Skip to main content

မွန်ပြည်နယ်ဝန်ကြီးချုပ် ရေးမြို့နယ် ဒေသဖွံ့ဖြိုးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မော်လမြိုင် ဒီဇင်ဘာ ၂၆

မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူ များသည် ယမန်နေ့ နံနက်ပိုင်းက ရေးမြို့နယ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်၊၊

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေးမြို့နယ် ကျိုက်ဒေတမော့ဗရတ် ဦးစီးပဒါန နာယက သသာနပြုဆရာတော် ဘဒ္ဒန္တပုပ္ဖရမ္မ (ကိုရင်လေးဆရာတော်) အား ဖူးမြော်ကြည်ညိုကာ ဆရာတော်အား လှူဖွယ်ဝတ္ထုပစ္စည်းနှင့် ဆန်များ ဆပ်ကပ်လှူဒါန်းခဲ့ပြီး မော့ကနင်-ဘရောင်း- ဘဲလမုကျေးရွာ ကျောက်ခင်း လမ်းမှ ကတ္တရာလမ်း အဆင့်မြှင့်တင်နိုင်ရေးအတွက် လမ်းအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်၊၊

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေးမြို့နယ် ကော့ဒွတ်ကျေးရွာအုပ်စု ကော့ဒွတ်ကူးတို့ဆိပ် ဆိပ်ကမ်းအခြေအနေအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားပြီး ကော့ဒွတ်ကျေးရွာ ကျိုက်မင်ဝ ကမ်းခြေရှိစေတီတော်မြတ်ကြီးအား ဖူး​မျှော်ကြည်ညိုကာ ကျောင်းထိုင် ဆရာတော်အား လှူဖွယ်ပစ္စည်းနှင့်ဆန်များ ပေးအပ်လှူဒါန်းခဲ့သည်၊၊

ဆက်လက်၍ မွန်ပြည်နယ်ဝန်ကြီးချုပ်သည် လမိုင်းမြို့  နယ်မြေမီးသတ်စခန်းအသစ် တည်ဆောက်မည့် မြေနေရာအား ကြည့်ရှုစစ်ဆေးပြီး သံဖြူ ဇရပ်မြို့နယ် အောက်ငှက်ပျော်တော- ဝဲဝန်း-အနင်းကျေးရွာချင်းဆက် လမ်း မြေသားဖို့ခြင်း၊ မြေသားဖြန့်ခြင်း၊ ကျောက်ချောလမ်းခင်းခြင်း ဆောင်ရွက် ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်၊၊

ခရိုင်(ပြန်/ဆက်)