ရန်ကုန် ဒီဇင်ဘာ ၂၅
ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင် လမ်းညွှန်မှု၊ Yangon Metropolitan Deve- lopment Public Co. Ltd နှင့် M.K.T Construction ကုမ္ပဏီလီမိတက်တို့မှ တာဝန်ယူတည်ဆောက်ပြီးစီးခဲ့သော ပုဇွန် တောင်မြို့နယ် အမှတ်(၃)ရပ်ကွက် အောက် ပုဇွန်တောင်လမ်းမရှိ ပြည်တော်သစ် ပြည်သူ့ အိမ်ရာ အထပ်မြင့်အဆောက်အအုံဖွင့်ပွဲကို အဆိုပါ အဆောက်အအုံ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ပြည်တော်သစ် ပြည်သူ့အိမ်ရာစီမံကိန်း တွင် မြေဧရိယာ စုစုပေါင်း ၄ ဒသမ ၃၄၈ ဧက ကျယ်ဝန်းပြီး အဆောက်အအုံများ၊ ဈေးဆိုင် ခန်းများ၊ ရုံးခန်းများနှင့် ယာဉ်ရပ်နားရာ ကား ပါကင်များ ပါဝင်တည်ဆောက်သွားမည်ဖြစ် ကြောင်း၊ ယခုဆောက်လုပ်ထားသည့် အိမ်ရာ အထပ်မြင့်အဆောက်အအုံမှာ အထပ်ပေါင်း ၁၃ ထပ်ရှိ၍ တစ်လွှာတွင် လူနေအိမ်ခန်း ၁၈ ခန်းရှိကြောင်း၊ မြေညီထပ်နှင့် ပထမထပ်တွင် ယာဉ်ရပ်နားရာ ကားပါကင်နှင့် Shop House များ ပါဝင်ကြောင်း သိရသည်။
အဆိုပါ ပြည်တော်သစ် ပြည်သူ့အိမ်ရာ အထပ်မြင့်အဆောက်အအုံဖွင့်ပွဲသို့ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း၊ တိုင်းဒေသကြီး ဝန်ကြီး များ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိ သူများ တက်ရောက်ကြပြီး ပြည်တော်သစ် ပြည်သူ့အိမ်ရာအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ကမ္ပည်းမော်ကွန်းအား စက်ခလုတ်နှိပ်ဖွင့်လှစ် ပေးခဲ့ကြသည်။
အဆိုပါ ပြည်တော်သစ် ပြည်သူ့အိမ်ရာ အထပ်မြင့်အဆောက်အအုံ ကပ်ရပ်၌ အထပ် မြင့် ခြောက်ထပ် ပါဝင်ဆောက်လုပ်မည့် ယာဉ် အစီးရေ ၃၇၈ စီး ရပ်နားနိုင်သော ယာဉ်ရပ်နား ရာကားပါကင်နှင့် ဓာတ်လှေကား လေးစင်း အား ဆောက်လုပ်ရန် စီစဉ်ဆောင်ရွက်ထား ကြောင်း သိရသည်။
ဆက်လက်၍ အဆောက်အအုံများ၊ ဈေးဆိုင်ခန်းများ၊ ရုံးခန်းများနှင့် ယာဉ်ရပ်နား ရာ ကားပါကင်တို့အား ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ ၁၉၅၆ ခုနှစ်တွင် တည်ဆောက်ခဲ့သော ပြည်တော်သာအိမ်ရာ အဆောက်အအုံအား ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန်လတွင် စတင်ဖျက်သိမ်းခဲ့ပြီး အောက်တိုဘာ ၁၈ ရက်တွင် တင်ဒါခေါ်ယူခဲ့ရာ MKT ကုမ္ပဏီမှ တင်ဒါအောင်မြင်ခဲ့၍ ယင်းနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် ပန္နက်တင်ခဲ့ကာ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် စီမံကိန်းလုပ်ငန်းစတင် ခဲ့ကြောင်း၊ ယခု ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၃၀ ရက်တွင် စီမံကိန်းအောင်မြင်စွာ ပြီးစီးခဲ့သော ကြောင့် မူလနေထိုင်သူများအား ယခုနှစ် ဩဂုတ် ၂၁ ရက်တွင် ပြန်လည်နေရာချထားပေး ခဲ့ကြောင်းနှင့် အဆောက်အအုံ မဆောက်လုပ် မီက ယခင်နေထိုင်သူများအား နှစ်နှစ်စာ ယာယီနေထိုင်ခွင့်စရိတ်နှင့် ရွှေ့ပြောင်းစရိတ် များ ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
သတင်း - ပွင့်သစ္စာ
ဓာတ်ပုံ - စိုးမြင့်အောင်