအနီး၌ AA အကြမ်းဖက်သောင်းကျန်းသူ အမာခံတစ်ဦး ဖမ်းဆီးရမိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဆက်လက်ဖတ်ရှုရန်