Skip to main content

စွယ်တော်လေးဆူကို တစ်နေရာတည်းမှ ဖူးမြော်နိုင်မည့်နေရာတစ်ခုကို ပခုက္ကူမြို့နယ်တွင် တွေ့ရှိထား

 

ပခုက္ကူ ဒီဇင်ဘာ ၂၅

ပုဂံစွယ်တော်မြတ်စေတီတော်လေးဆူကို တစ်နေရာ တည်းမှ ဖူးမြော်ခွင့်ရမည့် နေရာတစ်ခုကို ပခုက္ကူမြို့ နယ်တွင် တွေ့ရှိထားပြီး View Point တစ်ခု အကောင် အထည်ဖော်နိုင်ရေးအတွက် ခရီးစဉ်ဒေသစီမံခန့်ခွဲရေး DMO (Destination Management Organization)အဖွဲ့က ဆွေးနွေးနေကြောင်း မကွေးတိုင်းဒေသကြီး ဟိုတယ် နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

အဆိုပါနေရာမှာ ပခုက္ကူမြို့မှ မြစ်ခြေထိ ၁၉မိုင်ခရီး၊ ထိုမှတစ်ဆင့် အရာတော်ရေနံမြေသို့ ရှစ်မိုင်ခန့်၊ စုစုပေါင်း ၂၇ မိုင်ခန့်ခရီးရှိပြီး အရာတော်ရေနံမြေ၊ အရာရှိ ဧည့်ရိပ်သာဘေးရှိ တောင်ကုန်းလေးပေါ်တွင် တည်ရှိ သည်။

ဒီနေရာလေးရှိနေတာကို ဒီဇင်ဘာ၂၁ရက်နေ့လုပ်တဲ့ ခရိုင် DMO အစည်းအဝေးမှာ ဆွေးနွေးကြပါတယ်။ မြေ ကတော့ ဌာနဆိုင်ရာမြေဖြစ်နေတယ်။ ဒါပေမယ့် ယုံကြည် ကိုးကွယ်သူတွေနဲ့ ဒေသအကျိုးအတွက် တိုင်းဒေသကြီး DMO အဖွဲ့မှာ ဥက္ကဋ္ဌဖြစ်တဲ့ မကွေးတိုင်းဒေသကြီးဝန်ကြီး ချုပ်ကို တင်ပြပါမယ်။ ဒေသက ဒီနေရာလေးကို View Point တစ်ခု ဖြစ်စေချင်နေကြတယ် ” ဟု မကွေးတိုင်း ဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန တိုင်းဦးစီးမှူး ဦးမြင့်စိန်က ရှင်းပြသည်။

Religious Tourism နှင့် Cultural Tourism (ဘာသာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ) ခရီးသွားဒေသ တစ်ခု ဖြစ်ပေါ်လာနိုင်သည့်အတွက် ပခုက္ကူ-ပုဂံ ကားရထားခရီးစဉ် နှင့် ဧရာဝတီမြစ်ကြောင်း Cruise Tour သင်္ဘောခရီးစဉ်ဖြစ် ပေါ်လာရေးအတွက်လည်း DMO အစည်းအဝေးများ ပြုလုပ် နေကြောင်း တိုင်းဦးစီးမှူး ဦးမြင့်စိန်ထံမှ သိရသည်။

နောက်နေ့မကူး နေ့ချင်းဖူး၏။ လှူသည့်ကုသိုလ် မပိုတူ၏။ တောင်းဆိုစကား မမှားတူ၏။ သီလငါးချက် မပျက်လုံ၏။ ထိုသည့်သူအား မကြာချက်ချင်း လက်ငင်းကောင်းကျိုးပေးစေသတည်းလို့ အနော်ရထာဘုရင်က သစ္စာအဓိဋ္ဌာန်ပြုခဲ့တယ်လို့ ဖတ်ဖူးပါတယ်။ စွယ်တော်မြတ် လေးဆူကို တစ်နေရာတည်းက ဖူးမြင်နိုင်တဲ့နေရာဆိုတာ သိပ်မသိကြသေးလို့။ သိရင် အတော်ကို စည်ကားမှာ ” ဟု ပခုက္ကူဒေသခံ ဦးစိုးဝင်းက ပြောသည်။

ရွှေစည်းခုံ၊ တန့်ကြည်တောင်၊ လောကနန္ဒာနှင့် တုရင် တောင်စွယ်တော်မြတ်စေတီတော်များကို တစ်နေရာတည်း မှ ဖူးမြော်မြင်တွေ့နိုင်မည့် View Point နေရာလေးသာ ဖြစ်ပေါ်လာပါက ကိုဗစ်အလွန်ကာလတွင် ပခုက္ကူမြို့ပေါ်ရှိ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ၊ ဒေသအနီးရှိ ကျေးရွာနေပြည်သူများအတွက် အလုပ်အကိုင်အခြေအနေ ကောင်းများ ဖြစ်ထွန်းလာမည်ဟု ခရိုင် DMO အဖွဲ့က သုံးသပ် ဆွေးနွေး ထားကြောင်း သိရသည်။

ဇေယျတု(မကွေး)