မဘိမ်း ဩဂုတ် ၁၅
ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် ပြည်သူ့ဆေးရုံအတွက် Masks နှင့် Hand Gel များ လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီခွဲအချိန်က မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ မဘိမ်းမြို့နယ် ပြည်သူ့ဆေးရုံအတွက် Masks အခု ၃၀၀၀ နှင့် Hand Gel ၂၄ ဘူးတို့ကို မြို့နယ်ပြည်သူ့ဆေးရုံသို့ ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်နှင့် မြို့နယ်စီမံကိန်း ရေးဆွဲရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဦးတို့က လက်ခံရယူခဲ့သည်။
ဆက်လက်၍ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံး (အလျား ၆၇ ပေ ၉ လက်မ၊ အနံ ၃၇ ပေ)ရှိ RCC သုံးထပ်အဆောက်အဦ၊ ဆေးသိုလှောင် ရုံ(အလျား ၅၀ ပေ၊ အနံ ၄၀ ပေ)ရှိ RCC Structure တစ်ထပ်အဆောက်အဦနှင့် မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနရုံး (အလျား ၃၈ ပေ၊ အနံ ၂၂ ပေ)ရှိ RCC Structure နှစ်ထပ်အဆောက်အဦ တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆောက်အဦ များအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် အရည်အသွေးပြည့်မီရေးတို့အတွက် ဆောင်ရွက် သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မျိုးမင်း (ပြန်/ဆက်)