Jan 22, 2021
မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Jan 22, 2021
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၏ အရာထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ် အသုံးပြု၍ ကျင်းပသည်။
Jan 22, 2021
ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO)၊ မြန်မာနိုင်ငံ FAO-SLM စီမံကိန်းနှင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ အမျိုးသားအဆင့် ရာသီဥတုနှင့် သဟဇာတဖြစ်သော စိုက်ပျိုးရေးဗဟိုဌာန (NCSA Center) တို့ ပူးပေါင်းကျင်းပသည့် တတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲနှင့် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသော လူမှုအဝန်းအဝိုင်းအတွက် တီထွင်ဆန်းသစ်သည့် နည်းလမ်းများဆိုင်ရာ စာတမ်းဖတ်ပွဲကို ယနေ့နံနက်ပိုင်းက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Jan 22, 2021
ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ ဆုံးဖြတ်ဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်း၍ သတင်းရေးသား ထုတ်ပြန်ခဲ့မှုအပေါ် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီတို့အား သက်ဆိုင်ရာ သတင်းထောက်(၂)ဦးမှ ပြန်လည်ရှင်းလင်းတောင်းပန်ခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၁)၌ ကျင်းပ ပြုလုပ်ခဲ့သည်။
Jan 22, 2021
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ရေနံ့သာကျေးရွာအုပ်စု အမှတ်(၂၂)စိုက်ကွင်း စွန့်လွှတ်မြေ(၄၅၁.၉၅)ဧကအား တောင်သူ(၁၅၂)ဦးထံသို့ ယာယီလုပ် ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၃)ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၇နာရီ၃၀မိနစ် အချိန်က မတ္တရာမြို့ အမှတ်(၂)ရပ်ကွက် ဘုရင့်နောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Jan 22, 2021
(၇၄) နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ယနေ့နံနက် (၁၀)နာရီက ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့ညွှန်ကြားရေးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
Jan 22, 2021
မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၁) ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂၁ ခုနှစ် ယမန်နေ့ မွန်းလွဲ ၁ နာရီက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် ကော်မတီအဖွဲ့ ဝင်များ တက်ရောက်ခဲ့ကြသည်။
Jan 22, 2021
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်သည် ဂျပန်-မြန်မာ အသင်းဥက္ကဋ္ဌနှင့် ဂျပန် အထက်လွှတ်တော်အမတ်ဟောင်း မစ္စတာ ဝါတာနာဘေးဟိဒဲအို ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယမန်နေ့မွန်းလွဲ (၃)နာရီတွင် နေပြည်တော်ကောင်စီရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံရာတွင် ဂျပန်-မြန်မာချစ်ကြည်ရေးအခမ်းအနားကို နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကျင်းပသွားနိုင်ရေး စီစဉ်ထားရှိရာ နေပြည်တော်တွင် ကျင်းပနိုင်ရေးအခြေအနေတို့အား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။