မတ္တရာ ဇန်နဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ ရေနံ့သာကျေးရွာအုပ်စု အမှတ်(၂၂)စိုက်ကွင်း စွန့်လွှတ်မြေ(၄၅၁.၉၅)ဧကအား တောင်သူ(၁၅၂)ဦးထံသို့ ယာယီလုပ် ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၃)ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီ ၃၀ မိနစ် အချိန်က မတ္တရာမြို့ အမှတ်(၂)ရပ်ကွက် ဘုရင့်နောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်မှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်မှ အမှတ် (၂၂) စိုက်ကွင်း ကွင်းအမှတ်(၁၄၈)ကွင်း၊ တောင်သူများကိုယ်စား တောင်သူကိုယ်စားလှယ် ဦးအေးမောင်ထံသို့လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းမှ အမှတ်(၂၂)စိုက်ကွင်း ကွင်းအမှတ် (၁၄၉-က)ကွင်း၊ တောင်သူများကိုယ်စား တောင်သူကိုယ်စားလှယ် ဦးဝင်းမောင်ထံသို့ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်မှ အမှတ်(၂၂)စိုက်ကွင်း ကွင်းအမှတ်(၁၄၉)ကွင်း၊ တောင်သူ များကိုယ်စား တောင်သူကိုယ်စားလှယ် ဦးကြည်လင်းထံသို့လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးအောင်ကြည်မှ အမှတ်(၂၂) စိုက်ကွင်း ကွင်းအမှတ်(၁၄၉)ကွင်း၊ တောင်သူများကိုယ်စား တောင်သူကိုယ်စားလှယ် ဦးစိုးမြင့်ထံသို့ လည်းကောင်း ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၃)များ အသီးသီးပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၃)ရရှိသည့် တောင်သူများကိုယ်စား တောင်သူကိုယ်စားလှယ် ဦးဘိုသောင်းမှ ကျေးဇူး တင်စကားပြောကြားခဲ့သည်။
အဆိုပါ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၃)ပေးအပ်ပွဲအခမ်းအနားသို့ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မတ္တရာမြို့ နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တောင်သူကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
စိုးကျော်သူထွေး(မတ္တရာ)