Dec 26, 2020
Dec 26, 2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ရှမ်းပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်နှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် Eastern States Agri-business Project (ESAP) စီမံကိန်းဖြင့်ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Dec 26, 2020
မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများတို့သည် ယမန်နေ့ နံနက်ပိုင်းက ရေးမြို့နယ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်၊၊
Dec 26, 2020
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဆောင်ရွက် နေမှုများနှင့်စပ်လျဉ်းပြီး ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက် ပေါင်းစပ် ညှိနှိုင်းရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ၊ ဆေးတက္ကသိုလ် - ၁ (ရန်ကုန်) ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာဇော်ဝေစိုးနှင့် မြန်မာ့ရုပ်မြင်သံကြားမှ သတင်းအဖွဲ့က ဒီဇင်ဘာ ၂၄ ရက်တွင် ဆက်သွယ် မေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည် -
Dec 26, 2020
ရန်ကုန်တက္ကသိုလ် ရုက္ခဗေဒဌာနသည် ၂၀၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့က ကျရောက်သည့် ရန်ကုန် တက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်အထိမ်းအမှတ်အဖြစ် “Floristic Study of Angiosperms in University of Yangon” စာအုပ်ကို ထုတ်ဝေခဲ့သည်။
Dec 26, 2020
ကိုဗစ်အလွန်ကာလတွင် ခရီးသွားများအား ဆွဲဆောင်နိုင်ရန် ရည်ရွယ်၍ မန္တလေးမြို့ ဦးပိန်တံတားနှင့် တောင်သမန်အင်းအရှေ့တောင်ဘက်ရှိ ရွာသစ် ကျေးရွာအနီးတွင် စက္ကူပန်းနန်းတော်အပန်းဖြေဥယျာဉ်ကို စက္ကူပန်း ပင်ပေါင်း တစ်သိန်းကျော်ဖြင့် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ ပန်းနန်းတော် ဥယျာဉ် မန်နေဂျာ ဦးစိုးဝင်းအောင်က ပြောသည်။
Dec 26, 2020
ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင် လမ်းညွှန်မှု၊ Yangon Metropolitan Deve- lopment Public Co. Ltd နှင့် M.K.T Construction ကုမ္ပဏီလီမိတက်တို့မှ တာဝန်ယူတည်ဆောက်ပြီးစီးခဲ့သော ပုဇွန် တောင်မြို့နယ် အမှတ်(၃)ရပ်ကွက် အောက် ပုဇွန်တောင်လမ်းမရှိ ပြည်တော်သစ် ပြည်သူ့ အိမ်ရာ အထပ်မြင့်အဆောက်အအုံဖွင့်ပွဲကို အဆိုပါ အဆောက်အအုံ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
Dec 26, 2020
ပုဂံစွယ်တော်မြတ်စေတီတော်လေးဆူကို တစ်နေရာ တည်းမှ ဖူးမြော်ခွင့်ရမည့် နေရာတစ်ခုကို ပခုက္ကူမြို့ နယ်တွင် တွေ့ရှိထားပြီး View Point တစ်ခု အကောင် အထည်ဖော်နိုင်ရေးအတွက် ခရီးစဉ်ဒေသစီမံခန့်ခွဲရေး DMO (Destination Management Organization)အဖွဲ့က ဆွေးနွေးနေကြောင်း မကွေးတိုင်းဒေသကြီး ဟိုတယ် နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
Dec 26, 2020
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရေတိမ်အင်း ဒေသများသို့ နှစ်စဉ် လာရောက်ကျက်စား လေ့ရှိသည့် ဆောင်းခိုငှက်များ ဝင်ရောက်မှု အခြေအနေမှာ ယခုနှစ်တွင် လျော့နည်းလာ ကြောင်း မြန်မာ့ငှက်နှင့် သဘာဝထိန်းသိမ်းရေး အသင်း ဒုတိယဥက္ကဋ္ဌ ဦးဇေမောင်သိန်းက ပြောကြားသည်။
Dec 26, 2020
မြန်မာနိုင်ငံ၏ စီးပွားရေးအချက်အချာကျရာ ရန်ကုန်မြို့တွင် ကိုဗစ်-၁၉ ရောဂါကို ရင်ဆိုင်ရာ၌ မြို့ပြစီးပွားရေး ပြန်လည်ဦးမော့ရန် ခြေလှမ်းတစ်ရပ် ဖြစ်သော ရန်ကုန်မြစ်အတွင်း အပျော်စီးသင်္ဘော ခရီးသွားဝန်ဆောင်မှုကို ဒီဇင်ဘာ ၂၅ ရက်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းနှင့်အညီ ကန့်သတ်ဦးရေဖြင့် အပန်းဖြေခရီးစဉ်ကို ပြေးဆွဲလျက်ရှိကြောင်း သိရသည်။