Oct 28, 2020
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၄/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပသည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်း၊ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင်များ တက်ရောက် ကြသည်။
Oct 28, 2020
ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားမှုနှုန်း မြင့်မားနေသည့်ကာလအတွင်း ဘိုးဘွားရိပ်သာများတွင် လက်ခံ စောင့်ရှောက်ထားသော သက်ကြီးရွယ်အိုများအား စနစ်တကျပြုစုစောင့်ရှောက်ရေးနှင့် စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
Oct 28, 2020
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူ များသည် အောက်တိုဘာ ၂၈ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့၊ အမှတ် ၃ ရပ်ကွက်ရှိ ရွှေဝက်တိုး သမိုင်းဝင်ဘုရားကြီးလမ်း အရှည် ၁၇၄၈ ပေ၊ အကျယ် ၁၀ ပေ၊ ထု ၉ လက်မရှိ ကျောက်ချော လမ်းပိုင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၂၂.၇၂ သန်းဖြင့် ဆောင်ရွက်ပြီးစီးမှုကိုကြည့်ရှုခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိက လုပ်ငန်းများကို ရှင်းလင်း တင်ပြသည်။
Oct 28, 2020
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး Mrs. Hilde Solbakke နှင့်အဖွဲ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး၊ ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
Oct 28, 2020
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ၌ မဲရုံအသီးသီးတာဝန်ထမ်းဆောင်ကြမည့် မဲရုံးမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအားရွေး ကောက်ပွဲဆိုင်ရာ အသိပညာပေးသင်တန်းကို ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့နယ်အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့နံနက်၁၀နာရီက ဖွင့်လှစ် ပို့ချပေးကြောင်းသိရသည်။
Oct 28, 2020
ပဲခူးတိုင်းဒေသကြီးညောင်လေးပင်မြို့နယ် အင်ကုန်းကျေးရွာအုပ်စုနှင့် ရေတွင်းကုန်းကျေးရွာအုပ်စုနှစ်ခု ကြားရှိကျေးရွာချင်းဆက်တံတားပြိုကျပျက်စီးမှုအားပြန်လည် တည်ဆောက်ရန်အတွက် အောက်တိုဘာလ ၂၇ရက် မွန်းလွဲ၁နာရီအချိန်ကမြို့နယ်
Oct 28, 2020
ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်သည် တက္ကသိုလ်ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ နိုင်ငံတော် အစိုးရဝန်ကြီးဌာနများ၊ ပြင်ပအဖွဲ့အစည်းများနှင့် သုတေသီများအား ရှေးဟောင်းစာပေနှင့်ဆိုင်သော အကြောင်းအချက်များကို အလွယ်တကူ ရရှိနိုင်စေရန် အကူအညီပေးလျက်ရှိသော ဌာနတစ်ခု ဖြစ်သည်။
Oct 28, 2020
ရန်ကုန်တက္ကသိုလ် ရာပြည့်အကြိုကာလဖြစ်သည့် ၂ဝ၁၈ ခုနှစ်ခန့်ကပင် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနတွင် တာဝန်ထမ်းဆောင်နေကြသော ဆရာ ဆရာမများ၊ မြန်မာစာဌာနတွင် ပညာဆည်းပူးခဲ့ကြသော ကျောင်းသူ ကျောင်းသားဟောင်းကြီးများ၊ လက်ရှိပညာဆည်းပူးလျက်ရှိကြသော မျိုးဆက်သစ် ကျောင်းသူ ကျောင်းသားများ အားလုံး၏ ရင်ထဲတွင် ပြင်းပြသောစိတ်ဆန္ဒတစ်ခု ကိန်းအောင်းလျက် ရှိနေခဲ့ပါသည်။ ယင်းစိတ်ဆန္ဒမှာ ၂ဝ၂ဝ ပြည့်နှစ် ရန်ကုန်တက္ကသိုလ် ရာပြည့်ကာလတွင် မြန်မာစာဌာန အနေဖြင့် တစ်တပ်တစ်အား ပါဝင်ဆင်နွှဲနိုင်ရေးပင် ဖြစ်ပါသည်။
Oct 28, 2020
သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု မူဝါဒ(မူကြမ်း)အပြီးသတ် အကြံဉာဏ်ရယူခြင်း အစည်းအဝေးပွဲကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။
Oct 28, 2020
မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင် (၁/၂၀၂၀) လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပသည်။