Oct 28, 2020
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အောက်တိုဘာ ၂၇ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
Oct 28, 2020
လူမှုရေးဆိုင်ရာ စီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ် စတင်တည်ဆောက်ခြင်း ကနဦး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက အွန်းလိုင်စနစ်ဖြင့် ကျင်းပသည်။
Oct 28, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များ ပျံသန်းမှု ယာယီရပ်ဆိုင်းထား ခြင်းကြောင့် မလေးရှားနိုင်ငံ ပီနန်းမြို့ ရှိ Imperial Garment Sdn. Bhd နှင့် Pen Apparel Sdn. Bhd တို့မှ မြန်မာအလုပ်သမား ၁၃၁ ဦးကို ကွာလာ လမ်ပူမြို့ရှိ မြန်မာသံရုံးနှင့် ၎င်းတို့၏ ကုမ္ပဏီများမှ ပူးပေါင်းစီစဉ်သည့် မလေးရှား လေကြောင်းလိုင်း ကယ်ဆယ်ရေးလေယာဉ်ဖြင့်ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေ ၅ နာရီ တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။
Oct 28, 2020
ရွေးကောက်ပွဲသတင်း ရယူတင်ဆက်မှုဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အွန်လိုင်းဖြင့် ပြုလုပ်ရာ ပြန်ကြားရေးဝန်ကြီးဌာနရှိ ဦးစီးဌာနနှင့် လုပ်ငန်းတို့မှ ဝန်ထမ်းဦးရေ ၇၀ တို့ နေရာ အသီးသီးမှ တက်ရောက်ကြသည်။
Oct 28, 2020
ရန်ကုန်တက္ကသိုလ်သည် မြန်မာနိုင်ငံအတွက် သမိုင်းအစဉ်အလာကြီးမားသော ဗိမာန်တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်၊ ကောလိပ် များအားလုံး၏ အုပ်ထိန်းသူဖြစ်သည်။ ပညာရည်နို့သောက်ခဲ့ရသော မိခင် ဖြစ်သည်။ စွမ်းရည်၊ သတ္တိ၊ အားမာန်များ ဖြည့်စွမ်းပေးခဲ့သော ဖခင်ဖြစ်သည်။ ဤသို့သော တက္ကသိုလ်ကြီး မြန်မာနိုင်ငံတွင် နှစ် ၁၀၀ တိုင် ထည်ထည် ဝါဝါ ရပ်တည်နိုင်သည်မှာ ဂုဏ်ယူဖွယ်ဖြစ်သည်။
Oct 28, 2020
လူ့ဘဝတွင် ပြိုင်ဆိုင်ကြရသည်တို့နှင့် ရံဖန်ရံခါ၌ ကြုံကြိုက်ရလေ့ရှိ၏။ မိမိလိုချင်သော ပညာရပ်ကို ဆက်လက်သင်ကြားခွင့်ရရန် ထိုစနစ်က ဖန်တီးထားသည့်အတိုင်း ပြိုင်ရသည်မျိုးရှိ၏။ ပညာသင်ကြားရေးတွင်လည်း ငွေကြေးအင်အားနည်းပါးသူ အနည်းငယ်မျှတို့သာ ရနိုင်သော ပညာသင်ထောက်ပံ့ကြေးကို လိုချင်သူတို့ကြား ပြိုင်ဆ
Oct 27, 2020
၁။ COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်သည့် အစီအမံများအား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်ရှေးရှုလျက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများအပေါ် ပြည်ဝင်ခွင့်ယာယီကန့်သတ်ချက်များအား ထုတ်ပြန်ထားခဲ့ပြီး၊ အဆိုပါ ကန့်သတ်ချက်များ အားလုံးကို ၃၁-၁၀-၂၀၂၀ ရက်နေ့အထိ ဆက်လက်တိုးမြှင့် သတ်မှတ်ကြောင်း ၂၈-၉-၂၀၂၀ ရက်စွဲပါ ကြေညာချက်ဖြင့် ထုတ်ပြန်ထားခဲ့ပြီးဖြစ်ပါသည်-
Oct 27, 2020
ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာခြင်း
Oct 27, 2020
(၂၆-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၇-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၅,၇၉၈) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် (၁,၄၆၆)ဦး တွေ့ရှိရပါသည်။
Oct 27, 2020
နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်တွင် လုယက်မှုကျူးလွန်သူများကို အချိန်တိုအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။