Skip to main content

ကျောက်ဖြူမြို့နယ် ကပ်သပြေကျေးရွာတွင် AA အကြမ်းဖက် သောင်းကျန်းသူ အမာခံ ၃ ဦး ဖမ်းဆီးရမိ

နေပြည်တော် ဩဂုတ် ၁၇

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကပ်သပြေ ကျေးရွာတွင် AA အကြမ်းဖက်သောင်းကျန်းသူ အမာခံ ၃ ဦး ဖမ်းဆီးရမိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန် ချက်အရ သိရသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ကျောက်ဖြူမြို့နယ် ကပ်သပြေကျေးရွာ သိုင်းချောင်း - သစ်ပုတ်တောင်ကားလမ်းဘေးရှိ ကွမ်းယာဆိုင်၌ မသင်္ကာဖွယ် လူတစ်စုအား တွေ့ရှိရ၍ စစ်ဆေးရာမှ AA အကြမ်းဖက် သောင်းကျန်းသူများနှင့် ပတ်သက်ဆက်နွှယ် အားပေးကူညီခဲ့သူ အမာခံ ၈ ဦးအား ဖမ်းဆီးရမိ ခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခဲ့သည်ကို ဇူလိုင် ၇ ရက်တွင် သတင်း ထုတ်ပြန်ခဲ့ပါကြောင်း။ ယင်းဖမ်းဆီးရမိ အမာခံ ၈ ဦးအား စစ်ကြော မေးမြန်းချက်များအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ သည် ဩဂုတ် ၁၄ ရက် နံနက်ပိုင်းတွင် ကပ်သပြေ ကျေးရွာ ဝင်၊ ထွက်လမ်းများအား ပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ထပ်မံ၍ AA အကြမ်းဖက်သောင်းကျန်းသူ အမာခံ ဘသိန်းရွှေ (ခ)မနီကျာ (၄၈ နှစ်)၊ ဝေသိန်းအောင် (၄၆နှစ်)နှင့် သန်းမြင့်အောင်(ခ)သန်းမြင့်ရွှေ (၄၀ နှစ်)တို့ ၃ ဦး အား ဖမ်းဆီးရမိခဲ့ကြောင်း၊ ယခုထပ်မံ ဖမ်းဆီးရမိ AA အကြမ်းဖက်သောင်းကျန်းသူ အမာခံ ၃ ဦးအား သက်ဆိုင်ရာသို့ လွှဲပြောင်း၍ ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ် ကြောင်း ဖော်ပြထားသည်။

သတင်းစဉ်