Skip to main content

Jan 18, 2021

(၄၉) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံဖွင့်ပွဲ အခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ် ဖြင့်ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 18, 2021

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ရေတာရှည်မြို့နယ်၊ အထွေ​ထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပပြုလုပ်သည့် စမိုးချောင်း ဟောင်းပြန်လည်တူးဖော်ခြင်း လုပ်ငန်းတွင် ပါဝင်သွားသော တောင်သူများအားမြေ ယာလျော်ကြေးပေးအပ်ပွဲအခမ်းအနားသို့ တက်​ရောက်ခဲ့​ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 18, 2021

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွင်း အောက်ဖော်ပြပါ လူထုအခြေပြုဗဟိုဌာန (Community Centre) နှင့် ရုံးအဆောက်အအုံများ ဆောက်လုပ်ခြင်း၊ မြေထိန်းနံရံ ပြင်ဆင်ခြင်းတို့အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ညွှန်ကြားချက်နှင့် အညီ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ ကြီးကြပ်ကွပ်ကဲမှုဖြင့် တင်ဒါခေါ်ယူဆောင်ရွက်ခဲ့ရာ ယှဉ်တွဲပါကုမ္ပဏီများက အိတ်ဖွင့်တင်ဒါ အောင်မြင်ကြောင်း ကြေညာအပ်ပါသည်-

ဆက်လက်ဖတ်ရှုရန်

Jan 18, 2021

နေပြည်တော်တပ်ကုန်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝန်းတွင် ဖွင့်လှစ် ထားရှိသည့် Quarantine Center နေရာသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် သည် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးနှင့် တိုင်း/ ခရိုင်မှ တာဝန်ရှိသူများ၊ တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက ရောက်ရှိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 18, 2021

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကာလရှည်ပြိုင်ပွဲများ ယှဉ်ပြိုင်နိုင်ခြင်းမရှိသည့် မြန်မာကြက်တောင် အားကစားမယ် သက်ထားသူဇာသည် မတ်လတွင် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF)က ကြီးမှူးကျင်းပမည့်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 18, 2021

အများပြည်သူသုံး လမ်းမကြီးများတွင် စည်းကမ်းမဲ့ စက်ဘီးစီးနင်းပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အမှတ် (၃၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စုရုံးမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 18, 2021

ရှမ်းပြည်‌နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်၌ ငွေကျပ်သိန်း ၂၄၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 18, 2021

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် အမေရိကန် ပြည်ထောင်စု၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ဝါရှင်တန်မြို့ရှိ မြန်မာသံရုံးနှင့် ဆိုးလ်မြို့ရှိ မြန်မာသံရုံးတို့မှ ပူးပေါင်းစီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံ၊ အင်ချွန်းအပြည်ပြည် ဆိုင်ရာ လေဆိပ်မှတစ်ဆင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ည ၈ နာရီတွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက် ရှိခဲ့ကြသည်။ အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် အမေ ရိကန်ပြည်ထောင်စုမှ ၆၄ ဦး၊ ပနားမားမှ ၁၀ ဦး၊ ကိုရီးယား သမ္မတနိုင်ငံမှ ၃၆ ဦး မြန်မာနိုင်ငံသား စုစုပေါင်း ၁၁၀ လိုက်ပါခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 18, 2021

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ၏ ပူးပေါင်းပါဝင်မှုဖြင့် မြန်မာနိုင်ငံ အားကစားမီဒီယာများ အဖွဲ့ချုပ်၏ (၁၂)ကြိမ်မြောက် အသက်(၇၀)နှစ် နှင့်အထက် သက်ကြီးဝါရင့် အားကစား ကလောင်ရှင်ကြီးများအား သက်ကြီးပူဇော်ကန်တော့ပွဲကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်းရှိ အားကစားနှင့် ကာယပညာဦးစီးဌာန အစည်း အဝေးခန်းမ၌ ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 18, 2021

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ လမ်းညွှန်မှု၊ KODDI ၏ ရန်ပုံငွေ ပံ့ပိုးကူညီမှုတို့နှင့်အတူ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ)က မသန်စွမ်းသူများအတွက် ကိတ်နှင့်ကော်ဖီသင်တန်းကို ရန်ကုန်မြို့၌ ဖွင့်လှစ်ပို့ချ ပေးသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်