တပ်ကုန်း ဇန်နဝါရီ ၁၈
နေပြည်တော်တပ်ကုန်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝန်းတွင် ဖွင့်လှစ် ထားရှိသည့် Quarantine Center နေရာသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် သည် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးနှင့် တိုင်း/ ခရိုင်မှ တာဝန်ရှိသူများ၊ တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက ရောက်ရှိခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်သည် တပ်ကုန်းမြို့ အထက(၁) Quarantine Centerတွင် Quarantine ဝင်ရောက်နေသူများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်း များကို မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းထွန်းအား လွှဲပြောင်းလှူဒါန်း ပေးအပ်ခဲ့ပြီးနောက် Quarantine Center ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ် ဆေးခဲ့သည်။
တပ်ကုန်းမြို့နယ် အထက(၁) Quarantine Center ကို ဇန်နဝါရီ ၁၇ ရက်နေ့က စတင် ဖွင့်လှစ်ခဲ့ပြီး၊ ယနေ့ထိ Quarantine ဝင်ရောက်နေသူပေါင်း (၄၀)ဦးရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
တင်စိုးလွင် (ပြန်/ဆက်)