Jan 18, 2021
ဂျပန်နိုင်ငံမှ ဗိသုကာပညာရှင် Mr. Kuma Kengo နှင့် ပူးပေါင်း၍ နိုင်ငံတကာ ပရိဘောဂ ဒီဇိုင်းပြိုင်ပွဲ ကျင်းပသွားမည်ဖြစ်ရာ နိုင်ငံတကာမှ ကျောင်းသား ကျောင်းသူများအား ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် ဖိတ်ခေါ်ထားသောကြောင့် မြန်မာနိုင်ငံမှ ကျောင်းသား ကျောင်းသူများလည်း ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ခေါ် ထားကြောင်း မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှ သိရသည်။
Jan 18, 2021
ကိုဗစ်ကာလအလွန် ခရီးသွားလည်ပတ်နိုင်သည့် ရန်ကုန်မြို့၏ အနောက်ဘက်ခြမ်းတွင် တည်ရှိသော ဒလမြို့နယ်၌ အထင်ကရနေရာများ၊ ခေတ်မီပြောင်းလဲတိုးတက်လာမည့် မြို့ပြ အခြေအနေများ၊ ဒေသခံပြည်သူများ၏ လူနေမှုဘဝပုံစံများကို လည်ပတ်လေ့လာနိုင်သလို၊ တွံတေးမြို့ရှိ သမိုင်းဝင် အဆောက်အအုံများ၊ ရှေးဟောင်းစဉ့်ဖိုများ၊ ကျုံး၊ နန်းတော်ကုန်း နေရာနှင့် အထင်ကရနေရာများ၊ အိုး လုပ်ငန်း၊ ဝါးဖြင့်ပြုလုပ်သည့် ဆန်ကော၊ ဆန်ခါလုပ်ငန်း များကို လေ့လာနိုင်ပေသည်။ ထို့အတူ ကွမ်းခြံကုန်းမြို့နယ် ကညင်ကုန်းကျေးရွာအုပ်စုရှိ သဘာဝအလျောက် ဖြစ်တည် နေသော ဆယ်အိမ်တန်းကျေးရွာနှင့် အလယ်ရွာကျေးရွာ ကြားရှိ ဆယ်အိမ်တန်းပင်လယ်ကမ်းခြေတို့သို့ လာရောက် အပန်းဖြေနိုင်ပေသည်။
Jan 18, 2021
မြန်မာ့ရိုးရာ ပန်း ၁၀ မျိုးတွင် တစ်မျိုးအပါအဝင်ဖြစ်သည့် ပန်းပုပညာဖြင့် ထုဆစ်ပြုလုပ် ထားသော သစ်သားပန်းပုရုပ်များအား စားသောက်ဆိုင်များနှင့် အိမ်များတွင် အလှဆင်ရန် ဝယ်ယူသူများပြားလျက်ရှိကြောင်း သိရသည်။
Jan 18, 2021
စဉ့်ကူးမြို့နယ်အတွင်းရှိ မာလဲနတ်တောင် ရေလှောင်တမံအား တောင်သူများအတွက် စိုက်ပျိုးရေပြည့်ဝစွာပေးဝေ နိုင်ရန် ပြုပြင်မှုများ ဆောင်ရွက်ပြီးဖြစ်၍ နွေသီးနှံစိုက်ဧက ၈၀၀ ကျော်အတွက် ဖေဖော်ဝါရီလ ပထမပတ်မှစ၍ စိုက်ပျိုး ရေများ ပေးဝေသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနလက်ထောက် ညွှန်ကြားရေးမှူး ဦးစံမင်းထွန်းက ပြောကြားသည်။
Jan 18, 2021
ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားသေဆုံးမှု ကျဆင်းလာသော်လည်း ကမ္ဘာ့နိုင်ငံအချို့တွင် ဖြစ်ပွားမှုမြင့်မားနေသည်။ အမေရိကန်နိုင်ငံသည် ကမ္ဘာပေါ်တွင် ရောဂါကူးစက်မှုနှင့်သေဆုံးမှု အများဆုံး နိုင်ငံအဖြစ် စံချိန်တင်ထားသည်။ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါစတင် ဖြစ်ပွားပြီး အစောဆုံး ရောဂါကင်းစင်ခဲ့သည့် တရုတ်နိုင်ငံ၌ ဗိုင်းရပ်စ်ပိုး ကူးစက်မှု ပြန်လည်မြင့်တက်မှုနှင့် ဘရာဇီးနိုင်ငံမှ ကူးစက်မှုဖြစ်စဉ်တို့သည် ကမ္ဘာပေါ်ရှိ ပြည်သူများအားလုံး အထူးသတိပြုနေထိုင်ရန် အချက်ပေးခေါင်းလောင်း ထိုးလိုက်ခြင်းပင် ဖြစ်သည်။ ။
Jan 18, 2021
အမှားအမှန်ကို ခွဲခြားမသိသူ သို့မဟုတ် ကောင်းမှု မကောင်းမှုကို ကွဲကွဲပြားပြား မသိသူကို အသိဉာဏ်ပညာမဲ့သူဟု ဆို၏။
Jan 17, 2021
(၁၆-၁-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၇-၁-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၇,၆၅၆) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် (၄၄၉) ဦး တွေ့ရှိရပါသည်။
နေပြည်တော် ကလေးပြုစုရေးဌာနတွင် စောင့်ရှောက်မည့် ကလေးငယ်များအတွက် စေတနာ အလှူရှင်များ စုပေါင်းလှူဒါန်း
Jan 17, 2021
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နေပြည်တော် ကလေးပြုစုရေးဌာနတွင် စောင့်ရှောက်မည့် ရင်ခွင်မဲ့ကလေးသူငယ်များအတွက် စေတနာအ လှူရှင်များ စုပေါင်းလှူဒါန်ခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော် ဝဏ္ဏသိဒ္ဓိရပ်ကွက်ရှိ ကလေးပြုစုရေးဌာန (နေပြည်တော်) စုပေါင်း ခန်းမ၌ ကျင်းပသည်။
Jan 17, 2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ မဲဖလံ၊ ယောက်သဝ၊ ညောင်ပင်သာနှင့် မိကျောင်းခေါင်း ကျေးရွာ(၄)ရွာတွင် ယနေ့နံနက် (၁၀)နာရီအချိန်က လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ ပြုလုပ်ကြောင်း သိရသည်။
Jan 17, 2021
မြန်မာလက်မှု ငွေထည်ပစ္စည်းများကို ကမ္ဘာနှင့်ယှဉ်ပြီး လုပ်နိုင်သည့် 3D ပုံစံမျိုး ရုပ်လုံးရုပ်ကြွများ၊ ဇာတ်တော်ကြီး များ ထုလုပ်ရောင်းချလျက် ရှိပြီး ကမ္ဘာနှင့်ယှဉ်ကြည့်ပါက မြန်မာလက်ရာမှာ ကျော်ကြားကြောင်း၊ ထိုကျော်ကြား သည့် လက်ရာများကို ထိထိရောက်ရောက် ရောင်းဝယ် ဖောက်ကားနိုင်ပါက ငွေပန်းထိမ်လောက ပြန်လည်ဦးမော့ လာနိုင်သည့် အနေအထားရှိကြောင်း မြန်မာ့လက်မှု ငွေထည်၊ ကြေးထည်အသင်း (ရွာထောင်)မှ သိရသည်။