Oct 30, 2020
နေပြည်တော် အောက်တိုဘာ ၃၀
Oct 30, 2020
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့်ဇနီး ဒေါက်တာယုယုမေတို့သည် ယနေ့ နံနက်ပိုင်းက အမရပူရမြို့နယ် အိုးတော်ရပ်ကွက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ကြိုတင်ဆန္ဒမဲပေးကြခဲ့သည်။
Oct 30, 2020
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး၌ ဖြစ်ပွားနေသောကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် ပါဝင်ကူညီနိုင်ရန်တနင်္သာရီတိုင်းဒေသကြီးမှ တတိယအကြိမ် သွားရောက်မည့် ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။
Oct 30, 2020
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင် သည် ရွှေဘိုခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌများ လိုက်ပါ၍ ယနေ့နံနက်(၈)နာရီက ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် ရွှေဘိုမြို့နယ် သီးလုံး၊ နှမစားရစ်၊ ဆိပ်ခွန်၊ ဇီးဖြူကုန်း၊ ချီပါ နှင့် မင်းကုန်း စသည့်ကျေးရွာ(၆)ရွာရှိ မဲရုံများတွင် အသက်(၆၀)နှစ်နှင့် အထက်မဲဆန္ဒရှင်ပြည်သူများ စိတ်ချမ်းမြေ့ လုံခြုံစွာ ကြိုတင်ဆန္ဒမဲပေး နေမှုတို့အား ကြည့်ရှုအားပေးခဲ့သည်။
Oct 30, 2020
သစ်တောဦးစီးဌာနသည် အင်းလေးကန် ရေဝေရေလဲထိန်းသိမ်းရေးစီမံကိန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မှစတင်၍ ၂၀၄၉-၂၀၅၀ ဘဏ္ဍာနှစ်အထိ နှစ် ၃၀ စီမံကိန်းချမှတ်ဆောင်ရွက်သွားမည်ဖြစ်ရာ ပထမ(၁၀)နှစ် စီမံကိန်းဖြစ်သည့် ၂၀၂၀-၂၀၂၁ ခုနှစ်မှ၂၀၂၉-၂၀၃၀ ခုနှစ်အထိ ပထမ(၁၀)နှစ်စီမံကိန်းဆောင်ရွက်မည့် အစီစဉ် များအား ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ သစ်တောဦးစီးဌာနက ရှင်းလင်းတင်ပြခြင်းကို ယမန်နေ့က (virtual) Online စနစ်ဖြင့် ဆောင်ရွက်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
Oct 30, 2020
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ယနေ့နံနက်ပိုင်းက ဂွမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ One State One Township Project စီမံချက် ဖြင့် ဂွမြို့ပေါ် ရပ်ကွက်များ မြေငှားဂရန်ထုတ်ပေးခြင်း နှင့် ပြန်လည်စွန့်လွှတ်မြေများ မူလပိုင်ရှင်များထံ ပေးအပ် ပွဲအခမ်းအနားသို့ တက်ရောက်သည်။
Oct 30, 2020
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့်ပတ်သက်၍ အနည်းငယ်ကျဆင်းလာသည့် အလားအလာကို တွေ့ရ သည်။ သို့သော် သေဆုံးသူ အရေအတွက်လျော့လာသော်လည်း ရောဂါဖြစ်ပွားမှုမှာ ထောင်ဂဏန်း အထက်ရှိနေသေး၍ ဖြေလျှော့ နေထိုင်ရန် မသင့်သေးပေ။ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြား ချက်၊ စည်းမျဉ်းစည်းကမ်းများကိုသာ ဆက်လက်လိုက်နာရန်လိုအပ်ပါသည်။
Oct 30, 2020
လူတို့သည် မျှော်လင့်ချက်ဖြင့် အသက်ရှင်နေကြ၏ဟူသည့် အဆို ရှိသည်။အမှောင်ထဲတွင်နေရသူက အလင်းရောင်ကို မျှော်သကဲ့သို့ နာကျင်ခံစားနေရသူတို့က ရွှင်လန်းကျန်းမာစေဖို့ အစရှိသဖြင့် အနာဂတ်ကို မျှော်လင့်ရင်းရှင်သန်နေကြ၏။ အလင်းရောင်အောက် တွင် နေရသူတို့ကလည်း ပိုမိုတောက်ပနွေးထွေးသည့် နေရောင်ကို မျှော်လင့်ကြ၏။ ရွှင်လန်းကျန်းမာသူကလည်း ကြွယ်ဝ ချမ်းသာ ဘဝကို မျှော်လင့်ကောင်း မျှော်လင့်နေကြမည်။ ။
Oct 29, 2020
၁။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်း ကြောင့် ဂျပန်နိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၅၇)ဦးအား မြန်မာသံရုံး၊ တိုကျိုမြို့မှ စီစဉ်သည့် All Nippon Airways လေကြောင်းလိုင်း (ANA) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ (၁၇ ၀၀) တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ အသီးသီး ပြန်လည် ရောက်ရှိ ခဲ့ကြပါသည်။
Oct 29, 2020
(၂၈-၁၀-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၁,၄၀၆) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။