ရေတာရှည် ဇန်နဝါရီ ၁၈
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ရေတာရှည်မြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပပြုလုပ်သည့် စမိုးချောင်း ဟောင်းပြန်လည် တူးဖော်ခြင်းလုပ်ငန်းတွင် ပါဝင်သွားသော တောင်သူများအားမြေ ယာလျော်ကြေးပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးဝင်းသိန်းက အမှာစကား ပြောကြားခဲ့ပြီး စမိုးချောင်းပြန်လည် တူးဖော်ခြင်းလုပ်ငန်းတွင် ပါဝင်သွား သည့် တောင်သူ(၅၆)ဦး၏ မြေဧရိယာ(၃၄.၅၅)ဧကအတွက် မြေတစ်ဧက လျှင်ငွေကျပ် ၂၃ သိန်းနှုန်းဖြင့် မြေယာနစ်နာကြေးငွေကျပ် (၇၉၄၆၅၀၀ဝိ/-)အား တောင်သူများထံ ပေးအပ်ခဲ့သည်။
စမိုးချောင်းသည် ရေတာရှည်မြို့၏ အနောက်ဘက်မှ အရှေ့တောင်ဘက်သို့ ပေါက်ချောင်း၊ ခင်တန်းကြီး၊ ကြံသနွယ်၊ ဘိုးတော်ကုန်း ကျေးရွာအုပ်စု ၄ ခုကို ဖြတ်သန်းစီးဆင်းလျက်ရှိပြီး နှစ်စဉ်မိုးရာသီကာလ ရောက်တိုင်း ရေကြီးရေလျှံမှုကြောင့် လယ်မြေများ၊ ရေတာရှည်မြို့ပေါ် ရပ်ကွက်များအတွင်း ရေဝင်ရောက် မှုများရှိခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြု ရန်ပုံငွေကျပ် ၅၁ ဒသမ ၂၄၅ သန်းဖြင့် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ၂၀၁၉ ဒီဇင်ဘာ ၄ ရက်နေ့တွင် စတင် ဆောင်ရွက်ခဲ့ပြီး ၂၀၂၀ ခုနှစ် မတ်လ ၁၅ ရက်နေ့၌ လုပ်ငန်းများပြီးစီးခဲ့ကြောင်း သိရသည်။
စမိုးချောင်းအား ပြန်လည်တူးဖော်ရာတွင် အရှည် ၂၅၀၀၀ ပေ၊ အောက်ခြေအကျယ် ၂၀ ပေ၊ အနက် ၈ ပေ၊ ထိပ်ဝအကျယ် ၃၆ ပေ ဖြစ်ကာ လယ်မြေဧကပေါင်း ၃၀၀ ကို ရေကြီး ရေလျှံမှုမှ ကာကွယ်နိုင်မည် ဖြစ်သည်။
ဆု (ပြန်/ဆက်)