Jan 18, 2021
ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားသေဆုံးမှု ကျဆင်းလာသော်လည်း ကမ္ဘာ့နိုင်ငံအချို့တွင် ဖြစ်ပွားမှုမြင့်မားနေသည်။ အမေရိကန်နိုင်ငံသည် ကမ္ဘာပေါ်တွင် ရောဂါကူးစက်မှုနှင့်သေဆုံးမှု အများဆုံး နိုင်ငံအဖြစ် စံချိန်တင်ထားသည်။ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါစတင် ဖြစ်ပွားပြီး အစောဆုံး ရောဂါကင်းစင်ခဲ့သည့် တရုတ်နိုင်ငံ၌ ဗိုင်းရပ်စ်ပိုး ကူးစက်မှု ပြန်လည်မြင့်တက်မှုနှင့် ဘရာဇီးနိုင်ငံမှ ကူးစက်မှုဖြစ်စဉ်တို့သည် ကမ္ဘာပေါ်ရှိ ပြည်သူများအားလုံး အထူးသတိပြုနေထိုင်ရန် အချက်ပေးခေါင်းလောင်း ထိုးလိုက်ခြင်းပင် ဖြစ်သည်။ ။
Jan 18, 2021
အမှားအမှန်ကို ခွဲခြားမသိသူ သို့မဟုတ် ကောင်းမှု မကောင်းမှုကို ကွဲကွဲပြားပြား မသိသူကို အသိဉာဏ်ပညာမဲ့သူဟု ဆို၏။
Jan 17, 2021
(၁၆-၁-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၇-၁-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၇,၆၅၆) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် (၄၄၉) ဦး တွေ့ရှိရပါသည်။
နေပြည်တော် ကလေးပြုစုရေးဌာနတွင် စောင့်ရှောက်မည့် ကလေးငယ်များအတွက် စေတနာ အလှူရှင်များ စုပေါင်းလှူဒါန်း
Jan 17, 2021
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နေပြည်တော် ကလေးပြုစုရေးဌာနတွင် စောင့်ရှောက်မည့် ရင်ခွင်မဲ့ကလေးသူငယ်များအတွက် စေတနာအ လှူရှင်များ စုပေါင်းလှူဒါန်ခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော် ဝဏ္ဏသိဒ္ဓိရပ်ကွက်ရှိ ကလေးပြုစုရေးဌာန (နေပြည်တော်) စုပေါင်း ခန်းမ၌ ကျင်းပသည်။
Jan 17, 2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ မဲဖလံ၊ ယောက်သဝ၊ ညောင်ပင်သာနှင့် မိကျောင်းခေါင်း ကျေးရွာ(၄)ရွာတွင် ယနေ့နံနက် (၁၀)နာရီအချိန်က လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ ပြုလုပ်ကြောင်း သိရသည်။
Jan 17, 2021
မြန်မာလက်မှု ငွေထည်ပစ္စည်းများကို ကမ္ဘာနှင့်ယှဉ်ပြီး လုပ်နိုင်သည့် 3D ပုံစံမျိုး ရုပ်လုံးရုပ်ကြွများ၊ ဇာတ်တော်ကြီး များ ထုလုပ်ရောင်းချလျက် ရှိပြီး ကမ္ဘာနှင့်ယှဉ်ကြည့်ပါက မြန်မာလက်ရာမှာ ကျော်ကြားကြောင်း၊ ထိုကျော်ကြား သည့် လက်ရာများကို ထိထိရောက်ရောက် ရောင်းဝယ် ဖောက်ကားနိုင်ပါက ငွေပန်းထိမ်လောက ပြန်လည်ဦးမော့ လာနိုင်သည့် အနေအထားရှိကြောင်း မြန်မာ့လက်မှု ငွေထည်၊ ကြေးထည်အသင်း (ရွာထောင်)မှ သိရသည်။
Jan 17, 2021
ဧရာဝတီတိုင်းဒေသကြီး အနောက်ဘက်ကမ်းရိုးတန်းဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အတွက် ကမ်းရိုးတန်း အတိုင်း လမ်းအရှည် ၉၆ မိုင် ၅ ဒသမ ၅ ဖာလုံ ရှည်လျားသော ငရုတ်ကောင်း-ဆင်မ-ငွေဆောင်-ချောင်းသာ-ရွှေသောင်ယံ-မကျီးဇင်-ကျောက်ချွန်- ဂွလမ်းအထိ(ကမ်းခြေပတ်လမ်း)စီမံကိန်းအား ဆောက်လုပ်ရေးဝန်ကြီးဌာန က အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jan 17, 2021
လူသားများအားလုံးကို အန္တရာယ်ပေးလျက်ရှိသည့် ကိုဗစ်-၁၉ ကူးစက်မြန်ကပ်ရောဂါကို ကြောက်မက်ဖွယ်ရောဂါဆိုး အဖြစ်ရှုမြင်ထားကြပါသည်။ လက်တွေ့တွင် တစ်ကမ္ဘာလုံး၌ ၎င်းရောဂါပိုးကူးစက်ခံရသူ ၉၃ သန်းကျော်နှင့် ထိုဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ နှစ်သန်းကျော်ပြီဖြစ်သည်။ ၎င်းရောဂါပိုးသည် ကမ္ဘာတွင် ဆက်ရှိနေဦးမည်ဖြစ်၍ ထိခိုက်ဆုံးရှုံးသည့် လူသားများ နေ့စဉ်တိုးနေသည်။
Jan 17, 2021
ယေဘုယျအားဖြင့် အစစ်အမှန်တို့ တန်ဖိုးကြီးသည်နှင့်အမျှ အတု အယောင်တို့ပေါပေါများများ ပေါ်ပေါက် လာလေ့ရှိသည်မှာ စက်ဆုပ် ဖွယ် လောကသဘာဝဟု ဆိုရမည်။
Jan 16, 2021
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာ ကားဝင်းအတွင်း၌ ငွေကျပ်သိန်း ၉,၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရသိရသည်။