Skip to main content

Aug 18, 2020

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် ကျေးလက်ဒေသရှိ အထက-ရေနံတောင်ရွာမှ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ် ဝင်စာမေးပွဲ ဝိဇ္ဇာဘာသာတွဲ (မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်း၊ ဘောဂဗေဒ)တွင် တစ်ပြည်လုံး အမှတ်အများဆုံး ဘာသာစုံဂုဏ်ထူးဖြင့် ပထမဆု ရရှိသည့် မောင်ဝေယံလင်းကျော်နှင့် ဒုတိယဆုရရှိသော ငါးဘာသာ ဂုဏ်ထူးရှင် မစုပိုပိုအောင် တို့ နှစ်ဦးအား ပညာတန်ဆောင် အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဆရာကြီး ဒေါက်တာဦးသန်းဦးနှင့် ဒုတိယဥက္ကဋ္ဌ ဆရာကြီး ဒေါက်တာ ဦးတင်ညိုတို့ အမှူးပြု သည့် ပညာတန်ဆောင် အုပ်ချုပ်ရေး အဖွဲ့က ချီးကျူးဂုဏ်ပြုပွဲ နှင့် ပညာသင်ဆုပေးအပ်ပွဲကို ဩဂုတ် ၁၂ ရက် မွန်းလွဲပိုင်းက အဆိုပါကျောင်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2020

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကပ်သပြေ ကျေးရွာတွင် AA အကြမ်းဖက်သောင်းကျန်းသူ အမာခံ ၃ ဦး ဖမ်းဆီးရမိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန် ချက်အရ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2020

ဩဂုတ် ၁၉ ရက်တွင် ဆက်လက်ကျင်းပပြုလုပ်မည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့၏ (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေးများ သို့ တက်ရောက်မည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် များအား ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးစစ်ဆေးခြင်း၊ ဓာတ်ခွဲနမူနာများ ရယူခြင်းများကို ယနေ့တွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ပြုလုပ်ခဲ့ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2020

နိုင်ငံတကာခရီးသည်တင် လေယာဉ်များ ပျံသန်းမှုယာယီရပ်ဆိုင်းထားခြင်း ကြောင့် ထိုင်းနိုင်ငံ၌ အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၅၃ ဦး အား မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ် ဖြင့် ခေါ်ဆောင်ခဲ့ရာ ယနေ့ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2020

မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်း လက်စွဲစာအုပ်(မူကြမ်း)‌ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2020

စစ်ပွဲများ၏ စတင်ရာမှာ နိုင်ငံရေးဖြစ်သည်။ နိုင်ငံရေးအရ မပြေလည်သည့်အခါ ဘက်နှစ်ဖက် လက်နက်စွဲကိုင်တိုက်ခိုက် ကြသည်။ စစ်ပွဲဟူသည် အင်အားကို အသုံးပြုကာ တစ်ဖက် ရန်သူကို အနိုင်ရရေးနှင့် မိမိတို့အလိုရှိသည့်အတိုင်း နာခံ လာရေးအတွက် အစွမ်းကုန် တိုက်ခိုက်သတ်ဖြတ်ကြခြင်းပင် ဖြစ်သည်။ မိမိတို့နိုင်ငံတွင် ဖြစ်ပွားနေသည့်စစ်ပွဲများ သို့တည်း မဟုတ် လက်နက်ကိုင် ပဋိပက္ခများမှာ ဆယ်စုနှစ်ပေါင်းများစွာ

ဆက်လက်ဖတ်ရှုရန်

Aug 18, 2020

ကိုဗစ်-၁၉ ကပ်ရောဂါသည် ကမ္ဘာပေါ်၌ မမျှော်လင့်ဘဲ ရုတ်တရက်ပေါ်ပေါက် လာသည့် ရောဂါအသစ်အဆန်းတစ်မျိုး ဖြစ်သည်။ ထိုကပ်ရောဂါအား ကာကွယ်၊ ထိန်းချုပ်နိုင်ရန် ရောဂါကာကွယ်ဆေးကိုလက်တွေ့ရရှိပြီး အသုံးချ နိုင်ရန်လိုအပ်သည်။ ယခုအခါ နိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စမ်းသပ်တွေ့ရှိပြီဟုဆိုကြသော်လည်း လက်တွေ့တွင် ယုံကြည် စိတ်ချရသည့် တိကျသောရလဒ်ကို ထုတ်ဖော်နိုင်ခြင်းမရှိသေးသဖြင့် ကပ်ရောဂါ အတွက် စိတ်အေးရမည့်အခြေအနေသို့ရောက်ပြီဟု မဆိုနိုင် သေးပေ။

ဆက်လက်ဖတ်ရှုရန်

Aug 17, 2020

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ မွန်ပြည် သစ်ပါတီ (NMSP) ဗဟိုကော်မတီဝင် နိုင်အောင်မငေးနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD)မှ တွဲဖက်အထွေထွေအတွင်းရေးမှူး စိုင်းကျော်ညွန့် တို့သည် ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ ၌ သတင်းမီဒီယာများနှင့်တွေ့ဆုံ၍ (၁၉) ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ- UPDJC အစည်းအဝေး ကျင်းပပြီးစီးမှု အခြေအနေများကို ရှင်းလင်း ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 17, 2020

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်သည် ဩဂုတ် ၁၅ ရက် နံနက်ပိုင်းတွင် မန္တလေး ဂေါဝန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်အတွင်း MGRG အမြန် ရေယာဉ် ပေါ်၌ မြန်မာ နိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်)၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင် များအသင်း (မန္တလေးဇုန်)၊ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များအသင်းနှင့် ခရီးသည် ပို့ဆောင်ရေးအသင်းတို့မှ ဥက္ကဋ္ဌများ၊ တာဝန်ရှိ သူများ နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 17, 2020

ပဉ္စမအကြိမ် သုတေသန နည်းနာနိဿယ၊ ပြည်သူ့ဆက်ဆံရေးနှင့် သတင်းအချက်အလက် စီမံခန့်ခွဲမှု ဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မက်စ် ဟိုတယ်၌ ကျင်းပ သည်။

ဆက်လက်ဖတ်ရှုရန်