Jan 24, 2021
ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ လူငယ်များ၊ အမျိုးသမီးများအတွက် ဦးတည်၍ ဆောင်ရွက်လျက်ရှိသော ‘အားလုံးအတွက်ရှေးဦးပြုစုခြင်း’ ‘ First Aid for All’ သင်တန်းစီမံချက် ဒုတိယအဆင့် သင်တန်းဆင်းပွဲအခမ်းအနားကို Online ဖြင့် ယနေ့ကျင်းပရာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းလွင်က သင်တန်းဆင်း အမှာစကား ပြောကြားသည်။
Jan 24, 2021
ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနသို့ ဧရာဟင်္သာဟိုးလ်ဒင်း ကုမ္ပဏီ လီမိတက်လက်အောက်ရှိ ဝိတိုရိယ ဆေးရုံ၊ A Bank နှင့် ပုသိမ်စက်မှုမြို့ တော် စီမံကိန်းတို့မှ ဆောက်လုပ် လှူဒါန်းသည့် ၆၇ ခုတင်ဆံ့ ကိုဗစ်-၁၉ သံသယလူနာကုသဆောင် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား ကို ဇန်နဝါရီ ၂၂ ရက် မွန်းလွဲ ၂နာရီက အထွေထွေ ရောဂါကုဆေးရုံကြီး (မန္တလေး) တွင် ပြုလုပ်ခဲ့သည်။
Jan 24, 2021
နိုင်ငံတကာခရီးသည်တင် လေယာဉ်များ ပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် စင်ကာပူနိုင်ငံတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၂၃ ဦးအား စင်ကာပူရှိ မြန်မာသံရုံးမှ စီစဉ်သည့် (၇) ကြိမ်မြောက် မြန်မာ အမျိုးသားလေကြောင်းလိုင်း (MNA) စင်းလုံးငှား အထူးကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ည ၇ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။
Jan 24, 2021
စေတနာသည် လုပ်ဆောင်မှုဖြစ်၏။ စေတနာသည် အကြောင်းရင်းခံ၏။ စေတနာသည် ကံမည်၏။ ကောင်းသောစေတနာသည် အကျိုးပေးသန်၏။ စေတနာသည် အကောင်းချည်းမဟုတ်၊ မကောင်း စေတနာ၊ ကောင်းစေတနာ ရှိ၏။ မကောင်းသောစေတနာသည် မကောင်းသောအကျိုးပေး၏။ ကောင်း သောစေတနာသည် ကောင်းသောအကျိုးပေး၏။ ယနေ့ မြန်မာနိုင်ငံတွင် ကောင်းသောစေတနာများ ပွားများကြ၍ ကောင်းကျိုးမင်္ဂလာများ တိုးပွား လာ၏။
Jan 24, 2021
ရုတ်ခြည်းပေါ်ပေါက်လာသည့် ဗိုင်းရပ်စ်ပိုးနှင့် ကပ်ရောဂါတစ်ခုကြောင့် လူတို့၏ ပုံမှန်အနေအထိုင်၊ အပြုအမူတို့ ပြောင်းလဲ သွားကြကာ လူမှုဘဝနေထိုင်မှုပုံစံသစ်အဖြစ် ပြောင်းလဲလာ ခဲ့သည်မှာ နှစ်ပေါက်ခဲ့ပြီ။
Jan 23, 2021
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ဗဟိုအဆင့် မွမ်းမံဆရာဖြစ်သင်တန်းဖွင့်ပွဲ အခမ်း အနား ကို ယနေ့နံနက်ပိုင်းတွင် Semi-virtual စနစ်ဖြင့် ကျင်းပသည်။
Jan 23, 2021
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန (စွမ်းအင်ကဏ္ဍ) ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပထမ သုံးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန် ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေးနည်းစနစ်များနှင့်အညီ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
Jan 23, 2021
(၆၇) ကြိမ်မြောက် မြန်မာနိုင်ငံ ဆရာဝန်အသင်းညီလာခံ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်း တွင် Virtual Online Conference စနစ်ဖြင့် ကျင်းပသည်။
Jan 23, 2021
ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ ပူးပေါင်း ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Jan 23, 2021
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်များအတွင်း လူနေအိမ်အဖြစ် အသုံးပြုရန် ခွင့်ပြုမထားသော မြေနေရာများ ဆက်လက်ဆောင်ရွက်မှုမရှိစေရေးနှင့် ဗလမင်းထင်အမှတ် (၂) တံတားအသစ်တည်ဆောက်မည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြ သည်။