Skip to main content

ရှမ်းပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးနှင့် တာဝန်ရှိသူများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဟိုပုံး ဒီဇင်ဘာ ၂၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ရှမ်းပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်နှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် Eastern States Agri-business Project (ESAP) စီမံကိန်းဖြင့်ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းနှင့်ရေအသုံးချ ရေးဦးစီးဌာန ရေအရင်းမြစ်မှ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် ESAP စီမံကိန်း ကျပ်(၉၂.၅၀)သန်းဖြင့်ဆောင်ရွက်သည့် စက်ရေတွင်း သောက်သုံးရေကန်(၅)ခု ပြီးစီးမှုကိုလည်းကောင်း၊ ဆည်မြောင်းဦးစီးဌာမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ESAP စီမံကိန်း ကျပ်(၅၇၇.၉) သန်း ဖြင့်ဆောင်ရွက်သည့် နမ့်ခွီးရေလွှဲဆည် အထက်ပိုင်းနှုံးထိန်းဆည်တည်ဆောက်ခြင်းလုပ်ငန်း အလျား၅ပေ၊ အနံ၃၅ပေ၊ အမြင့်၁၅ပေ၊ နမ့်ခွီးရေလွှဲဆည်အထက်ပိုင်းနှင့် အောက်ပိုင်း အလျား၂၅၀ပေ၊ အနံ၅၀ပေ၊ အမြင့် ၃ပေ၊ နမ့်ခွီးရေလွှဲဆည် တူမြောင်းမကြီးပုံစံကျပြန်လည် တူးဖော်ခြင်းလုပ်ငန်းအလျား ၅၂၀ပေ၊ အနံ ၁၀ ပေ၊ အမြင့် ၅ ပေ၊ နမ့်ခွီးရေလွှဲဆည်ရေဆိုးထုတ် အမှတ် (၂)ပြန်လည်တူးဖော်ခြင်းလုပ်ငန်း အလျား၄၂၀၀ပေ၊ အနံ၁၀ပေ၊ အမြင့်၆ပေ၊ နမ့်ခွီးရေလွှဲဆည်ရေ ကူပန်းတလ ရေလွှဲဆည်အောက်ဖက်ချောင်းမကြီးပြန်လည်တူးဖော်ခြင်းလုပ်ငန်း အလျား၆၅၀၀ပေ၊ အနံ၁၅ပေ၊ အမြင့်၇ပေ ဆောင်ရွက် ပြီးစီးမှုအခြေအနေများကိုလည်းကောင်း၊ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ESAP စီမံကိန်းဖြင့် ဆောင်ရွက် သည့် ကျပ်(၁၁.၇၇၃)သန်းဖြင့် ထွန်းကြယ်စင်ကုမ္ပဏီလီမိတက် မှဆောင်ရွက်သည့် (၁/၀)မိုင် စမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်းပြီးစိးမှုကိုလည်းကောင်း၊ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီး ဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ESAP စီမံကိန်း ကျပ်(၃၆.၇၅)သန်းဖြင့် ဂျွန်ကျောက်ကုမ္ပဏီမှ ဆောင်ရွက်သည့် ဟိုလိကျေးရွာ (၀/၆)မိုင် ကုန်ထုတ်လမ်းနှင့် Box Culvert (၂)ခုပြီးစီးမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ဟိုပုံး(ပြန်/ဆက်)