Skip to main content

ကျောက်တော်မြို့နယ် စံပယ်လှကျေးရွာအနီး၌ AA အကြမ်းဖက်သောင်းကျန်းသူအမာခံတစ်ဦး ဖမ်းဆီးရမိ

နေပြည်တော် ဩဂုတ် ၁၄

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် စံပယ်လှကျေးရွာအနီး၌ AA အကြမ်းဖက်သောင်းကျန်းသူ အမာခံတစ်ဦး ဖမ်းဆီးရမိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယင်းသတင်းထုတ်ပြန်ချက်တွင် ကျောက်တော်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် သတင်းအရ စံပယ်လှကျေးရွာအနီး စောင့်ဆိုင်းနေစဉ် ဩဂုတ် ၁၁ ရက် နံနက် ၆ နာရီခန့်က စံပယ်လှကျေးရွာမှ တောပန်ဇင်းကျေးရွာဘက်သို့ ကျေးရွာချင်းဆက်လမ်းအတိုင်း လမ်းလျှောက်လာသော အမျိုးသားတစ်ဦးအား မသင်္ကာ၍ ခေါ်ယူစစ်ဆေးမေးမြန်းခဲ့ကြောင်း၊ ယင်းအမျိုးသားမှာ တောပန်ဇင်းကျေးရွာနေ ဦးအေးမောင် ၅၅ နှစ်ဖြစ်ပြီး စစ်ကြောမေးမြန်းချက်များအရ ၎င်းသည် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ တပ်ကြပ်ကြီးအဆင့်ရှိ အောင်ခိုင်စိုး ၃၁ နှစ်၏ တာဝန်ပေးချက်အရ ၂၀၂၀ ပြည့်နှစ် မတ်လမှစ၍ တောပန်ဇင်းကျေးရွာရှိ တစ်အိမ်လျှင် ငွေကျပ် ၂၀၀၀ နှုန်းဖြင့် လေးကြိမ်ကောက်ခံကာ AA အကြမ်းဖက် သောင်းကျန်းသူများအတွက် လိုအပ်သော ရိက္ခာနှင့်ပစ္စည်းများ ဝယ်ယူ၍ ပို့ဆောင်ပေးရကြောင်း၊ အပေါက်ဝကျေးရွာအနီး တပ်မတော်စစ်ကြောင်းများနှင့် စစ်ရေယာဉ်များအား မိုင်းထောင်ဖောက်ခွဲခြင်း၊ ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခြင်းများ ဆောင်ရွက်ရန်အတွက် လေးကြိမ်တိုင် မြေနေရာရွေးချယ်ပေးရသည်ဟု သိရှိရကြောင်းနှင့် ဖမ်းဆီးရမိ AA အကြမ်းဖက် သောင်းကျန်းသူအမာခံ အေးမောင်အား သက်ဆိုင်ရာသို့ လွှဲပြောင်း၍ ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

သတင်းစဉ်