ကိုဗစ်-၁၉ ကပ်ရောဂါသည် ကမ္ဘာပေါ်၌ မမျှော်လင့်ဘဲ ရုတ်တရက်ပေါ်ပေါက် လာသည့် ရောဂါအသစ်အဆန်းတစ်မျိုး ဖြစ်သည်။ ထိုကပ်ရောဂါအား ကာကွယ်၊ ထိန်းချုပ်နိုင်ရန် ရောဂါကာကွယ်ဆေးကိုလက်တွေ့ရရှိပြီး အသုံးချ နိုင်ရန်လိုအပ်သည်။ ယခုအခါ နိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စမ်းသပ်တွေ့ရှိပြီဟုဆိုကြသော်လည်း လက်တွေ့တွင် ယုံကြည် စိတ်ချရသည့် တိကျသောရလဒ်ကို ထုတ်ဖော်နိုင်ခြင်းမရှိသေးသဖြင့် ကပ်ရောဂါ အတွက် စိတ်အေးရမည့်အခြေအနေသို့ရောက်ပြီဟု မဆိုနိုင် သေးပေ။
ယခုအခါ ကမ္ဘာ့နိုင်ငံနှင့် ဒေသပေါင်း ၁၉၆ နေရာတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသည့် ကမ္ဘာ့ပြည်သူ ၂၁ သန်းခွဲကျော်ရှိသည်။ ကပ်ရောဂါကြောင့် သေဆုံးသူ ရှစ်သိန်းနီးပါးရှိပြီး ပြန်လည် ကျန်းမာလာသူပြည်သူများမှာ တစ်သန်းခွဲနီးပါးရှိသည်။ ကမ္ဘာ့ နိုင်ငံအများစုသည် ကိုဗစ်-၁၉ ဒုတိယလှိုင်းနှင့် ကြုံတွေ့နေရသဖြင့် ကိုဗစ်-၁၉ကို ကျော်လွှားနိုင်ရန် ရောဂါ ကာကွယ် ဆေးအား အပြိုင်အဆိုင်သူ့ထက်ငါဦးအောင်ထုတ်လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက် နေကြ သည်ကို တွေ့ရမည်ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ သြဂုတ် ၁၇ ရက်နေ့အထိ ဓာတ်ခွဲစစ်ဆေးသူ စုစုပေါင်း ၁၃၆၁၅၃ ဦးရှိပြီး ရောဂါပိုး တွေ့ရှိသူလူနာပေါင်း ၃၇၆ဦး ရှိသည်။ ထိုလူနာများအနက်ရောဂါပိုးကင်းစင်လာသူ ၃၃၁ ဦးရှိပြီး သေဆုံး သူခြောက်ဦးရှိကာ စောင့်ကြည့်လူနာ ၇၀၆၉ ရှိသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ ်ပြန်ထားသည်။ ရောဂါပိုးအများဆုံးတွေ့ရှိသောဒေသမှာ ရန်ကုန်တိုင်းဒေသကြီး ဖြစ်ပြီး ရောဂါ ပိုးမတွေ့ ရှိသောဒေသမှာ ကယားပြည်နယ် ဖြစ်သည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံဖြစ်သည့် အိန္ဒိယ နိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျင်မြန်စွာ မြင့်တက်လျက်ရှိပြီး သြဂုတ် ၁၅ ရက်နေ့ တစ်ရက်တည်းတွင် ရောဂါကူးစက်ခံရသူ ၆၅၀၀၀ကျော် ရှိခဲ့သည်ဟု သိရသည်။ ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာ့ကပ်ရောဂါဖြစ်သဖြင့် မြန်မာနိုင်ငံ၏ရောဂါဖြစ်ပွားမှုဖြစ်စဉ် အခြေအနေသာမက အိမ်နီး ချင်းနိုင်ငံ များနှင့် ကမ္ဘာ့နိုင်ငံများတွင် ရောဂါဖြစ်ပွားကူးစက်မှုအခြေအနေများကိုပါ
ရှိသည်။
အမြဲမပြတ်လေ့လာဆန်းစစ်၍ ကာကွယ်၊ ထိန်းချုပ်မှုများကို ပြုလုပ်လျက် “မြန်မာနိုင်ငံ၌ ရောဂါပိုးတွေ့ရှိမှုများကို လေ့လာ ကြည့်မည်ဆိုလျှင် ရန်ကုန်တိုင်းဒေသကြီးတွင် အများဆုံး ဖြစ်ပြီး အနောက်ဘက်အိမ်နီးချင်းနိုင်ငံ များနှင့်ထိစပ်လျက်ရှိသည့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့၌ ရောဂါပိုး တွေ့ရှိသူ ဒုတိယအများဆုံးဖြစ်သည်ကို တွေ့ရသည်။ သြဂုတ် ၁၆ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့၌ ရောဂါပိုးတွေ့ ရှိသူ လူနာအမှတ်စဉ် ၃၇၅ မှာ ပြည်ပသို့ခရီးသွားရာဇဝင်လည်းမရှိ၊ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာနှင့် လည်း ထိတွေ့ မှုမရှိရာ ပြည်တွင်း၌ ရောဂါလက္ခဏာ တစ်စုံတစ်ရာပြသခြင်း မရှိဘဲ ပေါ်ပေါက်လာခြင်းဖြစ်၍ ပြည်သူလူထုအတွင်း ရောဂါကူးစက်ခြင်း မရှိအောင် အထူးဂရုစိုက်ကြရမည် ဖြစ်သည်။ ။
ကမ္ဘာ့သုတေသနတွေ့ရှိချက်အရကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူများတွင် ဆေးရုံတက်ရောက်၍ ထိထိရောက်ရောက် ကုသရန် လိုအပ်သည့် လူနာများမှာ ၂၀ ရာခိုင်နှုန်းရှိပြီး ကျန်လူနာများမှာ ရောဂါ လက္ခဏာ တစ်စုံတစ်ရာမပြသူ၊ မပြင်းထန်သော ရောဂါလက္ခဏာရှိသူများဖြစ်၍ ကမ္ဘာ့ ပြည်သူ အတွင်း ရောဂါပျံ့နှံ့မှုများ မြင့်တက်နေသည်ဟု ဆိုရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ရောဂါဖြစ်ပွားသူများအနက် ရာခိုင်နှုန်း ၆၀ ကျော်မှာ ရောဂါလက္ခဏာ ပြသ ခြင်းမရှိသဖြင့် ပြည်သူလူထုအတွင်း ရောဂါ ကူးစက်မှုမရှိအောင် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို ဆက်လက်လိုက်နာကြ ရမည် ဖြစ်သည်။ ။
မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုကို အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်နိုင် သည် ဆိုသော်လည်း ဝန်ကြီးဌာနမှ နှိုးဆော် တိုက်တွန်းထားသော ရောဂါကာကွယ်ရေး ဆောင်ရန်/ရှောင်ရန်အချက်များ ကို နေရာအများအပြား၌ လိုက်နာမှု နည်းပါးနေသည်ကို တွေ့ရှိနေရသည်။ မြန်မာတို့သည် သွေးပူ၊ သွေးအေး အတက်၊ အကျများပြီး ဘာမျှမဖြစ်လျှင် ဘာမျှမ ဖြစ်ဟူသည့် အစွန်းနှစ်ပါးရှိသော အားနည်းချက်သည် အန္တရာယ် ဖြစ်စေနိုင်သည့် အချက်ဖြစ်ကြောင်း အထူးသတိပြု ရမည်ဖြစ်သည်။
သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါကို အဆိုးဆုံးဖြစ်ပေါ်လာနိုင်သည့် အခြေ အနေအားမြော်တွေး၍ လက်ရှိထိန်းသိမ်းထားသော အခြေအနေကောင်းများနှင့် ရရှိထားသောအရင်းအမြစ်များဖြင့် အကောင်းဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင်ထားရမည် ဖြစ်ပါ ကြောင်း။ ။