Aug 20, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် မလေးရှားနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၆၄ ဦးအား မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေ ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိကြ သည်။
Aug 20, 2020
မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများအား မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့်နှင့် ဦးကျော်စိုးတို့သည် ယနေ့ ညနေပိုင်းတွင် သွားရောက်တွေ့ဆုံ၍ မွန်ပြည်နယ်မှ ကော်မရှင်သို့ ပေးပို့တိုင်ကြား လာသော တိုင်တန်းချက်ပါ အခြေအနေများ၊ ကော်မရှင်မှ အကျဉ်းထောင်၊ အကျဉ်းစခန်း၊ တရားရုံးအချုပ်ခန်းနှင့် ဆေးရုံအချုပ်ခန်းတို့အား ကြည့်ရှုစစ်ဆေးမှု အခြေအနေ များ၊ လူ့အခွင့်အရေးနှင့် စပ်လျဉ်း၍ ကော်မရှင်၏ ဆောင်ရွက်နေမှုများကို ဆွေးနွေးသည်။
Aug 20, 2020
(၂၉)ကြိမ်မြောက် အာဆီယံအကောက်ခွန် ညွှန်ကြားရေးမှူးချုပ်များ အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၈ နာရီတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပရာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထင်က ရန်ကုန်မြို့မှ ပါဝင်၍ အာဆီယံအကောက်ခွန် သဘာပတိအဖြစ် ဆောင်ရွက်သည်။
Aug 20, 2020
မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO) သို့ ၁၉၄၈ ခုနှစ် မေလ ၁၈ ရက်နေ့တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် စတင်ဝင်ရောက်ခဲ့ပြီး အဓမ္မခိုင်းစေမှုဆိုင်ရာ ILO ပြဋ္ဌာန်းချက် အမှတ်-၂၉ ကို ၁၉၅၅ ခုနှစ် မတ်လ ၁၈ ရက်တွင် လက်ခံကျင့်သုံးခဲ့၍ အဓမ္မခိုင်းစေမှု ပပျောက်ရေး အကောင်အထည် ဖော်ရာတွင် ILO နှင့် လက်မှတ်ရေးထိုးခဲ့သော ၂၀၀၂ ခုနှစ် နားလည်မှုစာချွန်လွှာ နှင့် ၂၀၀၇ ခုနှစ် နောက်ဆက်တွဲနားလည်မှုစာချွန်လွှာ (Supplementary Understanding-SU) တို့အရ အဓမ္မခိုင်းစေမှုများ တိုင်ကြားနိုင်သည့် တိုင်ကြားမှုယန္တရား ထူထောင်ပြီး အဓမ္မခိုင်းစေမှု တိုင်ကြားချက်များကို ၂၀၁၈ ခုနှစ် ထိ ILO နှင့် ပူးပေါင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့သည်။
Aug 20, 2020
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေး စတင်ကျင်းပနေပြီ ဖြစ်သည်။ အခက်အခဲများ၊ စိန်ခေါ်မှုများကြားမှ ငြိမ်းချမ်းရေးကို ဦးထိပ်ထားသည့် သန္နိဋ္ဌာန်စိတ်ဖြင့် ရှေ့သို့ဆက်လှမ်းနိုင်ရန် အားလုံးကြိုးပမ်းဆောင်ရွက်နေကြပြီ။ (၂၁)ရာစု ပင်လုံတွင် ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ဆန့်ကျင်ခြင်းမရှိစေဘဲ ပြည်နယ်များ၏ ကိုယ်ပိုင်အခြေခံဥပဒေရေးဆွဲခွင့်ကို အားလုံးသဘောတူညီကြသည်။ ရှေ့မတိုး၊ နောက်မဆုတ် အနေအထားဖြင့် လိပ်ခဲတည်းလည်းဖြစ်ခဲ့ရသည့် တစ်ဆို့မှုများကိုလည်း ကျော်လွှားနိုင်ခဲ့သည်။ ဆက်လက်ဆွေးနွေးရဦးမည့် အချက်များနှင့်ပတ်သက်၍ မကြာမီကာလ တွင် ပြေလည်အောင်မြင်သွား လိမ့်မည်ဟု ရှုမြင်ပါသည်။
Aug 20, 2020
ငြိမ်းချမ်းရေးသည် တောင့်တအပ်၏။ မြတ်နိုးတန်ဖိုးထားမှုလည်း ရှိအပ်၏။ သို့သော်လည်း နှစ်ပေါင်းများစွာ တည်ရှိနေခဲ့သော အခက်အခဲများ၊ စိန်ခေါ်မှုများကြားတွင် အကန့်အသတ် များဖြင့် တည်ဆောက်နေရသည်ဖြစ်ရာ မြန်မာနိုင်ငံအဖို့ အလွယ်တကူ ရောက်ရှိနိုင်သည့် ပန်းတိုင်တစ်ခု မဟုတ်ကဲ့သို့ ဖြစ်နေ၏။ အမှန်မှာ မရောက်နိုင်လောက် အောင် ဝေးကွာလှသော ပန်းတိုင်လည်း မဟုတ်ပါချေ။
Aug 19, 2020
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) (MICC – 2)၌ ကျင်းပသည်။
Aug 19, 2020
၁။ (၁၉-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် - - အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၅၆၀) ခု၊ - ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၂၃၇) ခုနှင့် - ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ (၂၀၈) ခု၊ - စုစုပေါင်း (၁,၀၀၅) ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ - • COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၅) ဦးတွေ့ရှိရပါသည်။
Aug 19, 2020
(၂၈)ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးများ အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-I)၌ ကျင်းပသည်။
Aug 19, 2020
Video Conferencing စနစ်ဖြင့် ကျင်းပမည့် (၄၁)ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံသို့ ပါဝင်တက်ရောက်ရေးအတွက် မြန်မာလွှတ်တော် ကိုယ်စားလှယ် အဖွဲ့၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် လွှတ်တော်ဝင်း၊ ဇမ္ဗူသီရိဆောင်၌ ကျင်းပသည်။