ရေတာရှည် အောက်တိုဘာ ၂၈
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူ များသည် အောက်တိုဘာ ၂၈ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့၊ အမှတ် ၃ ရပ်ကွက်ရှိ ရွှေဝက်တိုး သမိုင်းဝင်ဘုရားကြီးလမ်း အရှည် ၁၇၄၈ ပေ၊ အကျယ် ၁၀ ပေ၊ ထု ၉ လက်မရှိ ကျောက်ချော လမ်းပိုင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၂၂.၇၂ သန်းဖြင့် ဆောင်ရွက်ပြီးစီးမှုကိုကြည့်ရှုခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိက လုပ်ငန်းများကို ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ ရေတာရှည်မြို့ အမှတ် ၂ ရပ်ကွက်ရှိ စည်ပင်သာယာဈေးသို့ ရောက်ရှိခဲ့ပြီး ရန်ကုန်-မန္တလေးရထားလမ်းအရှေ့ဘက်ကပ်လျက်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေ ကျပ် ၃၀၉.၄၁၇ သန်းဖြင့် အခန်းပေါင်း ၄၆ ခန်းပါဝင်မည့် နှစ်ထပ်ဈေးတည်ဆောင်ရေးလုပ်ငန်းခွင်ကို ကြည့်ရှုခဲ့ရာ တည်ဆောက်ရေး တာဝန်ခံ အင်ဂျင်နီယာ ဦးဇွဲကိုကိုအောင် က ကားရပ်နားကွင်း၊ ဈေးအဝင်လမ်း၊ အုတ်တံတိုင်းများတည်ဆောက်ပြီးစီးမှုကို ရှင်းလင်းတင်ပြခဲ့ပြီး ဝန်ကြီးချုပ် မှ သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီ အချိန်မီပြီးစီးအောင်ဆောင်ရွက်ရန်မှာကြားခဲ့သည်။
ဆု(ပြန်/ဆက်)