နေပြည်တော် ဇန်နဝါရီ ၂၂
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်သည် ဂျပန်-မြန်မာ အသင်းဥက္ကဋ္ဌနှင့် ဂျပန် အထက်လွှတ်တော်အမတ်ဟောင်း မစ္စတာ ဝါတာနာဘေးဟိဒဲအို ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယမန်နေ့မွန်းလွဲ (၃)နာရီက နေပြည်တော်ကောင်စီရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံရာတွင် ဂျပန်-မြန်မာချစ်ကြည်ရေးအခမ်းအနားကို နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကျင်းပသွားနိုင်ရေး စီစဉ်ထားရှိရာ နေပြည်တော်တွင် ကျင်းပနိုင်ရေးအခြေအနေတို့အား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး မစ္စတာမာရုယာမနှင့် တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူး ဒေါ်ဆွေဆွေနိုင်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)