မကွေး ဇန်နဝါရီ ၂၂
မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၁) ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂၁ ခုနှစ် ယမန်နေ့ မွန်းလွဲ ၁ နာရီက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် ကော်မတီအဖွဲ့ ဝင်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ကော်မတီသို့ တင်ပြလာသည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁ ခုကို အတည်ပြုမိန့် ထုတ်ပေးရန်နှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ ခုကို အတည်ပြု မိန့် ပြင်ဆင် ခွင့်ပြုရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။
မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် ကော်မတီစတင်ဖွဲ့စည်းခဲ့သည့် ၂၀၁၇ ခုနှစ်၊ ဇူလိုင် ၇ ရက်နေ့မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအထိ မကွေးတိုင်းဒေသကြီးအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၅ ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၅.၃၃၀ သန်းနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၀ ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ဝ.၈၉၅ သန်း အပါအဝင် မြန်မာကျပ်သန်း ၁၂၅၇၆.၈၀၀ ခွင့်ပြုပေးနိုင်ခဲ့ကြောင်း၊ အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများက ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း ၂၀၇၁ ခု ဖန်တီးပေး နိုင်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း မြန်မာနိုင်ငံရင်းနှီးရင်းနှီးမြှုပ်နှံမှုနှင့်အညီ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း လုပ်ကိုင်လိုသည့် လုပ်ငန်းရှင်များအနေဖြင့် မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီရုံး၊ မြို့နယ်စုပေါင်းရုံး (ဒုတိယထပ်)၊ ပြည်တော်သာ(၁)လမ်း၊ ပြည်တော်သာရပ်ကွက်၊ မကွေးမြို့၊ ဖုန်း-၀၆၇ ၂၀၂၈၇၄၈၊ ဖက်စ်- ၀၆၇ ၂၀၂၈၇၄၇ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)